လှုံဆော်မှုအပေးဆုံး စာသား ၁၀
ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီးဟာ လူတစ်ယောက်ကို လှုံ့ဆော်မှုအပေးဆုံး စာသား
၁၀၀(quotes) ကို ဖော်ပြလာပြီး မဂ္ဂဇင်းကြီးရဲ့ လူဖတ်အများဆုံးထဲမှာ
ပါခဲ့ပါတယ်။ ဒီထဲကမှ ထိပ်တန်းဆယ်ခုကို ဖော်ပြပေးလိုက်ပါတယ်....
-ရောဘတ်ဖရော့
“တောအုပ်ထဲမှာ လမ်းနှစ်လမ်းဟာ ခွဲထွက်သွားခဲ့တယ်။ အသွားနည်းတဲ့လမ်းကို ကျွန်တော်လိုက်ခဲ့တယ်။ ဒါကြောင့်လည်း လုံးဝခြားနားမှုတွေဖြစ်သွားခဲ့တယ်”
-ဖလော့ရင့်နိုက်တင်ဂေး
“ကျွန်မအောင်မြင်တာ ဒါကြောင့်ပါ - ဆင်ခြေ မပေးဘူး၊ ယူလည်းမယူဘူး”
-စတိဗ်ဂျော့ဘ်
“တကယ့်အလုပ်ကြီးတွေကို လုပ်ပြနိုင်တဲ့နည်းလမ်းက ခင်ဗျားလုပ်နေတာကို ခင်ဗျားချစ်ဖို့ပဲ”
-ဗုဒ္ဓ
“စိတ်ဟာအရာရာပဲ၊သင်တွေးတဲ့အတိုင်း သင်ဖြစ်လာတာ”
-ဗင်းဆင့် လန်ဘာဒီ
“နိုင်တာဟာ ဘာမှမဟုတ်ဘူး။နိုင်ချင်တာကမှ တကယ်"
-မာ့ခ်တွိန်း
“ခင်ဗျားဘဝတွင် အရေးပါဆုံးနေ့နှစ်ခုသည် ခင်ဗျား မွေးသောနေ့နှင့် ဘာကြောင့်မွေးလာလဲ ခင်ဗျားတွေ့သွားသော နေ့ဖြစ်သည်”
-အနာအိ(စ်)နင်း
“ဘဝဟာ လူတစ်ယောက်သတ္တိရှိသလောက် ကျုံတယ် ဒါမှမဟုတ် ကျယ်တယ်”
-ရှေးဟောင်းအိန္ဒိယစကားပုံ
“တချို့အရာတွေက ခင်ဗျားမျက်လုံးကို ဖမ်းစားတယ်။ ဒါပေမဲ့ ခင်ဗျားအသည်းနှလုံးကို ဖမ်းစားတာကိုပဲလုပ်ပါ”
-ဟင်နရီဖို့ဒ်
“အရာရာတိုင်းဟာ ခင်ဗျားကိုဆန့်ကျင်လာပြီဆိုရင်တော့ သတိရပါ၊ လေယာဉ်ပျံဟာ လေကိုဆန်ပြီးသွားတာ။ လေနဲ့အတူ သွားတာမဟုတ်ဘူး”
-ဂျွန်လင်နွန်
“ကျွန်တော်ငါးနှစ်သားတွင် ပျော်ရွှင်မှုဟာ ဘဝအတွက် အဓိကသော့ချက်ပဲဟု အမေကပြောခဲ့သည်။ ကျွန်တော် ကျောင်းသွားသောအခါ ကြီးလာရင်ဘာဖြစ်ချင်လဲဟု သူတို့က မေးလာသည်။ ကျွန်တော်လည်း စာရွက်တွင်ချရေးလိုက်သည်။
”happy”
မေးခွန်းကိုနားမလည်ဘူးဟု သူတို့က ပြောသည်။ သူတို့ဟာဘဝကို နားမလည်ကြောင်း ကျွန်တော်ပြန်ပြောခဲ့သည်။
ဖိုးသူတော် phothutaw.com

Leave a Comment