ငါး သုံးကောင်ဖြင့် ရှင်သန်ခြင်း

တစ်ခါက " ကံ " ကို အားကိုတဲ့ ငါး ၊ " ဥာဏ် " ကို အားကိုးတဲ့ ငါး ၊ " ၀ီရိယ " ကို အားကိုးတဲ့ ငါး သုံးကောင်ရှိခဲ့တယ် ....

တစ်နေ့ သူတို့ သုံးကောင် ပင်လယ်ထဲမှာ ပျော်မြူးရင်းနဲ့  တံငါသည်ရဲ့  ပိုက်ကွန်ထဲကို တိုးဝင်မိပြီး တံငါရဲ့ လှေ ပေါ်ရောက်သွားခဲ့တယ်

ကံ ကို အားကိုးတဲ့ ငါးလေးက ......

" တကယ်လိုကွာ ငါသာ သေဖို့ ကံမပါလာခဲ့ဘူးဆိုရင် ဒီတံငါသည် လက်ထဲက လွတ်မှာဘဲကွ " ဟုဆိုကာ အေးအေးဆေးဆေး အိပ်စက်နေခဲ့တယ် ..

ဝီရိယ ကို အားကိုးတဲ့ ငါးလေးကတော့ ......

" ဟ ကိုယ်တိုင်ကကြိုးစား အားထုတ်မူ့ မရှိရင် ကိုယ်လိုချင်တဲ့ပန်းတိုင်းကို ဘယ်တော့မှ မရောက်ဘူးကွ ... ငါတော့ ဒီကလွတ်အောင်ကြိုးစားမယ် "
ဟုဆိုကာ တံငါသည် လှေထဲကနေ '" ဖလပ် " ဖလပ် " နဲ့  ခဏ ခဏခုန်ထွက်ဖို့  ကြိုးစားနေပါတယ် ... တံငါသည် သတိပြူမိသွားတော့ ချက်ချင်းဘဲ လှော်တက်နဲ့  ရိုက်သတ် ခံလိုက်ရပါတယ် ..

ဥာဏ်ကို အားကိုးတဲ့ ငါးလေးကတော့ အခွင့်ခါသင့်အချိန်ကို စောင့်နေခဲ့တယ် ..
ခဏကြာတော့ လေပြင်းတစ်ချက်တိုက်ခတ်ပြီး လှေဟာ အနည်းငယ် စောင်းသွားခဲ့တယ် ...
အဲဒီချိန် ဥာဏ် ကို အားကိုးတဲ့ ငါးဟာ အခွင့်ရေးဘဲဆိုပြီး တစ်ချက်ဘဲ ခုန်လိုက်ရပြီး အသက်ဘေးက လွတ်မြောက်သွားခဲ့ရပါတယ်....

တံငါသည် က ငါးတစ်ကောင်လွတ်သွားတာကို သတိပြူမိပြီး ကျန်နေတဲ့ ငါးတစ်ကောင်လဲ လွတ်မှာ စိုးရိမ်တာနဲ့ ချက်ခြင်းဘဲ ကံကို အားကိုတဲ့ ငါးကို ရိုက်သတ်လိုက်ပါတယ် ...
ရည်မှန်းထားတာ အောင်မြင်ဖို့  " ကံ နဲ့  ၀ိရိယ " ရှိနေယုံနဲ့  မရဘဲ .....

" ကံ ၊ ဥာဏ် ၊ ၀ိရိယ " သုံးခုလုံးကို သေချာပိုင်နိုင်စွာ အသုံးချနိုင်ခဲ့မှသာ လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်လိမ့်မယ်လို့  ရည်ညွန်းထားခြင်းပဲ ဖြစ်ပါတယ် ....
Credit : Credit to - ကောင်လေး

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.