ကြောင်တွေရဲ့ လျှို့ဝှက်ချက်

အိမ် မွေး တိရိစ္ဆာန်တစ်မျိုး ဖြစ်တဲ့ကြောင်တွေဟာ ခွေးတွေပြီးရင် လူတွေ အများဆုံးမွေးဖြစ်တဲ့ ချစ်ခင် သဘောကျတဲ့ တိရိစ္ဆာန်တစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် ကြောင်ချစ်တတ်တဲ့သူတွေ အတွက် သူတို့ မသိသေးတဲ့ ကြောင်တွေနဲ့ ပတ်သက်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) သူတို့ဟာ ငလျင်နဲ့ ပတ်သက်တဲ့ ကြိုတင်အာရုံခံမှုတွေ လုပ်ဆောင် သိရှိနိုင်ပါတယ်။

(၂) သူတို့ဟာ အစားအစာတွေကို မ၀ါး၊ မကိုက်ပဲ မျိုချ ချေဖျက်နိုင်စွမ်းရှိပါတယ်။

(၃) သူတို့ဟာ အမြဲတမ်း တွေးတောနေတတ်ပါတယ်။

(၄) သူတို့ဟာ အိပ်မက် မက်နိုင်စွမ်းရှိပါတယ်။

(၅) သူတို့ဟာ လူတွေလို အပြစ်ပေးတယ်ဆိုတဲ့ အရာကို နားမလည်ပါဘူး။ အပြစ်တစ်ခုခုကြောင့် ရိုက်ရင်
အပြစ်ကြောင့်လို့ မသိပဲ ရိုက်တယ်လို့ပဲ သိကြပါတယ်။

(၆) သူတို့ အချင်းချင်းတွေ့ရင် နှုတ်ဆက်တဲ့ သဘောနဲ့ နှာခေါင်းချင်း နမ်းတတ်ပါတယ်။

(၇) သူတို့ဟာ သခင်နဲ့ အနီးကပ် နေချိန်တွေမှာ လုပ်တတ်တဲ့ အသံကို ဘယ်နေရာက လုပ်ဆောင်တယ် ဆိုတာ ပညာရှင်တွေ ဒီနေ့အထိ မသိသေးပါဘူး။

(၈) အဲဒီလို အသံတွေကို အသက်ရှုသွင်းချိန်တွေရော ရှုထုတ်ချိန်တွေမှာပါ လုပ်ဆောင်နိုင်ပါတယ်။

(၉) နောက်ပြီး အဲဒီလို အသံတွေကို သခင်နဲ့ အနီးကပ်နေထိုင်ချိန်ရောက်မှသာ ချစ်ခင်ကြောင်း ပြသဖို့ရာ လုပ်ဆောင်ကြပါတယ်။

(၁၀) ကြောင်တွေဟာ ချောကလက်စားရင် ဖျားနိုင်သလို အဆင်မသင့်ရင် အသက်တောင် သေနိုင်ပါတယ်။

(၁၁) သူတို့ရဲ့ သွားတွေ ကောင်းမွန် ခိုင်မာစေဖို့ရာ တစ်ရက်ကို အသားစိမ်း အနည်းငယ် ကျွေးပေးသင့်ပါတယ်။

(၁၂) သူတို့ရဲ့ သွေးခုန်နှုန်းက အသက်အရွယ်အပေါ် မူတည်ပြီးတော့ တစ်မိနစ်ကို သွေးခုန်နှုန်း အကြိမ်ရေ ၁၆၀ကနေ ၂၄၀ထိ ဖြစ်နိုင်ပါတယ်။

Credit :  Original Writer

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.