အွန်လိုင်းဖူးစာ
အွန်လိုင်း ဖူးစာ
" သူငယ်ချင်း ----မင်းကိုဖိတ်သေးလားဟ။"
ကျွန်တော်လည်း ကော်ဖီတစ်ကျိုက်သောက်လိုက်ပြီး
အသံကြားရာသို့ ကြည့်မိလိုက်ပါသည်။ ကျွန်တော့်ဘေးစားပွဲမှ မင်းသက်နှင့် အောင်ကျော် သူငယ်ချင်းနှစ်ယောက်
် စကားပြောနေကြခြင်းပါသည်။ အခုလို နေ့လည် နေ့ခင်းအချိန်များတွင် ကျွန်တော်အပါအ၀င် ရွာထဲမှ
လူကြီး လူငယ်အများစုသည် လက်ဖက်ရည်သောက်ရင်း အလုပ်အကြောင်းဆွေးနွေးကြရင်း နှင့် ရွာထိပ်ရှိ
ဤလက်ဖက်ရည်ဆိုင်လေးတွင်
စကားစမြုံ့ ပြန်နေတတ်ကြသည်။
"မင်းသက်ရာ မင်းစကားကလဲ အရင်းမရှိ အဖျားမရှိ။ဘယ်သူ့အိမ်
ဘာလုပ်လို့ ဘာလို့ ငါ့ကိုဖိတ်ရမှာလဲကွ"ဟု အောင်ကျော်က ပြောလိုက်ပါသည်။
မင်းသက် "ဟာ--------သူငယ်ချင်းကလဲ
မနက်ဖြန် ရွာမှာ မင်္ဂလာဆောင်ရှိတယ်လေကွာ။ မင်းမသိသေးဘူးလားဟ"
အောင်ကျော် "ဟင်…….ဟုတ်လားဟ။ငါမကြားမိပါလား။ဒါနဲ့
ဘယ်သူ့မင်္ဂလာဆောင်လဲကွ"ဟု တအံ့တသြဆိုသည်။
ကျွန်တော်လည်း ရွာမှာ မင်္ဂလာဆောင်ရှိတာ
မသိပါ။ဘယ်သူ့မင်္ဂလာဆောင်ဆိုတာ သိချင်စိတ်က ပြင်းပြနေသဖြင့် ဘေးကနေ အသာနားစွင့်နေလိုက်ပါသည်။
မင်းသက် "ရွာလယ်က ဒေါ်……. ရဲ့ သမီး ………လေကွာ။
အောင်ကျော် "ဟာ ……. ဟုတ်လားဟ။သူ့
မှာရည်းစားရှိတယ်လို့လည်း တစ်ခါမှ မကြားမိပါဘူးကွာ။ဗြုန်းစားကြီး ဘယ်လိုဖြစ်တာလဲဟ။မိဘချင်းက
သဘောတူလို့ များပေးစားလိုက်ကြတာလား"
မင်းသက် "ငါလဲ သေချာတော့မသိဘူးဟ။သူများတွေပြောနေကြတာတော့
အွန်လိုင်းပေါ်ကလို့တော့ ပြောကြတာပဲကွာ။
အောင်ကျော် "မင်းပြောတာ နားမရှင်းဘူးကွာ၊ဘယ်လိုလဲဆိုတာ
သေချာပြောပါဟ။
မင်းသက် "ဒီလိုကွ သူငယ်ချင်းရ။တို့ရွာမှာလေ
Beetalk ခေတ်စားနေတာမင်းလဲသိသားပဲ"
အောင်ကျော် "အေးလေကွာ။အဲဒါနဲ့ ဘာဆိုင်လို့လဲဟ"
မင်းသက် "သူငယ်ချင်းလဲ လောလိုက်တာကွာ။ပြောမှာပေါ့ဟ။အဲဒီ
Beetalk သုံးရင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက် တွေ့ကြတာတဲ့ကွ။
"ဟင်…..ဟုတ်လားဟ"
ဟု အောင်ကျော်က တစ်အံ့တသြဆိုသည်။
မင်းသက် "ဟုတ်တယ်ကွ။အဲဒီ
Beetalk ကနေ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသွားကြပြီး ဖုန်းနံပါတ်တွေ အပြန်အလှန်ပေးကြ
တစ်ယောက်ပုံတစ်ယောက်ပို့ကြပေါ့ကွာ။နောက်ဆုံး တစ်ယောက်နှင့် တစ်ယောက် အပြင်မှာ ဆုံကြရင်း
ရည်းစားဖြစ်သွားတယ်ဆိုပါတော့ကွာ။
အောင်ကျော် "အင်း…..ဖူးစားရေးနတ်တောင်
ခေတ်မှီလာပြီနော်။မင်းသက် …..မင်းလည်း လူပျိုကြီးဘ၀က ကျွတ်ချင်ရင်
ဒီနေ့ကစပြီး အွန်လိုင်းပေါ်ကနေ ရည်းစားရှာပေတော့။"
မင်းသက် "မလုပ်ပါနဲ့ သူငယ်ချင်းရာ။တော်ကြာ
ငါ လှည်းကျိုးထမ်းနေရပါဦးမည်ဟ။ ဒီအတိုင်းလွတ်လွတ်လပ်လပ်လေးပဲကောင်းပါတယ်။"
"ဟား ဟား…..ဟား
ဟား……."သူငယ်ချင်းနှစ်ယောက်၏
ရယ်သံထွက်ပေါ်လာပါသည်။
သူငယ်ချင်းနှစ်ယောက်စကားသံ
တိတ်ဆိတ်သွားခဲ့ပေမဲ့ ကျွန်တော့်ရဲ့ အတွေးများကတော့ တိတ်ဆိတ်မနေဘဲ မိုးသက်လေပြင်းကျသလို
ဆူညံလာပါတော့သည်။.
"အိမ်ထောင်ပြု၊
ဘုရားတည်၊ ဆေးမှင်စုတ်ထိုး ဤသုံးမျိုးကား ချက်မပိုင် နောင်အခါပြင်ရန်ခက်သည့်အမျိုးဟူသည့်
စကားပင်ရှိခဲ့လေသည် မဟုတ်ပါလော။ မိန်းကလေးတစ်ယောက်အတွက် အိမ်ထောင်ပြုခြင်း ဆိုတာ အလွယ်တကူ
ဆုံးဖြတ်သင့်သည့် ကိစ္စမဟုတ်ပါ။ဆူးပေါ်ဖက်ကျကျ ဖက်ပေါ်ဆူးကျကျ ဖက်ပေါက်သကဲ့သို့ တကယ်တမ်းနစ်နာ
ဆုံးရှုံးရမည်မှာ မိန်းမများပင် မဟုတ်ပါလော။ မိမိယောက်ျားကြောင့် ဂုဏ်တတ်ရသလို မိမိယောက်ျားကြောင့်လည်း
ဂုဏ်ငယ်ရတတ်ပါသည်။အိမ်ထောင်ပြုမှားလို့ မျက်ရည်နှင့် မျက်နှာ ဒူးနှင့်မျက်ရည်သုတ်နေရသည့် မိန်းမများကို မမြင်ချင်ပေမဲ့လည်း မြင်တွေ့နေရပါသည်။..............***……………..*********
"ဟေ့ကောင်လေး
…….ဘာတွေများတွေးနေတာလဲ" ဆိုင်ရှင် အန်တီကြီး ကျွန်တော့် ပုခုံးကို ပုတ်ပြီး မေးလိုက်တော့မှ
ပြန့်ကျဲနေသော ကျွန်တော့်စိတ်တွေ ပြန်လည် စုစည်းလာပါတော့တယ်။လက်မှ နာရီကြည့်လိုက်တော့မှ
ထိုင်နေတာ အတော်ကြာနေပြီမှန်း သတိထားမိလိုက်တော့တယ်။ အေးစက်စက်နှင့် ခါးသက်သက်ကော်ဖီလက်ကျန်လေးကိုသောက်ရင်း
ရွာထဲသို့ ပြန်လာစဉ် မင်္ဂလာမဏ္ဍပ်ဆီမှ ထွက်ပေါ်လာသော သီချင်းသံသည်ကား နားထဲသို့ ကဆုန်ဆိုင်း
ဝင်ရောက်လာပါတော့တယ်။
"ခေါင်းကလေး တစ်ငြိမ့်မှားရင်…….
အချစ်လည်းဆုံး……..၊ ဘ၀လည်းဆုံး……..၊ မျက်ရည်လည်းဆုံး…..၊ အသည်းလည်းဆုံး……..၊ ဘာအသုံးကျလို့လည်း
…………. ပြောစမ်းပါမောင်မောင်ရယ် …………မိန်းမသားဘ၀ကိုစိတ်နာတယ်။"
ကိုတင် (တမာ)
အများကြီး ရေးသားချင်သော်လည်း
အရေးအသား ညံ့ဖျင်းသဖြင့် ဖတ်ရှုသူ ငြီးငွေ့မည်
စိုးသောကြောင့် အတိုချုံး ဖော်ပြလိုက်ပါသည်။
Leave a Comment