Pages

Tuesday, December 1, 2015

ကောင်လေးတွေကို လိုသလိုကျီစားနေတဲ့ ရာသီခွင်

မိန်းကလေးတွေရဲ့ အားသာချက်ကတော့ ကောင်လေးတွေကို ကျီစားတတ်တဲ့၊ ချစ်စရာကောင်းသော အနိုင်ကျင့်ခြင်းပါပဲ။

ရာသီခွင်အလိုက် ဘယ်သူက ကောင်လေးတွေကို ဒုက္ခရောက်စေလဲဆိုတာကို ကြည့်ရအောင်။

၀၁. ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း
သူကတော့ ဘာကိုပဲလုပ်လုပ် ခေါင်းထဲမှာ အားလုံးကို အစီအစဉ်တကျ စဉ်းစား ဆုံးဖြတ်ပြီးသားဖြစ်ပါလိမ့်မယ်။ အချစ်ရေးမှာလည်း စဉ်းစားပြီးသားဖြစ်လိမ့်မယ်။ သူ့ရည်စားနဲ့တွေ့ပြီး ၁၀ ကြိမ်လောက်မှ လက်လေးကို ထိခံမယ် စသည်ဖြင့်။ တကြိမ်စဉ်းစားဆုံးဖြတ်ပြီးသား ကိစ္စကို ဘယ်တော့မှ မပြောင်းလဲချင်ပါ။

၀၂. ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း
သူကတော့ လယ်ကွင်းထဲမှာရှိတဲ့ နွားလေးလိုပါပဲ။ အချိန်တိုင်းလိုလို အေးအေးဆေးဆေးပါ။ နောက်ပြီး ယောင်္ကျားလေးတွေကို အနိုင်ကျင့်တဲ့နေရာမှာလည်း နှစ်ယောက်မရှိပါ။ မွေးရာပါ ထူးခြားချက်လေးဖြစ်ပါလိမ့်မယ်။

၀၃. ဗိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း
သူကတော့ ကျီစားတဲ့နေရာမှာတော့ အတော်ဆုံးလို့ ပြောရမှာပါ။ လှချောတဲ့မိန်းကလေးတွေများတဲ့အတွက် ယောင်္ကျားလေးတွေကို လိုသလို အသုံးချသွားတတ်သူပါ။ ရည်စားဖြစ်တာတောင် တော်တော်နဲ့ အခွင့်အရေးကို မပေးတာက သူပါပဲ။

၀၄.သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်မှုကို အလေးထားသူပါ။

သင့်ဘေးက သူငယ်ချင်းတွေ ဟာ စစ်မှန် တဲ့ သူငယ်ချင်း ဟုတ်မဟုတ် ခွဲခြားနိုင်တဲ့ အချက် (၈) ချက်

သင့်ဘေးက သူငယ်ချင်းတွေ ဟာ စစ်မှန် တဲ့ သူငယ်ချင်း ဟုတ်မဟုတ် ခွဲခြားနိုင်တဲ့ အချက် (၈) ချက် သင့်မှာ သူငယ်ချင်း တွေ အများကြီး ရှိတယ် ဆိုပါစို့။ သူတို့ အားလုံးဟာ သင့်ရဲ့ သူငယ်ချင်း အစစ် အမှန်တွေ ဖြစ်ရဲ့လား။ ဟုတ်ရဲ့လား။ သင် ဒုက္ခရောက်တဲ့ အချိန်၊ သင်ပြသနာ တစ်ခုခု ကြုံရတဲ့အချိန် သင့်ဘေး မှာ သူတို့ရှိနေသေး ရဲ့လား။ ဒါမှ မဟုတ် စိတ်တူ ကိုယ်တူဖြစ်ရဲ့လားဆိုတာ ဒီအချက် ကလေးတွေနဲ့ ခွဲခြားကြည့်ရအောင်။

၁။သင်ခေါ်တဲ့ အခါ သူတို့ ဘယ်တော့ မှ မငြင်းတတ်ဘူး။
ညဘက်အပြင်ထွက်လည်တဲ့ အခါ၊ ဒါမှ မဟုတ် နေ့ခင်းဘက် ရှော့ပင် သွားတဲ့အခါ ဘယ်အချိန် သူတို့ကို ခေါ်လိုက် ခေါ်လိုက် အကြောင်းပြပြီး ငြင်းလိုက်တာမျိုး မရှိဘူး။ သင့် အတွက် သူတို့ အမြဲရှိပေးတယ်။

၂။သူတို့နဲ့ ဆို အသံ ကျယ်ကျယ်နဲ့ ကို အော်ဟစ် ရယ်မောဖြစ်တယ်။
သူများတွေ နဲ့ ဘယ်လောက် ဟန်ဆောင်ရ ဟန်ဆောင်ရ၊ သူတို့နဲ့ဆို တကယ်ကို ပွင့်ပွင့် လင်းလင်း ရှိလွန်း တယ်။ ပျော်နေရတဲ့ အချိန်တွေမှာ ဆို အသံကုန် အော်ဟစ်ရယ်မောပစ်ဖို့လည်း မရှက်တော့ဘူး။

၃။အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေအတွက် သူတို့ ကူညီ စဉ်းစားပေးတယ်။
အလုပ် အတွက်၊ နှလုံးသားရေးရာ နဲ့ မိသားစု ကိစ္စတွေ အားလုံးကို သူတို့နဲ့ တိုင်ပင်လို့ရတယ်။ သင် ဆုံးဖြတ်ချက် ချနိုင်ဖို့ သူတို့က ကူညီပေးတယ်။

၎။သူတို့နဲ့ ဆို ဟန်ဆောင် နေစရာ မလိုဘူး။
ကိုယ့် သူငယ်ချင်း အရင်းတွေနဲ့ ဆို ဘာမှ ဟန်ဆောင်ခြယ်သ၊ ပြင်ဆင် နေစရာ မလိုဘူး။ ကိုယ့်ကိုလည်း သူတို့ မကဲ့ရဲ့ဘူး။ စကားပြောဆိုတာက အစ ကိုယ့်စိတ်ထဲ ရှိသလို ပြောဆိုလို့ရတယ်။

၅။တစ်ဦးနဲ့ တစ်ဦး ဝေမျှ တတ်ကြတယ်။
အစား အသောက်၊ အ၀တ်အထည် ၊ တစ်ခါတစ်လေ ပိုက်ဆံတောင် ဝေမျှသုံးစွဲတတ်ကြတယ်။ စိတ် အနှောင့် အယှက်ဖြစ်တာ မျိုးဘယ်တော့မှ မရှိဘူး။

၆။ဆင်တူ ပစ္စည်းလေးတွေ ရှိချင်ကြတယ်။
သူငယ်ချင်းတွေ ဟာ ငါ့လို ပစ္စည်း သူ့မှာ ရှိမှာ စိုးထိတ်တာမျိုး လုံးဝ မရှိပါဘူး။ အဆင်တူ၊ အသွေးတူ ဒီဇိုင်း မျိုးတွေကိုမှ အတူ ဆင်မြန်းကြချင် တာမျိုးပါ။

၇။ပေါက်တတ် ကရ လုပ်ဖို့လည်း ၀န်မလေးဘူး။
အသက် ဘယ်လောက်ကြီးကြီး၊ ယူထားတဲ့ တာဝန်၊ အနေ အထား ဘယ်လောက်ရှိရှိ သူငယ်ချင်းတွေနဲ့ တွေ့ချိန်တော့ ဘာကို မှ ဂရုမစိုက်ပဲ လုပ်ချင်တာ လုပ်တတ်ကြပါတယ်။

၈။တစ်ယောက်ပိုက်ဆံပြတ်တဲ့ အချိန် တစ်ယောက်က ကူညီ ပေးတတ်တယ်။
ဘယ်အချိန်မဆို ငါ့သူငယ်ချင်း ပိုက်ဆံပြတ်သွားတတ်တယ် ဆိုတာ သူငယ်ချင်း အရင်းတွေသာ အသိဆုံး။ အဲ့ဒီလို အချိန် အခြား လူတွေက ကိုယ့်ကို အဖက်မလုပ်ရင်တောင် သူငယ်ချင်း အရင်းတွေကတော့ ကိုယ့်ဘေးမှာ ရှိပြီး သူတို့ ပိုက်ဆံပေး သုံးတတ်တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanma

သုဿ န်စောင့် မဖဲဝါ သို့မဟုတ် အိမ်ေ၇ှ့ အေ၇ာက် အခေါင်း ပို့ပေးသူ

ပဲခူးရိုးမ ၏ အနောက်ခြမ်း မိုးညိုမြို့နယ် အတွင်းမှ ရွာကလေး တစ်ရွာ။

ချောင်း ၏ တစ်ဆစ်ချိုး တွင်မေးတင် တည်ရှိနေသော ဒီ ၇ွာလေး သည်နေဝင် သည်နှင့်ငြိမ်သက် တိတ်ဆိတ်သွားတတ်စမြဲ။ နွားလှည်းသံ ၊လှေချည်သံ၊နှုတ်ဆက် သံများ ဆူပြီး မကြာ တိတ်ဆိတ် သွားတတ်သည် မှာနေ့စဉ်ပင်။

ရွာရဲ့အနောက်တောင် စွန်းစွန်း မှာ ရှိတဲ့ ထန်းရည်ဆိုင်လေးဟာ ချက် အရက်ကလေး၊ အမြည်း အဖြစ်မြစ် ငါး၊ ငှက်ကြော် စသည်တို့ ကိုပါ တွဲဖက်ရောင်းချ၍ အမြဲ စည်ကားလေ့ ရှိပါတယ်။

ဒီ ဆိုင်ကလေး မှာနေ့တိုင်း လိုလိုနေ့လယ် ခင်းက စပြီးဆိုင်ပိတ်ချိန် အထိချက် အရက်သောက်ပြီး အားရကျေ နပ်ပြီ ဆိုမှ ထပြန်တတ်သူ တစ်ဦး ရှိပြီး ထိုသူကို ဆိုင်ရှင် ကိုစံပ မငြို ငြင် ရဲပေ။


သူ့ နာမည် က ကိုစိန်။ ဒီ ပတ်ဝန်းကျင် တဝိုက် မှာတော့ ကိုစိန့် ကို ရွာ လူမိုက်၊ လူပေ လူရွတ် အဖြစ် သတ်မှတ် ထားကြပြီး ထို လူမိုက် ဆိုတဲ့ ဂုဏ်ကို အရောင် တင်ပေးထားတာ ကလည်း ရှိသေးတယ်။

ကိုစိန်က သူကြီး သားလေ ။ သူကြီး သားမှ ဒီ ဒိုင်နယ်(ကျေးရွာ အုပ်စု)သူကြီး ရဲ့သားဗျာ။

ကိုစိန့် အိမ်က ရွာလယ်ပိုင်းမှာ ဆိုတော့ ထန်းရည်ဆိုင် နဲ့ အလှမ်းဝေးတယ် ဆိုပါတော့။ ကိုစိန် ကတော့ဖြတ် လမ်း အဖြစ် ရွာသင်္ချိုင်းကုန်း ကနေဖြတ်ပြီးပြန်လေ့ ရှိတယ်။

ရွာက လူတွေက မသွားရဲ မလာရဲ တဲ့ ဒီနေရာမှာ ကိုစိန် ကတော့ သူ့အဖေ သူကြီး မသိအောင်နွားကောင်ရေ များစွာ ခိုး၍ပေါ်ခဲ့ဖူး သဖြင့် သူ့အတွက် လာဘ်ကောင်း တဲ့နေရာ ဆိုရမလိုပင်။

ဒီညနေ မှာတော့ ဆိုင်ရှင် ကိုစံပ တစ်ယောက် သူကြီးသား ကိုစိန် ထိုင်နေသော ဝိုင်း ဘက်ခြေဦး မျှပင် မလှည့် ရဲချေ။

ညနေ ကချောင်းစပ်မှာ

Blog hack ကာကွယ်ကြရအောင် (bolgger သမားတွေအတွက်)

မင်္ဂလာပါဗျာ ဒီနေ့တော့ ကိုဝင်းစိုးနဲ့ ဖုန်းစကားပြောရင်hacker အကြောင်းရောက်သွားတာသူညတုန်းက အင်တာနက်မှာ ရှောက်မွှေတုန်းနတ်သားလေးဆိုဒ်က Bolg Hack အကြောင်းဖတ်ရတယ်တဲ့သူလုပ်ကြည့်ပါတယ်တဲ့ ဘယ်လိုလုပ်ရမှန်းရှာလို့မတွေ့ဘူးတဲ့ အဲ့တော့ နတ်သားလေးဆိုဒ်မှာလေ့လာကြည့်တော့ ရပါတယ် ဒါပေမဲ့သူပြထားတာကအစတုန်းက ပုံစံဆိုတော့ရုတ်တရက် နားမလည်းဘူး ဒီတော့အခုလက်ရှိ bolg ပုံစံ ဒီဇိုင်းနှင့် ကိုက်ညီအောင်ကျွန်တော်ပုံနှင့်တကွ ရှင်းပြထားပါတယ်နတ်သားလေးကိုလည်း ဒီနေရာ ကျေးဇူးတင်ပါတယ်ဗျာပြောဖြစ်တဲ့
ကိုဝင်းစိုး(ခ)ကိုကုလားကိုလည်း ကျေးဇူးတင်ပါတယ်အသုံးဝင်ပုံကို အနည်းကျဉ်း ပြောပါရစေဗျာကျွန်တော်တို့ကိုယ်စီ ကိုယ်ပိုင် Bolg လေးတစ်ခုရှိတယ်ဆိုပါတော့ ကျွန်တော်တို့ Bolg ရေးတယ်ဆိုထဲကပေးဆပ်မှုတွေ ငွေကျေးကုန်ကျမှုတွေ အများကြီးရှိကြပါတယ်ဒီတော့ ကိုယ် Bolg လေးကို သူများ လာ ဟက်သွားရင်အများကြီး ဝမ်းနည်းရပါတယ် Bolg ဟက်ထိတဲ့မပြောနဲ့ ကျွန်တော် ဆိုဒ်မှာ တင်ထားသည့်Download လင့်သေသွားတာမှာ စိတ်မကောင်းဖြစ်ပါတယ်ထားပါတော့လေ ဒါတော့ စိတ်မကောင်းစရာတွေပြောနေတယ် ဒီတော့ အခုလိုမျိုး ဝမ်းမနည်းရအောင်ကျွန်တော်တို့ Bolg ကို hacker ရန်က ဘယ်လိုကာကွယ်မလဲအခုလိုမျိုး လုပ်ထားတာ အကော်းဆုံးပါပဲမိမိ Bolg ကို Dowload လုပ်လိုက်ပါ Bolg ပျက်စီးသွားတာမှာအဲဒီ HTML ဖိုင်လေးကို မိမိ bolg အသစ်ထဲပြန်ထည့်လိုက်ရင် အရင်မိမိ Bolg အဟောင်း အတိုင်းပြန်ရလာလိမ့်မယ် Comments တွေကအစပြန်ရပါတယ် ကဲကာကွယ်ချင်ရင်တော့အောက်ကပုံအတိုင်း လိုက်လုပ်ကြည့်ပါနော်ပထမဦးဆုံး www.blogger.com ကိုသွားပြီးမိမိရဲ့ အကောင့်ဖြင့် Sing in ဝင်လိုက်ပါနော်ဒီလောက်ဆိုသိပါတယ်

ပုံတွင်ပြထားသည့်အတိုင်း အပ်ါက ဝိုင်းပြထားသည့်

နေရာကို မောက်ဖြင့်ထောက်ပြီး Settings ကို

နှိပ်လိုက်ပါဗျာ

 ပုံတွင်ပြထားသည့်အတိုင်း Other ကို နှိပ်လိုက်ရင်

အောက်က ပုံအတိုင်းပေါ်လာလိမ့်မည်

 ပုံတွင်ပြထားသည့်အတိုင်း Export bolg ကို

နှိပ်လိုက်ပါ အောက်ကပုံကိုဆက်ကြည့်ပါ

ပုံတွင်ပြထားသည့်အတိုင်း download Bolg ကို

နှိပ်လိုက်ရင် Download လင့် တစ်ခါတည်း

တန်းကျလာလိမ့်မယ်

ပုံတွင်ပြထားသည့်အတိုင်း မိမိကြိုက်ရာ

သိမ်းလိုက်ပါဗျာ

ပုံတွင်ပြထားသည့်အတိုင်း မျှားထိုးထားသည့်

နေရာမှာ သူရဲ့ဖိုင်လေးပါပဲ

အားလုံးအဆင်ပြေပါစေဗျာ 

soesoehein.blogspot.com

Photoshop ဖြင့်စာရွက်စာတမ်းများ ဖြတ်ကပ်ပြုလုပ်ခြင်း

 Photoshop နဲ့ စာရွက်စာတန်းတွေ ဖြတ်ကပ်လုပ်တာလေး ပြောပြချင်လို့ပါ..။ နိုင်ငံခြားရောက်နေတဲ့ လူတွေအတွက် ဒီလိုနည်းလေးတွေလည်း တတ်ထားသင့်ပါတယ်..။ Photoshop ကိုလုံးဝမသုံးတတ်သေးတဲ့ သူများပါ နဲနဲချင်း လုပ်တတ်လာအောင်လို့ Photoshop လေ့ကျင့်ခန်းလေးတွေကိုလည်း အလျှင်းသင့်သလို ဖေါ်ပြပေးသွားပါမယ်..။ အခုဒီနည်းလေးကို ဘာလို့ဖေါ်ပြရလည်းဆိုတော့ ကျနော်ရဲ့သူငယ်ချင်း တယောက်က ပါတ်စပို့စာအုပ်လုပ်ချင်တယ်..။
သူ့သူဌေးကလည်း လုပ်ပေးတယ်..။ သံရုံးမှာတင်ဖို့ ဘာစာရွက်စာတန်းမှ မရှိဘူး..။ သူ့အိမ်နဲ့လည်း အဆက်အသွယ်လုပ်လို့ မရပါဘူး..။ ဖုန်းခေါ်ဖို့ မပြောနဲ့ လူကြုံတောင်မရှိတဲ့ နေရာ..။ ဘယ်လိုလုပ်မလဲ..။ ကျနော့်ကို အတင်းခိုင်းပါတော့တယ်..။ သူကတော့ စာရွက်စာတန်း ဖြတ်ကပ်လုပ်တယ် ဆိုပေမယ့် အားလုံးအမှန်တွေပဲ ရေးတာပါ..။ သူ့ရွာ၊ သူ့မြို့နယ်၊ တိုင်း အားလုံး အမှန်တွေပဲ ရေးထည့်တာပါ..။ KL မြို့ထဲမှာလည်း ဒီလိုနည်းနဲ့ စာရွက်စာတန်းတွေ လုပ်ပေးတယ်..။ ပိုက်ဆံလည်း အများကြီးပေးရတယ်..။ လုပ်နည်းကတော့ လွယ်ပါတယ်..။ မလုပ်တတ်ရင်တော့ ပိုက်ဆံကုန်တာပေါ့ဗျာ.. ကျနော့်သူငယ်ချင်းကို ဒီနည်းလေးပါ သင်ပေးလိုက်တယ်.. 
အရင်ဆုံး မိမိတို့ ဖြတ်ကပ်လုပ်မယ့် စာရွက်တွေတော့ ရှိဖို့လိုပါတယ်.. စာရွက်စာတန်းတွေ ရှိပြီဆိုရင် Photoshop ပရိုဂရမ်ကို အရင်ဖွင့်လိုက်ပါ.. ၄င်းပရိုဂရမ်ရဲ့ ဘယ်ဘက်ထောင့်က File ကိုကလစ်.. ကျလာတဲ့ ဘောက်စ်ထဲမှာ Open ကနေ မိမိတို့ ပြုလုပ်ချင်တဲ့ စာရွက်ကို ယူလိုက်ပါ..။ စာရွက်ရလာပြီဆိုရင် အောက်ပုံမှာ ပြထားတဲ့ Rectangular Marquee Tool (M) ပေါ်မှာ R/C ဆိုတာ Right Click ထောက်လို့ပြောတာပါ..။ ပေါ်လာတဲ့ အကွက်လေးထဲက လေးထောင့်ကွက်လေးကိုကလစ်ပါ..။ ဒါဆိုရင်တော့ စာရွက်ပေါ်က မိမိလိုတဲ့ နေရာကို ဖြတ်လို့ရပါပြီ..။ စာရွက်မှာမဖြတ်ခင် မိမိတို့ရဲ့ စာရွက်ကို Ctrl+[+] နဲ့ Ctrl+[-] နဲ့ လိုသလို အကြီးအသေး Zoom ဆွဲကြည့်လို့ ရပါတယ်..။ ဘယ်ပရိုဂရမ်မှာ ဖြစ်ဖြစ် ဒီ Zoom mode ပါပါတယ်..။ စာရွက်ကို မိမိတို့ စိတ်ကြိုက် အကြီးဆွဲပြီးရင် စာရွက်ပေါ်မှာ မိမိတို့ ဖြတ်ချင်တဲ့ နေရာကို မောက်စ်နဲ့ ဖိဖြတ်လိုက်ပါ..။ စလက်ရှင်အကွက်လေးပေါ်နေပါလိမ့်မယ်..။ ပြီးရင် ကီဘုတ်ရှော့ကပ် ကီး Ctrl+J ကိုနှိပ်ပါ..။ Ctrl+J ဆိုတာမိမိတို့ ဖြတ်လိုက်တဲ့ စလက်ရှင်ဝင်နေတဲ့ အပိုင်းလေးကို Layer လို့ခေါ်တဲ့ အလွှာကလေး တခု ထပ်ပွါးလိုက်တာပါ..။ အောက်ဒုတိယပုံမှာကြည့်ပါ..



 Ctrl+J နဲ့ ဖြတ်ထားတဲ့စာရွက်ကို မိမိလိုတဲ့နေရာ ရွှေ့ဖို့အတွက် Move Tool (V) ကိုကလစ်ပါ..။ (V) တို့ (M) တို့ဆိုတာ ကီးဘုတ်ရှော့ကပ်ကီးတွေပါ..။ အမြန်သွားချင်ရင် အဲဒီ ကီးတွေ နှိပ်ပြီး သွားနိုင်ပါတယ်..။ Move Tool (V) ကိုကလစ်ပြီး စောစောနဖြတ်ထားတဲ့ လေယာတွေကို မိမိလိုတဲ့ နေရာကို ရွှေ့လိုက်ပါ..။ ပြီးရင် လေယာကို မိမိရွှေ့လို့ ရောက်တဲ့ နေရာမှာပဲ Ctrl+J နဲ့ Layer နောက်တစ်ခု ပွါးလိုက်ပါ..။ မိမိဖုံးချင်တဲ့ စာသားပေါ်ကို (V) နှိပ်ပြီး ထပ်ရွှေ့ပါ..။ ပြီးရင် ဒီတိုင်းထပ်လုပ်ပါ..။ နောက်ပိုင်း လေယာပွါးပြီး ရွှေ့ရမှာ Ctrl+J  >> (V) >>  ဒီတိုင်းပါပဲ..။

 
မိမိတို့ စာသားတွေကို လေယာတွေနဲ့ ဖုံးပြီးသွားရင်တော့ လေယာတွေကို Ctrl+Shift+E နဲ့ပေါင်းပေးလိုက်ပါ..။ အပ်ါပုံ ညာဘက်အောက်က အကွက်လေးက လေယာတွေကို ပြထားတာပါ..။ အဲလေယာတွေကို ပေါင်းပြီး File >> Save as >> Desktop >> Name >> Format JPEG >> Save ကိုနှိပ်ပြီး သိမ်းလိုက်လို့ ရပါပြီ..


ဖိုင်တွေကို အောက်ပုံကအတိုင်း သိမ်းလိုက်ပါ..။


အောက်မှာတော့ နောက်ထပ် လေ့ကျင့်ခန်းလေးတစ်ခု ထပ်ပြပေးထားပါတယ်...။ ပုံလေးတွေ ကြည့်ပြီး နားလည်မယ်လို့ ထင်ပါတယ်.. 
လုပ်နည်းကအပေါ်က လေ့ကျင့်ခန်းအတိုင်းပါပဲ.. အစဉ်လိုက် ရှော့ကပ်ကီးလေးတွေ ရေးပေးလိုက်ပါတယ်.. File >> Open >> စာရွက်ယူ >> Ctrl+[+] >> (M) Tool နဲ့ ဖြတ် >> Ctrl+J လေယာပွါး >>  (V) Tool မိမိလိုတဲ့ နေရာရွှေ့ ပြီးဖုံးပါ >> Ctrl+Shift+E လေယာပေါင်း >> File >> Save as >> Desktop >> Name >> Format JPEG >> Save ပြီးပြီ......

 
အောက်ပုံမှ အနီလေးထောင့်ကွက်လေးတွေက ၄င်းနေရာမှ စာရွက်အဖြူအား ဖြတ်ပြီး အပေါ်စာသားမှာ လာဖုံးဖို့ ပြထားတာပါ..။



မြို့နယ်၊ ရဲစခန်း၊ ကျေးရွာအုပ်စု၊ ကျေးရွာ စတဲ့နေရာတွေမှာ မိမိတို့ လိပ်စာအမှန်ကို ထည့်ပေးလိုက်ပါ.. အောက်မှာ ပလိန်း၂ရွက် ပြပေးလိုက်ပါတယ်..။ အဆင်ပြေကျပါစေဗျာ..



ဒီနည်းလမ်းလေးက မြန်မာပြည်မှ မိသားစုနဲ့ အဆက်အသွယ်မရတဲ့ သူများ၊ အကြောင်းအမျိုးမျိုးကြောင့်  စာအုပ်လုပ်ဖို့ အခက်အခဲဖြစ်နေသူမျာအတွက် ကူညီမှုလေးတစ်ခု ဖြစ်မှာပါ..။
မှတ်ပုံတင်နဲ့ ရွာထောက်ခံစာများကိုလည်း ဒီနည်းအတိုင်းပဲ လုပ်ပါတယ်..။

နောင်တရမိတယ်

ညတစ်ည သန်းခေါင်ယံအချိန်တွင် ဇနီးဖြစ်သူတစ်ရေးနိုးလာ၍ ယောက်ျားဖြစ်သူကို ရှာရာ မီးဖိုချောင်ထဲ၌ ရှိက်ကြီးတငင် ငိုကြွေးနေသည်ကို တွေ့ လိုက်၇လေသည်။
ဇနီး ။ မောင်…ဘာဖြစ်လို့ ငိုနေတာလဲ
ကျား ။ တို့ တတွေ သမီးရည်းစားဘ၀ချိန်းတွေ တုန်းက မင်းအဖေကြီးနဲ့ မိသွားတော့ မင်းအဖေကြီးပြောတဲ့ စကားကို မင်းမှတ်မိသေးရဲ့ လား…။ မင်း ငါ့သမီးကို အတည်ယူမှာလား… မယူရင်တော့ ထောင်ထဲမှာ အနှစ်နှစ်ဆယ် သွားနေပေတော့ ဆိုတာလေ ..
ဇနီး ။ မှတ်မိသားဘဲ …အဲဒါဘာဖြစ်လို့ လဲ
ကျား ။ အေး….အဲဒီတုန်းက ထောင်သာကျခဲ့ ရင် ဒီနေ့ လွတ်ပြီ ..အီး ဟီးဟီးဟီး …ရွှတ်.
Credit:wakhama blogspot

အောင်မြင်သူရဲ့.. ငွေ.. စီမံနိုင်စွမ်း

 အောင်မြင်တဲ့ အခြေအနေကို ရောက်သွားတဲ့ သူများဟာ ငွေကို ကောင်းကောင်း စီမံ ကိုင်တွယ်နိုင်လို့ပါ။

ချမ်းသာတဲ့သူတိုင်းဟာ ငွေ ကိုင်တွယ်တဲ့အခါ အလွန် စည်းကမ်း ရှိပါတယ်။

အခွင့်အလမ်းတွေ ပေါ်ပေါက်လာတိုင်း ပါးနပ်စွာ ရင်းနှီးမြုပ်နှံရဲကြပါတယ်။

ချမ်းသာအောင်မြင်ဖို့ လိုအပ်နေတဲ့သူကို အချိန်မရွေး ကူညီနိုင်ရမယ်လို့ သူတို့ လက်ခံကြပါတယ်။

ကံကောင်းပြီး အခွင့်အလမ်းပေါ်လာချိန် တစ်ရှိန်ထိုး အောင်မြင်သွားကြသူများဟာ ငွေကို အမြဲတမ်း ကြိုတင်ပြင်ဆင် စုဆောင်းထားခဲ့လို့ပါ။

ငွေကို စီမံနိုင်ခြင်းဟာ အောင်မြင်ချမ်းသာခြင်းမို့ ထွက်ငွေ ၁ စ ဆိုရင်တောင် ထုတ်သင့်မှ ထုတ်သုံးပါ။

စည်းကမ်းရှိတာနဲ့ ကပ်စေးနည်းတာတော့ ခွဲခြားနိုင်ရပါမယ်။

Credit : Yangonlife

မိန်းကလေးတို့ရဲ့ မာယာလက်နက်

ငိုရမယ့်နေရာ ငို၊ ရယ်ဖို့လိုရင် ရယ်၊ ခြောက် သင့်ရင် ခြောက်၊ ကြောက်ပြစေချင်သူကို ကြောက်ပြ စသဖြင့် အန္တရာယ်စက်ကွင်းထဲ ကျရောက်နေချိန်မှာ လိုသလို ပုံဖမ်းပြီး မလွတ်၊လွတ်အောင် ရှောင်ရှားနိုင်မယ့်မာယာကို တတ်ကို တတ်ရပါမယ်။

မာယာဆိုတာ မိန်းကလေးတွေ အန္တရာယ်မဖြစ်အောင် ကာကွယ်ပေးမယ့် လောက လက်ဆောင်။

မိန်းကလေး အတော်များများက မာယာများတဲ့မိန်းမလို့ အပြောခံရမှာကို ရှက်ကြတယ်။
 ကြောက်ကြတယ်။

ကျွန်မက ဖြူစင်လို့ မာယာ မရှိဘူးလို့ ဂုဏ်မယူချင်ပါနဲ့။ တကယ်ဆို မိန်းမတစ်ယောက်အနေနဲ့ မာယာဆိုတာ မရှိမဖြစ် ဆောင်ထားရမယ့်အရာ။ မာယာမကြွယ်ရင် ကြွယ်အောင်ကို သင်ထားရမှာ။


ဒါပေမဲ့ မာယာကို အသုံးချတဲ့အခါမှာ သူတစ်ပါးဘဝကို ထိခိုက်နစ်နာစေတဲ့ အနေအထားမျိုးဖြစ်အောင် မကြာခဏ အသုံးပြုခဲ့ရင်တော့ သင့်လက်နက်နဲ့ သင့်ကိုယ်သင် သက်ပြီးသာ ဖြစ်သွားပါလိမ့်မယ်။ မာယာကို လောဘ မကြီးသင့်တဲ့ ရတနာလို့ ဆင်ခြင်ပါ။
မမေ့နဲ့ .. မိန်းကလေးတိုင်းအတွက် မာယာလက်နက်
Credit : Yangonlife

ငါး သုံးကောင်ဖြင့် ရှင်သန်ခြင်း

တစ်ခါက " ကံ " ကို အားကိုတဲ့ ငါး ၊ " ဥာဏ် " ကို အားကိုးတဲ့ ငါး ၊ " ၀ီရိယ " ကို အားကိုးတဲ့ ငါး သုံးကောင်ရှိခဲ့တယ် ....

တစ်နေ့ သူတို့ သုံးကောင် ပင်လယ်ထဲမှာ ပျော်မြူးရင်းနဲ့  တံငါသည်ရဲ့  ပိုက်ကွန်ထဲကို တိုးဝင်မိပြီး တံငါရဲ့ လှေ ပေါ်ရောက်သွားခဲ့တယ်

ကံ ကို အားကိုးတဲ့ ငါးလေးက ......

" တကယ်လိုကွာ ငါသာ သေဖို့ ကံမပါလာခဲ့ဘူးဆိုရင် ဒီတံငါသည် လက်ထဲက လွတ်မှာဘဲကွ " ဟုဆိုကာ အေးအေးဆေးဆေး အိပ်စက်နေခဲ့တယ် ..

ဝီရိယ ကို အားကိုးတဲ့ ငါးလေးကတော့ ......

" ဟ ကိုယ်တိုင်ကကြိုးစား အားထုတ်မူ့ မရှိရင် ကိုယ်လိုချင်တဲ့ပန်းတိုင်းကို ဘယ်တော့မှ မရောက်ဘူးကွ ... ငါတော့ ဒီကလွတ်အောင်ကြိုးစားမယ် "
ဟုဆိုကာ တံငါသည် လှေထဲကနေ '" ဖလပ် " ဖလပ် " နဲ့  ခဏ ခဏခုန်ထွက်ဖို့  ကြိုးစားနေပါတယ် ... တံငါသည် သတိပြူမိသွားတော့ ချက်ချင်းဘဲ လှော်တက်နဲ့  ရိုက်သတ် ခံလိုက်ရပါတယ် ..

ဥာဏ်ကို အားကိုးတဲ့ ငါးလေးကတော့ အခွင့်ခါသင့်အချိန်ကို စောင့်နေခဲ့တယ် ..
ခဏကြာတော့ လေပြင်းတစ်ချက်တိုက်ခတ်ပြီး လှေဟာ အနည်းငယ် စောင်းသွားခဲ့တယ် ...
အဲဒီချိန် ဥာဏ် ကို အားကိုးတဲ့ ငါးဟာ အခွင့်ရေးဘဲဆိုပြီး တစ်ချက်ဘဲ ခုန်လိုက်ရပြီး အသက်ဘေးက လွတ်မြောက်သွားခဲ့ရပါတယ်....

တံငါသည် က ငါးတစ်ကောင်လွတ်သွားတာကို သတိပြူမိပြီး ကျန်နေတဲ့ ငါးတစ်ကောင်လဲ လွတ်မှာ စိုးရိမ်တာနဲ့ ချက်ခြင်းဘဲ ကံကို အားကိုတဲ့ ငါးကို ရိုက်သတ်လိုက်ပါတယ် ...
ရည်မှန်းထားတာ အောင်မြင်ဖို့  " ကံ နဲ့  ၀ိရိယ " ရှိနေယုံနဲ့  မရဘဲ .....

" ကံ ၊ ဥာဏ် ၊ ၀ိရိယ " သုံးခုလုံးကို သေချာပိုင်နိုင်စွာ အသုံးချနိုင်ခဲ့မှသာ လိုချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်လိမ့်မယ်လို့  ရည်ညွန်းထားခြင်းပဲ ဖြစ်ပါတယ် ....
Credit : Credit to - ကောင်လေး

နောင်တကြီး (၁၀) ပါး မမှားရအောင်

၁။ ငယ်စဉ်အခါက ပစ္စည်းဥစ္စာမရှာခဲ့၍ အိုမင်းရင့်ရော် နောင်သောအခါမှ မရှိဆင်းရဲ မွဲပြာကျသောကြောင့် နောင်တကြီးစွာရခြင်း။

၂။ ငယ်ရွယ်စဉ်က ပညာသင်ရန် အခွင့်ရေးရပါလျှက် ဆိုးပေတေကာ ကျောင်းပြေးလုပ်၍ နောင်အခါ အသက်မွေးမှု မပြည့်စုံခြင်းကြောင့် နောင်တကြီးစွာရခြင်း။

၃။ ကောက်ကျစ်စဉ်းလဲ ကုန်းချောစကားဖြင့် ရန်တိုက်ပေးခဲ့မိသောကြောင့် သေရာညောင်စောင်း လဲလျောင်းမိသောအခါ ငါပြုခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း ။

၎။ သတ္တဝါများအား သနားမဖက် ရက်စက်စွာ သတ်ခဲ့မိခြင်းကြောင့် သက်ရွယ်ကြီးရင့်လာသောအခါ ယူကြုံးမရဖြစ်ကာ နောင်တကြီးစွာ ရခြင်း။

၅။ မသွားလာအပ်သော သူမယားနှင့်

ကိုယ်အကြိုက်ဆုံး သီချင်းတွေနားထောင်ခြင်းက မျက်စိသူငယ်အိမ်ကို ပိုကျယ်စေ

ကျွန်တော်တို့အပေါ်ကို စိတ်ခံစားမှုအကြီးကြီး ဖြစ်စေတဲ့ တေးဂီတကို ကျွန်တော်တို့ နားထောင်တဲ့အခါ ကျွန်တော်တို့ရဲ့ မျက်စိသူငယ်အိမ်က ကျယ်လာကြောင်း သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သီချင်းတစ်ပုဒ်က ကိုယ့်ကို ဘယ်လောက် ခံစားရစေတယ်ဆိုတဲ့ အပေါ်မှာ မူတည်ပြီး သူငယ်အိမ်အကျယ် ပမာဏက ခွာခြားသွားပါတယ်။ ၄င်းက အချက်အလက်တွေ ပိုများများ ရယူတဲ့နေရာမှာတောင် ကူညီနိုင်ပါတယ်။ ကျွန်တော်တို့ ပျော်ရွှင်တဲ့သီချင်းတွေနားထောင်ခြင်းက ကျွန်တော်တို့ကို သင်ယူမှု အားကောင်းလာစေပါတယ်။

တေးဂီတက နားထောင်သူရဲ့ သူငယ်အိမ်ကို ဘယ်လို သက်ရောက်မှုရှိတယ်ဆိုတဲ့အကြောင်းကို သြစတြီးယား တက္ကသိုလ်နှစ်ခုကနေ လေ့လာမှုပြုခဲ့တာဖြစ်ပါတယ်။ လေ့လာမှုမှာပါဝင်ခဲ့သူတွေရဲ့ ဂီတအပေါ် တုံ့ပြန်ချက်ကိုတိုင်းတာဖို့အတွက် လေဆာသူငယ်အိမ်ခြေရာခံစက် ကို သုတေသနအဖွဲ့က အသုံးပြုခဲ့တာပါ။

သီချင်းရဲ့ စိတ်ခံစားမှုအကြောင်းအရာတွေနဲ့ နားထောင်သူရဲ့ သီချင်းအပေါ် ကိုယ်ရေးတွယ်ညိမှုဟာ သူငယ်အိမ်ကျယ်မှုကို ကြီးစိုးတဲ့လွှမ်းမိုးမှု အချက်အလက်တွေဖြစ်တယ်လို့ ရလဒ်တွေကပြခဲ့ပါတယ်။
Credit:ThitHtooLwin

မိန်းကလေးတွေ ယောက်ျားများဆီက တိတ်တခိုး သဘောကျလေ့ရှိတဲ့ အချက် (၅) ချက်

အမိန်းကလေးတွေ ယောက်ျားလေးတွေကို တိတ်တခိုးလေး သဘောကျမိတဲ့အချက်လေးတွေ ရှိတတ်ကြပါတယ်။ အထင်ကြီးတာမျိုးလို့ ဆိုရင်လည်း မမှားပါဘူး။ အဲ့ဒီအချက်တွေထဲက (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

 (၁) အသံ (Voice) အသံလုံးသေး စည်းချက်ကျပြီး ချစ်စရာကောင်းတဲ့ အသံလေး ပိုင်ဆိုင်ထားမယ်ဆိုရင် ကောင်မလေးတွေဆီက အထင်ကြီးလေးစားမှုကို အချိန်တိုအတွင်း ရရှိပါတယ်။

(၂) ရှင်းလင်းပြတ်သားတဲ့ လေသံ (Accents) ပါမောက္ခတစ်ဦးက ကောင်လေး တစ်ယောက်ကို သူတကယ် ဘွဲ့ရတစ်ယောက် ဟုတ်မဟုတ်မေးပါတယ်။ ဘာလို့လဲဆိုရင် သူ အင်္ဂလိပ်စကားကို လယ်သမားတစ်ယောက်လို လေသံနဲ့ ပြောနေလို့ဖြစ်ပါတယ်။ ကောင်းမွန်တဲ့လေသံ (accents) က သင့်ကို ထူးခြားစေပါတယ်။ ထူးခြားကောင်းမွန်ခြင်းကြောင့် အထင်ကြီးလေးစားမှုကို ရစေပါတယ်။

 (၃) အရည်အချင်း (Talent) မိန်းကလေးတွေ ယောက်ျားတွေဆီက လေးစား သဘောကျတဲ့ အရည်အချင်းနှစ်ခုက အကနဲ့ သီချင်းဆိုခြင်း ဖြစ်ပါတယ်။

 (၄) ထူးချွန်ထက်မြက်ခြင်း (Brilliancy) ထူးချွန်ထက်မြက်မှုဆိုတာ လေးစား သဘောကျမှုကို အလိုအလျောက် ဝင်ရောက်သွားစေတဲ့ တံခါးမကြီး တစ်ခုပဲဖြစ်ပါတယ်။

 (၅) စိတ်အေးဆေးတည်ငြိမ်မှု (Calmness) ပြသနာ ထိပ်တိုက် ရင်ဆိုင်ရတဲ့အချိန်မှာ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ အေးဆေး ညင်သာစွာ ရှိနေတဲ့အခါ သူမ သင့်ကို ငေးစိုက်ကြည့်နေပါလိမ့်မယ်။

Credit :Trend Myanmar

အမြင်အာရုံ ကျန်းမာရေးအတွက် နည်းလမ်း ၁၀-ချက်

အမြင် အာရုံ ကျန်းမာရေး အတွက် လူတိုင်း လိုက်နာ သင့်တဲ့ နည်းလမ်းတွေကို ရေးသားလိုက်ရပါတယ်။

 ၁)ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
အဝလွန်တာက မျက်စိ အမြင်အာရုံကို ထိခိုက်စေတဲ့ အဓိက အကြောင်းရင်း လေးရပ်နဲ့ ဆက်စပ်မှု ရှိတယ်လို့  Royal National Institute for the Blind က ဆိုပါတယ်။ အဝလွန်တာကြောင့် ဖြစ်နှုန်း မြင့်မားစေတဲ့ အကြောင်းရင်း လေးခုက ရေတိမ် ရောဂါ၊ အသက်အရွယ်ကြောင့် ဖြစ်တဲ့ မက်ကူလာယိုယွင်း ပျက်စီးတာ၊ ဆီးချိုကြောင့် အာရုံကြော ထိခိုက်တာနဲ့ အတွင်းတိမ် ရောဂါ တို့ ဖြစ်တယ်လို့ ရှင်းပြပါတယ်။ လူတွေမှာ BMI၃၅-နဲ့ အထက် မြင့်တက်နေရင် BMI ၂၂-အောက် လျော့နည်းသူတွေထက် ဆီး ချိုရောဂါ ဖြစ်နိုင်ခြေ ၈၀-ဆ မြင့်တက်နေတယ်လို့ သိရပါတယ်။ အဝလွန်တာကြောင့် အတွင်းတိမ် ဖြစ်နိုင်ခြေကလည်း နှစ်ဆ တိုး သွားတယ်လို့ ဆိုပါတယ်။ဒါကြောင့် မျက်စိ ကျန်းမာရေး အတွက် ကိုယ်အလေးချိန်ကို ထိန်းဖို့ လို ပါတယ်။

  ၂)မုန်လာဥနီ စားပါ
 လူ ၄၃%ဟာ အာဟာရ ချို့ တဲ့မှုကြောင့် မျက်စိ ကျန်းမာရေး ထိခိုက်မှု ဖြစ်နေတာကို သတိမမူမိကြကြောင်း Health Sight Survey ရဲ့ လေ့လာမှု အရ သိရပါတယ်။အာဟာရ ချို့ တဲ့မှုဖြစ်ရင် အသက်ကြီးတာကြောင့် ဖြစ်တဲ့ မက်ကူလာ ယိုယွင်း ပျက်စီးမှု(AMD)ဖြစ်နှုန်းကို မြင့်တက်စေနိုင်ပါတယ်။ မျက်စိ ကျန်းမာရေးအတွက် အင်တီအောက်ဆီးဒင့် တွေက အရေးပါ ပါ တယ်။ အရောင်ရင့်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ ထဲမှာ တွေ့ ရတဲ့ လူတင်နဲ့ ဇီဇန်သင်းဓာတ်တွေကလည်း မက်ကူလာကို အကာအကွယ် ပေးနိုင်ပါတယ်။ဒါကြောင့်

သက်ကြီးစကား (ဟာသ)

ကျွန်တော့် အဖွားသည် အသက် 90ရှိနေပြီဖြစ်သော်လည်း ကျမ်းမာရေးက ဒေါင်ဒေါင်မြည်နေဆဲပင်။

သို့သော်... လူတကာနှင့်တွေ့တိုင်း... ကျမ်းမာရေးမကောင်းကြောင်း၊ မျက်စိ မကောင်းတော့ကြောင်း အမြဲ ညီးနေတတ်၏။
တနေ့ ကျွန်တော့်အဖွားကိုသွားတွေ့ရာ..

"ဟဲ့... ဘယ်သူတုန်း..."
"အဖွားရဲ့မြေး အောင်အောင်လေ"
"အော်...အေးအေး.....အဖွားက အသက်ကြီးပါပြီကွယ်... မျက်စိလည်း ကောင်းတော့တာမှမဟုတ်တာ"....
ဟု ညီးနေရာမှ...

"နေပါဦး... မြေးလေးရယ်...ဟို အိမ်ရှေ့က (10 ပေလေက်ကွာဝေးတဲ့) မာလကာပင်ပေါ်က မာလကာသီး တစ်လုံး မှည့်နေတာတွေ့တယ်..
သွားခူးပေးပါဦးကွယ်"

ဟူသတည်း။


Credit : maymaydim

ကိုယ့်အချစ်သူအပေါ် တကယ်ကောင်းတဲ့ ယောင်္ကျားတွေဟာ ဒီအချက် ( ၇) ချက်ကို ဘယ်တော့မှာ ပြုလုပ်လေ့မရှိတာ

ခုပြောပြမယ့် အကြောင်းဟာ ယောင်္ကျားကောင်းတွေအကြောင်း ဆိုတာထက်
ကိုယ့်ချစ်သူမိန်းကလေးအပေါ် တကယ်ချစ်၊ တကယ်ကောင်းတဲ့သူတွေအကြောင်းလို့
ပြောရင်ပိုမှန်ပါလိမ့်မယ်။ သူတို့တွေ ပြုမူလုပ်ဆောင်လိုက်တဲ့ အရာတွေကြောင့်
 သူတို့ရဲ့ ချစ်သူကောင်မလေးဟာ  အကြပ်ရိုက်သွားတာမျိုး မရှိတတ်သလို
အချစ်ရေးကိုလည်း ပိုမိုခိုင်မြဲအောင် ထိန်းထားနိုင်ကြတာတွေ့ရပါတယ်။

၁။ယောင်္ကျားကောင်းဆိုတာ ကိုယ့်ချစ်သူရဲ့ အသွင်အပြင်နဲ့ပတ်သက်ပြီး
ဝေဖန်ပြောဆိုတာမျိုး မလုပ်ပါဘူး။

မင်းဆံပင်သာ ဒီ့ထက်ရှည်မယ်ဆိုရင် သိပ်ကောင်းမှာပဲ တို့၊ ဒီ့ထက်ပိန်မှ
ချစ်မှာနော်တို့ စသဖြင့် ကိုယ့်ချစ်သူကောင်မလေးရဲ့ အားနည်းချက်တစ်ခုခုကို
ထောက်ပြပြောဆိုလေ့ရှိတဲ့သူတွေဟာ ယောင်္ကျားကောင်း မဟုတ်ပါဘူး။ အထူးသဖြင့်
ချစ်သူကောင်းမဟုတ်ပါဘူး။ လူတစ်ယောက်ကို ချစ်ပြီဆိုရင်
သူနဲ့ပတ်သက်သမျှအရာရာတိုင်းကို လက်ခံနားလည်ပေးနိုင်တဲ့သူသာ
ကောင်းမွန်သင့်တော်တဲ့ ချစ်သူပါ။

၂။ယောင်္ကျားကောင်းဆိုတာ

လူတစ်ယောက်ကို ကြည့်လိုက်တာနဲ့ သူ့ အကြောင်း သင်ချက်ချင်းပြောနိုင်မယ့် အချက်(၅)ချက်

ကျွန်တော်တို့ ကလေးတုန်းကတော့ ကျွန်တော်တို့ တွေရဲ့ အာရုံခံအင်္ဂါငါးမျိုးကို အသုံးချပြီး ဒီလောကကြီး အကြောင်းကို လေ့လာဆည်းပူးခဲ့ကြရပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်က အရာတွေကို ဂရုတစိုက် ကြည့်ရှု မှတ်တယ်။ ထိတွေ့ ပြီး လေ့လာတယ်။ တွေ့ သမျှကို အရသာခံကြည့်တယ်။ အနံ့ ပေါင်းစုံရှူကြည့်ကြတယ်။ ဒါမှမဟုတ် နားနဲ့ နားထောင်ပြီး ဒီလောကကြီးအကြောင်း သင်ယူခဲ့ကြပါတယ်။ ကျွန်တော်တို့ လူလားမြောက်လာ ချိန်မှာတော့ ဒီအာရုံခံအင်္ဂါအချို့ ကို သိပ်အသုံးချအားကိုးမှု မရှိတော့ပေမယ့် ကျွန်တော်တို့ ဟာ လူတစ်ယောက်ကို ကြည့်လိုက်ရုံနဲ့ အဲဒီလူအကြောင်းကို သိရှိနိုင်တယ်လို့ Time မဂ္ဂဇင်းရဲ့ ဆောင်းပါးတစ်ခုမှာ ဖော်ပြထားပါတယ်။

၁။ သူတို့ ရဲ့ ပင်ကိုယ်စရိုက်တွေက ဘာလဲဆိုတာ

လူတစ်ယောက်ရဲ့ အပြင်ပန်းပုံစံ၊အပြုအမူတွေကိုကြည့်ပြီးတော့ သူတို့ ရဲ့ စရိုက်အထွေထွေကို ခန့် မှန်းနိုင်ကြောင်း လေ့လာမှု တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။ ဒီလူ ဘယ်လောက်ဖော်ရွေလဲ၊ ဘယ်လောက် မာနကြီးလဲ၊ ဒါမှမဟုတ် ဘယ်လောက် ဘာသာရေးကိုင်းရှိုင်းလဲဆိုတာ သူ့ ရဲ့ ပုံစံသွင်ပြင်မှာတင် သိနိုင်တယ်လို့ ဆိုပါတယ်။ ဒီ့အပြင် စိုးရိမ်ပူပန်မှုတွေ မရှိတဲ့စိတ်အေးလက်အေးကိုယ်ဟန်အနေအထား နဲ့ လူတစ်ယောက်ရဲ့ ဓာတ်ပုံကိုကြည့်တာနဲ့ ဒီလူဟာ စိတ်ဓာတ် တည်ငြိမ်တယ်၊ ခင်ဖို့ ကောင်းတယ်၊ ပျော်တတ်တယ် ဆိုတာ ပြောနိုင်တယ်လို့ ဆိုပါတယ်။

၂။ ဒီလူဟာ ထက်မြက်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်မလားဆိုတာ

New Scientist ၀က်ဘ်ဆိုဒ်မှာဖော်ပြထားချက်အရ၊ အရည်အချင်းရှိပြီး၊ဒီအလုပ်နဲ့ သင့်တော်တယ်လို့ ထင်ရတဲ့ ပုံစံပေါက်တဲ့နိုင်ငံရေးသမားတွေဟာ ရွေးကောက်တင်မြှောက်ခံရခြေ ပိုများပြီး၊ သြဇာကြီးတဲ့ပုံစံပေါက်တဲ့ CEO ဟာ အမြတ်အစွန်းပိုကြီးတဲ့ကုမ္ပဏီတစ်ခုကို ကိုင်ရနိုင်ခြေပိုများကြောင်း လေ့လာတင်ပြထားပါတယ်။

၃။ ဒီလူက ရာဇ၀တ်ကောင်လားဆိုတာ

လေ့လာမှုတစ်ခုမှာပါဝင်သူတွေကို ရာဇ၀တ်သမားတွေနဲ့ ရာဇ၀တ်သမားမဟုတ်သူတွေရဲ့

လေတက်တာ သက်သာစေဖို့

အစာမကြေလို့ပဲဖြစ်ဖြစ်၊ လေပွတဲ့အခါပဲဖြစ်ဖြစ် လေတက်တာမျိုးကို မကြာခဏကြုံဖူးလေ့ရှိကြ ပြီး လေတက်တာကြောင့် လည်း စိတ်အနှောင့်အယှက်ဖြစ်ရလေ့ရှိပါတယ်။ အဲဒီလိုအခြေအနေမျိုးတွေကို ကျော်လွှားနိုင်မယ့် အိမ် တွင်းနည်းလမ်းလေးတွေရှိတာကြောင့် အသုံးဝင်မယ်ထင်လို့ မျှဝေပေးလိုက်ပါတယ်။

ချင်းကတော့ လေပြဿနာအတွက်ဆိုရင် အထိရောက်ဆုံးသဘာဝဆေးပါ။ ချင်းနှစ်ပြားလောက်ပါးပါးလှီး၊ ရေနွေးဆူဆူထဲထည့်၊ ၁၀ မိနစ်လောက်ထားပြီး ပျားရည်၊ သံပရာရည်နည်းနည်းစီ ထည့်ဖျော်ကာ တစ်နေ့သုံးကြိမ်လောက်သောက်ပေးနိုင်ပါတယ်။
နောက်တစ်နည်းကတော့ ပူဒီနာရွက်ခြောက်လက်ဖက်ရည် တစ်ဇွန်းကို ရေနွေးဆူဆူထဲခတ်၊ ၁၀ မိနစ်လောက်ထားပြီး ရေနွေးကြမ်းလိုမကြာခဏသောက်ပေးနိုင်ပါတယ်။
အိမ်မှာ ဖာလာစေ့အဆင်သင့်ရှိတယ်ဆိုရင်လည်း အစာကြေစေဖို့အတွက် ၀ါးစားပေးနိုင်သလို ဖာလာစေ့လက်ဖက်ရည် တစ်ဇွန်းစာလောက်ကို ထုထောင်းပြီး ရေနွေးဆူဆူထဲထည့်ကာ ထမင်းစားပြီးတိုင်း သောက်ပေးနိုင်ပါတယ်။

တိုင်းရင်းဆေးအနေနဲ့ဆိုရင် စမုန်နက်၊ စမုန်စပါးကလည်း အစာမကြေတာတွေ၊ လေပွတာတွေ၊ ရင်ပူရင်ဆာဖြစ်တာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ လှော်ထားတဲ့ စမုန်နက်လက်ဖက်ရည်တစ်ဇွန်းကို တစ်နေ့နှစ်ကြိမ်၊ သုံးကြိမ်ဝါးစားပေးနိုင်သလို ရေနွေးစိမ်ပြီး တစ်နေ့ နှစ်ကြိမ်လောက်ပုံမှန်သောက်ရင်လည်း အစာကြေစေပါတယ်။

ပင်စိမ်းရွက် လေး၊ ငါးရွက်လောက်ကို နံနက်တိုင်းဝါးစားပေးရင် လေတက်ခြင်းက ကာကွယ်နိုင်သလို ပင်စိမ်းရေနွေးကြမ်း သောက်ရင်လည်း ကာကွယ်ပြီးသားဖြစ်စေတယ်လို့ ဆိုပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ လေပွစေတဲ့အစာတွေ ခဏခဏစားတာရှောင်ရှားဖို့ပဲ ဖြစ်ပါတယ်။
Credit : 7Day Daily

မိတ်ကပ်မလိမ်းပဲ သဘာဝအတိုင်းလေးပဲ လှချင်တယ်ဆိုရင် ...

အမျိုးသမီးတော်တော်များများကတော့ မိတ်ကပ်က လူတစ်ယောက်ကို ကြည့်ကောင်းပြီး လှပစေတဲ့ အကောင်းဆုံးနည်းလို့ ထင်ကြပါတယ်။ ဒါပေမယ့် မှန်ရှေ့မှာ အချိန်ပေးပြီး တစ်ရက်တစ်ရက် မိတ်ကပ်လိမ်းရတာ ကိုတော့ နှစ်သက်တဲ့လူ နည်းပါလိမ့်မယ်။ ဒါဟာအချိန်လည်း ပေးရတာမို့ တစ်ရက်စာ အပြင်မသွားခင် မှန်တင်ခုံရှေ့ အချိန်အများကြီး မပေးနိုင်တဲ့သူတွေအတွက် နည်းလမ်းလေးတွေ ဝေမျှပေးချင်ပါတယ်။ တစ်ခါတစ်လေ ဖောင်ဒေးရှင်းတွေ လိမ်းမထားပဲ၊ mascara တွေဆိုးမထားပဲ အမျိုးသမီးတွေ ဘယ်လောက်ကြည့်ကောင်းကြတယ်ဆိုတာ သူတို့ကိုယ်တိုင် မသိကြပါဘူး။ ဒီတော့ မိတ်ကပ်မလိမ်းပဲနဲ့လည်း လှနေအောင်၊ ကြည့်ကောင်းနေအောင် ဒီနည်းလေးတွေအတိုင်း လိုက်နာကျင့်သုံးကြည့်လိုက်ပါ။

၁။မနက်တိုင်း၊ ညတိုင်း တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပေးပါ။

ဒီအချက်ကတော့ အထူးပြောနေစရာ မလိုပါဘူး။ မနက်နိုးတဲ့အခါ မျက်နှာသစ်ပေးဖို့နဲ့၊ အိပ်ခါနီး ဒါမှမဟုတ် အပြင်က ပြန်ရောက်တဲ့အချိန် မျက်နှာသစ်ပေးဖို့ လိုပါတယ်။ အနည်းဆုံးတစ်နေ့နှစ်ကြိမ် မျက်နှာကို ဆေးကြောသန့်စင်ပေးဖို့ပါ။  ဒီအချက်က အရေးမကြီးဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့်

သင့်အလှအပအတွက် အသုံးဝင်လွန်းလှတဲ့ သံပုယိုသီး အသုံးများ

သံပုရာဖျော်ရည်တို့၊ ကြက်သံပရာတို့ကို သင်ကြိုက်ကောာင်းကြိုက်ပါလိမ့်မယ်။ သင့်ဆံကေသာနဲ့ အသားအရေအတွက်ဆိုရင် ပိုလို့တောင် ကြိုက်သင့်ပါတယ်။ သံပုယိုသီးတွေမှာလည်း အလှအပဆိုင်ရာ အကျိုးပြုချက်တွေ အများကြီးရှိပါတယ်။ အဲ့ဒီ့ထဲကမှ ဖြစ်ထွန်းတဲ့ အသုံးတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

အဆီရှင်းပြီး အစိုဓာတ်ထိန်းမယ်။

အုန်းရည်စက် အနည်းငယ်နဲ့ သံပရိုရည်စက် အနည်းငယ်ကိုရောပါ။ အုန်းရည်က သင့်အသားအရည်ကို ရေဓာတ်ပြည့်စေမှာဖြစ်ပြီး သံပုယိုရည်ကတော့ အဆီဖယ်ရှားပေးပြီး အသားအရည်ကို တောက်ပစေပါတယ်။

တံတောင်ဆစ်နဲ့ ဒူးက မည်းနေတာတွေကို ချွတ်မယ်။

တံတောင်ဆစ်နဲ့ ဒူးတွေ မဲနေတယ်ဆိုရင် သံပရိုကို ထက်ခြမ်းခြမ်းပြီး ပွတ်ပါ။ မှော်ဆန်ဆန် အစွမ်းသတ္တိကို တွေ့ရပါလိမ့်မယ်။

ဆားဝက်ခြံ ကုမယ်။

သံပုယိုသီးဟာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပါတယ်။ ၀က်ခြံပျောက်အောင် လုပ်တဲ့နေရာမှာ

ဆေးဖက်ဝင် ရှောက်သီးနှင့် ရှောက်မြစ် အကြောင်း

၁)အုန်းနို့ ခေါက်ဆွဲ၊ ဒံပေါက်၊ မုန့်ဟင်းခါး အ၀ စားမိသည့် အခါတွင် ရှောက်ဖျော် ရည်ကို သောက်ပေးခြင်းဖြင့် သွေး တိုး၊ သွေးတက်၊ အစာမကြေ ခြင်းမှ ပြေပျောက် စေသည်။

(၂)အစာအဟာရ များကို မမှီဝဲချင်ဘဲ လေခံနေခြင်း။ လေများ မကြာခဏ ပျို့အန်ခြင်းနှင့် အစာမကြေခြင်းများ ဖြစ်နေ ပါက ရှောက်သီး တစ်စိတ်ကို နုပ်နုပ်စဉ်းကာ ထန်းလျက် တစ်ဆယ်သား ခန့်ဖြင့် ကျကျကျိုပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့် သောက်ပေး ရသည်။ ပြီးမနက် တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့် သောက်ပေး ရသည်။ ရင်မရှင်း မလင်း ခြင်းများ၊ အစာမကြေ၊ လေအန် လေဆန် နေခြင်းများ သက်သာ သွားမည်။

(၃)ခန္ဓာကိုယ်ရှိ အကြောများ အခံမရပ် နိုင်အောင် တက်ခြင်း။ အကျိတ်အဖု များထွက်ခြင်း၊ ပြင်းထန်စွာ ထိခိုက်လျက် အတွင်းကြေ ဒဏ်ရာ ရရှိခြင်းများ ဖြစ်ခဲ့လျှင် ရှောက်ရည် တစ်ဆ၊ နနွင်းမှုန့် တစ်ဆ၊ ထုံးတစ်ဆတို့ကို ရောလျက် မနက် ညတစ်ကြိမ်စီ လိမ်းပေးဖြင့် သက်သာ ပျောက်ကင်းသည်။

(၄)မီးယပ် အဆင်းများလျှင် မှူးဝေတက်သည်။ ရှောက်သီးနှင့် ထန်းလျက် ရောကာ ကျွေးပေး ရသည်။

(၅)သွေးတိုး ရောဂါ၇ှင် များအတွက် ရှောက်သီး အလုံးကြီး တစ်လုံး၏ အတွင်းသားများ၊ ထန်းလျက် စိတ်သား ဆားခါး တစ်ဆယ်သား၊ ကွမ်း၇ွက် သတ္တုရည် တစ်ဆယ်သား တို့ကိုစုရော ထောင်းပြီး နေ့တစ်နေ့ လှန်းပေးရသည်။ မနက် ဟင်းစား ဇွန်းတစ်ဇွန်း၊ ညဟင်းစား တစ်ဇွန်း မှန်မှန် သောက်ခြင်းဖြင့် သွေးတိုးရောဂါမှ ပျောက်ကင်း စေပါသည်။

(၆)ရှောက်ခွံများကို ပါးပါးလှီးကာ အခြောက်လှန်း ရသည်။ ခြောက်သွေ့သွားလျှင် မီးတောက် အရက်နှင့် ခုနှစ်ရက်စိမ်ထားရသည်။ လေငန်းကြောင့် ပါး၇ွဲ့၊ ပါးစပ်ရွဲ့၊ လက်ကပ်၊ လက်မြှောက် မရ၊ ခြေတစ်ဖက်ဆွဲ များကို နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးခြင်းဖြင့် သက်သာ ပျောက်ကင်းသည်။

(၇)သနပ်ခါးကို ပျစ်ပျစ်သွေးပြီး ရှောက်ရည် မပြစ်မကျဲ ညှစ်ထည့်ပါ။ ထိုသနပ်ခါးကို နေ့စဉ်မှန်မှန် လိမ်းပေးခြင်းဖြင့် အသားအရေ ချောမွေ့ပြီး ၀က်ခြံ၊ တင်းတိတ်၊ မှဲ့ခြောက်များ ပျောက်ကင်း စေသည်။

ဆေးဖက်ဝင် ရှောက်မြစ်

(၁)အနာ ပေါက်လာလျှင် ရှောက်ပင်မှ အမြစ်ကို တူးကာ ရေစင်အောင် ဆေးပြီး မကြာခဏ လိမ်းပါ။ နုလျှင်ပိန် ရင့်လျှင်ပေါက် အမြန်ပျောက်သည်။

(၂)အကြာခဏအန်လျှင်ေ၇ှာက်မြစ်သွေး၇ည်နှင့် ပျား၇ည် ရောစပ်ကာ ဟင်းစားဇွန်း တစ်ဇွန်း တိုက်ပေးခြင်းဖြင့် အအန် ရပ်သွားမည်။

(၃) ကလေးများ မကြာခဏ နို့အန်ရောဂါ ဖြစ်နေလျှင် ရှောက်မြစ်ကို သွေးပြီး ၆လသားအတွင်း တစ်ပဲသားအထိ ကော်ဖီဇွန်းဖြင့် တိုက်ကျွေးပါ။

(၄)နှလုံးရောင်၊ လေထိုးလေပွ၊ လက်ပြင် ငုတ်ခြင်းနှင့် နာကျင် ကိုက်ခဲခြင်း တို့အတွက် ရှောက်မြစ် သွေးရည်၊ ပျားရည် ဆတူစပ်၍ ကာဟင်းစားဇွန်း တစ်ဇွန်းစာကို မနက်၊ ညတစ်ကြိမ်စီ သောက်ပါ။

Credit: ဆုမွန်(lapyaelynn)

အမာရွတ်ပျောက်စေမယ့် နည်းလမ်းတွေ

အရေပြားမှာ မတော်တဆမှု ကြောင့် ထိခိုက်ဒဏ်ရာတစ်ခုခုရ ခဲ့ရင်ပဲဖြစ်ဖြစ် အင်းဆက်ကိုက်၊ အပူလောင်၊ ပြတ်ရှ၊ ဝက်ခြံဒဏ် ရာ စသဖြင့် အကြောင်းအမျိုးမျိုး ကြောင့် အမာရွတ်တွေကျန်ခဲ့ရင် သဘာဝနည်းလမ်းနဲ့ ပျောက်ကင်း အောင်လုပ်နိုင်ဖို့ မျှဝေပေးချင်ပါ တယ်။ ရှားစောင်းလက်ပပ်အပေါ် လွှာကိုခွာ၊ ဂျယ်လီဖတ်လေးတွေ နဲ့ အမာရွတ်ရှိတဲ့နေရာကို သုတ် လိမ်းပေး၊ နာရီဝက်လောက်ထား ပြီး ရေဆေးချတာမျိုး တစ်နေ့နှစ် ကြိမ်လောက် ပုံမှန်လုပ်ပေးရင် အမာရွတ်တွေ ပျောက်ကင်းစေပါ တယ်။

အုန်းဆီအနည်းငယ်ကိုအပူ ပေး၊ အမာရွတ်ရှိတဲ့နေရာကို သုတ်လိမ်းပြီး ၁၀ မိနစ်လောက် နှိပ်နယ်ပေးတာမျိုး တစ်နေ့နှစ် ကြိမ်ကနေ လေးကြိမ်လောက် လုပ်ပေးရင် သက်သာပျောက် ကင်းစေပါတယ်။

ဗီတာမင်အီးအဆီ၊ သံလွင် ဆီ၊ စန္ဒကူးနံ့သာဆီရှိရင်လည်း အမာရွတ်ပေါ် ပုံမှန်လိမ်းပေး တယ်ဆိုရင် တဖြည်းဖြည်းပါးပြီး ပျောက်ကင်းစေသလို သံပရာသီး နဲ့ အမာရွတ်ရှိတဲ့နေရာကို ပွတ်၊ ၁၀ မိနစ်လောက်ထားပြီး ရေဆေးပစ်တာမျိုး တစ်နေ့တစ်ကြိမ်လုပ် ပေးရင်း ပျောက်ကင်းအောင်လုပ် နိုင်ပါတယ်။

နောက်တစ်နည်းက ပျား ရည်ကို အမာရွတ်ပေါ်သုတ်၊ ပတ်တီးစည်းထားပြီး နောက်တစ်နေ့ မနက်ကျမှ ပတ်တီးဖြေ ဆေး ကြောတာမျိုး အိပ်ရာမဝင်ခင်တိုင်း လုပ်ပေးနိုင်ပါတယ်။ ပန်းသီးဗီနီဂါနဲ့လည်း အမာရွတ်ရှိတဲ့နေရာ ကို ပွတ်ဆေးနိုင်သလို ကိုကိုးထောပတ်ရှိရင်လည်း ဘယ်အမာရွတ် မျိုးမဆို သုတ်လိမ်းပေးရင် သက် သာပျောက်ကင်းစေပါတယ်။
Credit : 7Day Daily

မျက်နှာပေါ်အရေးကြောင်းတွေဖြစ်စေတဲ့ အပြုအမူများ

မျက်နှာပေါ်ရှိ အရေးအကြောင်းတွေက လူ့ သက်တမ်းရဲ့ ဇရာကိုဖော်ပြနေခြင်းဖြစ်ပါတယ်။
မှားယွင်းတဲ့အနေအထိုင်အပြုအမူများ က အရေပြားဇရာအိုစောစေနိုင်တာကြောင့်
အမြန်ဆုံးပြုပြင် ဆင်ခြင်ဖို့ လိုပါတယ်။
 ၁။ ဆေးလိပ်သောက်ခြင်း။
မျက်နှာပေါ်ရှိအရေးကြောင်းတွေဖြစ်လာစေတဲ့ အဓိကပြဿနာဟာ
ဆေးလိပ်သောက်ခြင်းကြောင့်ပါဘဲ။ ဒါကြောင့် ဆေးလိပ် ဖြတ်ခြင်းဖြင့်
မိမိမျက်နှာပေါ်ကအရေးကြောင်းတွေကို လျော့ချကြပါရန် အလှအပဆိုင်ရာ
အရေပြားရောဂါအထူးကု ခွဲစိပ်ဆရာ ၀န်တစ်ဦးဖြစ်သူ ဒေါက်တာ Joel Schlessinger က
LovelySkin.com(ခေါ်)၀က်ပေ့ခ်ျ မှာ အကြံပြုထားပါတယ်။

၂။ အချိုကဲတဲ့အစားအစာများ။
ဓာတုပစ္စည်းဖြင့်ပြုပြင်ထားတဲ့ ဖြူဆွတ်ဆွတ်သကြားမှုန့် များနှင့် ထိုသကြားမှုန်
့တွေကဲထားတဲ့ အစားအစာတွေက ခန္ဓာကိုယ် အလေးချိန် တက်စေတဲ့အပြင်၊
သကြားမော်လီကျူးတွေက အရေပြားတည်ဆောက်မှုကို ကမောက်ကမဖြစ်စေကာ၊ အရေပြား
ကော်လာဂျင်ဓာတ်တွေကို ထိခိုက်စေတာကြောင့် အရေပြားဇရာအို စောစေပါတယ်။

၃။ ယမကာမှီဝဲခြင်း။
အရေပြားပေါ် ကောင်းမွန်တဲ့ ဆဲလ်အသစ်တွေတည်ဆောက်နိုင်စေဖို့ အတွက် ဗီတာမင်အေက
မရှိမဖြစ်လေးပါ။ သို သော့် အယ် လ်ကိုဟောလ်ပါတဲ့ အရက်ယမကာတွေက ဗီတာမင်အေကို
ဆုံးရှုံးစေကာ၊ ကော်လာဂျင် ထုတ်လုပ်မှုကိုဟန့် တားပစ်လိုက် တာကြောင့်
အရေပြားအစိုဓာတ်ကို ခမ်းခြောက်သွားစေပြီး၊ ကျု့ံဆန့် နိုင်မှုကိုလျော့ကျစေကာ
အရေးကြောင်းဖြစ်စေပါတော့ တယ်။ ဒါကြောင့် ယမကာအမျိုးမျိုးကိုမှီဝဲခြင်းမှ
ရှောင်ကြဉ်ကြပါရန် အရေပြားခွဲစိပ်ဆရာဝန် James C. Marotta က တိုက်တွန်း
ထားပါတယ်။

၎။ ပီကေ၀ါးခြင်း။
မိမိမျက်နှာအသားအရေကို ထိန်းသိမ်းစောင့်ရှောက်သည့် အနေဖြင့်

အမျိုးသားတွေ သိထားသင့်တဲ့ မိန်းကလေးတွေရဲ့ စကားအသုံးအနှုန်းနဲ့ အထာများ

မိန်းကလေးတွေဟာ တစ်ခါတစ်လေ လျှို့ဝှက် မျိုသိပ်တတ်သူတွေပါ။ သူတို့
တိုက်ရိုက်ဖွင့်ပြောရမှာထက် တစ်ဖက်လူက
ကိုယ့်ကိုပြောချင်မေးစေချင်ကြတာမျိုးတွေ ရှိပါတယ်။ ဒီတော့
မိန်းကလေးတွေရဲ့စကားအသုံးအနှုန်းတွေကို ကြည့်ပြီး သူတို့ဘယ်လို
အထာပေးတယ်ဆိုတာ ကြည့်လိုက်ရအောင်။

၁။ ငါ နင့်ကို မခေါ်တာဟာ… နင်ငါ့ကိုခေါ်ဖို့  စောင့်နေတာပါ။

၂။ ငါစိတ်ဆိုးဒေါသထွက်ပြီး နင့်ဆီက ထွက်သွားတဲ့အခါ… ကျေးဇူးပြု၍
ငါ့နောက်ကနေ လိုက်လာပါ။

၃။ ငါနင့်ကို တွန်းထုတ်ပြီး ထိမိတဲ့အခါ… ငါ့ကို လှမ်းဆွဲပြီး ထွက်သွားခွင့်
 မပေးပါနဲ့။

၎။ ငါမင်းကို မသိချင်ယောင်ဆောင်နေတဲ့အခါ… ဂရုစိုက်မှုကို ပေးပါ။

၅။ ငါနင့်ကို မုန်းတယ်ပြောတဲ့အခါ… ငါတော့ နင့်ကို ချစ်တယ်လို့ ပြောပေးပါ။

၆။ ငါချမ်းတယ်ပြောတဲ့အခါ… ငါ့ကို တင်းတင်းဖက်ထားပေးပါ။

၇။ ငါ နင့်ကို ကလိထိုးတဲ့အခါ… ငါ့ကိုလည်း ပြန်ကလိထိုးပေးပါ။

၈။ ငါ နင့်ကို တစိမ့်စိမ့်ကြည့်နေတဲ့အခါ… ငါအနမ်းတစ်ပွင့် လိုချင်တာပါ။

၉။ ငါ ငိုလိုက်မှာနော်…ပြောအခါ… နင့်အစားငါ ငိုကြွေးပေးနိုင်တယ်လို့
ပြောပေးပါ။

၁၀။ ငါလက်လျော့ အရှုံးပေးတဲ့အခါ တို့နှစ်ယောက်အတွက် ငါတိုက်ပွဲဝင်ပါမယ်လို့
ပြောပြပါ။

နေ့ လယ်ဘက် အကြာကြီးအိပ်စက်ခြင်းက ဆီးချိုသွေးတိုးရစေနိုင်

တစ်နေ့ ကို နာရီဝက်လောက် နေ့ လယ်ဘက်အိပ်စက်ခြင်းက သင့်အတွက် ကောင်းမွန်စေနိုင်ပေမယ့် ဒီ ထက် အချိန်ကြာကြာပိုအိပ်မယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဂျပန်နိုင်ငံ၊ တိုကျိုတက္ကသိုလ်က သုတေသနပညာရှင်တွေပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ တစ်နေ့ ကို နေ့ လယ်ဘက် တစ်နာရီ ဒါမှမဟုတ် တစ်နာရီအထက် ပိုအိပ်ခြင်းဟာ ဆီးချိုဖြစ်နိုင်မှုကို ၄၆ ရာခိုင်နှုန်း ပိုမြင့်တက်စေတယ်လို့ ဆိုပါတယ်။ ဒီ့အပြင် နေ့ လယ်ဘက်မှာ အရမ်းအိပ်ချင်သလိုခံစားရတဲ့ လူတွေဟာ လည်း သာမန်လူတွေထက် ဆီးချို (၂) ရနိုင်ခြေ ၅၆ ရာခိုင်နှုန်းပိုများတယ်လို့ ဆိုပါတယ်။

ဆီးချိုဆိုတာ သွေးတွင်းသကြားဓာတ်ကို ခန္ဓာကိုယ်က ထိထိရောက်ရောက် မဖြိုခွင်းနိုင်တဲ့ ရောဂါအခြေအနေ တစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးက လူပေါင်း ၃၈၇ သန်းလောက်ဟာ ဆီးချိုရောဂါကို ခံစားနေရတယ်လို့ ဆိုပါတယ်။ ဆီးချိုကနေ နှလုံးရောဂါ၊ ကျောက်ကပ်ပျက်စီးမှု ၊ မျက်လုံးကွယ်မှုနဲ့ အဆိုးဆုံး အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ အင်ဆူလင်ဟော်မုန်းကို ခန္ဓာကိုယ်က ခံနိုင်ရည် ရှိနေမှုကြောင့် ဆီးချိုအမျိုးအစား (၂) ဖြစ်တာဖြစ်ပါတယ်။

ဒီလေ့လာမှုကို စတင်ခဲ့သူ Dr Tomohide Yamada က “ နေ့ လယ်ဘက်အလွန်အမင်း အိပ်ချင်မှုနဲ့  အချိန်ကြာကြာတစ်မှေးအိပ်တတ်ခြင်းတို့ က ဆီးချိုအမျိုးအစား ၂ ဖြစ်နိုင်ခြေမြင့်တက်မှုနဲ့ ဆက်စပ်နေတာကို တွေ့ ခဲ့ရပါတယ်။ ဒါပေမယ့် တစ်ခဏတာတစ်ရေးတစ်မောအိပ်တာကတော့ ဒီရောဂါရနိုင်ခြေကို မမြင့်တက် စေတာကိုလည်း တွေ့ ခဲ့ရပါတယ်။

“ တစ်ခဏတာအိပ်စက်ခြင်းဆိုတာက နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျခြင်း (deep slow-wave sleep) မတိုင်ခင်မှာ နိုးလာတာပါ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားပြီး အိပ်စက်မှုစက်ဝန်းတစ်ခုလုံးကိုလည်း ပြီး အောင်မအိပ်လိုက်ရဘူးဆိုရင် sleep inertia လို့ ခေါ်တဲ့ အိပ်ရေးမ၀ခြင်းပုံစံတစ်မျိုးကို ခံစားရပြီး လူ က မူးနောက်နောက်ဖြစ်နေမယ်၊ စိတ်ရှုပ်ထွေးနေမယ်၊ ပြီးတော့ တစ်ရေးမအိပ်ခင်ကထက်ကို မျက်လုံးဖွင့်မရအောင် ပိုအိပ်ချင်နေတာမျိုး ခံစားရပါလိမ့်မယ်” လို့ Dr Tomohide Yamada က ပြောပြခဲ့ပါတယ်။
Credit : Thithtoolwin

နေကြာစေ့နှင့် ကျန်းမာရေး

ကျန်းမာရေးကို ကောင်းကျိုး ဖြစ်ထွန်းစေမယ့် မုန့်ပဲသရေစာ တစ်မျိုးမျိုးကို ရှာနေပါသလား။ နေကြာစေ့လှော် လက်တစ်ဆုပ်စာကို သုံးဆောင်ကြည့်လိုက်ပါ။ ဗိုက်ပြည့်စေရုံသာမက အာဟာရဓာတ် များစွာကိုလည်း ပေးစွမ်းပါလိမ့်မယ်။ လှပ၀ါဝင်းတဲ့ နေကြာပန်းပွင့်များမှ လာတဲ့ နေကြာစေ့များမှာ အန္တရာယ် မဖြစ်စေတဲ့ သဘာဝ အဆီများလည်း ပါဝင်ပါသေးတယ်။    

           ဒါ့ကြောင့် နေကြာဆီက ကျန်းမာရေး အတွက် အထူးသင့်လျော်တဲ့ ဆီအမျိုးအစား များထဲမှာ တစ်ခု အပါအ၀င် ဖြစ်နေတာပေါ့။ နေကြာစေ့ရဲ့ အကျိုးကျေးဇူးများ ကတော့-

၁။ နေကြာစေ့မှာ ပါဝင်တဲ့ Vitamin-E က ပန်းနာရင်ကျပ်၊ ဒူးနာ၊ အဆစ် အမြစ်ရောင်ရမ်းခြင်း စသည်တို့ကို သက်သာ စေနိုင်ပါတယ်။

၂။ ဒါ့အပြင် နေကြာစေ့က အူမကြီး ကင်ဆာကို ကာကွယ်နိုင်ရုံသာမက အမျိုးသမီးများ မီးယပ် သွေးဆုံးချိန်မှာ ခံစားရတတ်တဲ့ ဝေဒနာများကို လျော့ပါး သက်သာစေပါတယ်။

၃။ နေကြာစေ့ဟာ ဆီးချို သွေးချိုရောဂါများ ဖြစ်ပွားမှုကို လျှော့ချတဲ့ နေရာမှာ များစွာ ကူညီပေးပါတယ်။

၎။ ထိုမျှသာမကသေး

ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းနှင့် ဆီးချိုရောဂါ ဆက်စပ်မှု

ကမ္ဘာတစ်ဝန်းရှိ လူအများ ကိုယ်လက်လှုပ်ရှားမှုလျော့နည်းလာပြီး ဥရောပဒေသရှိ အရွယ်ရောက်ပြီးသူ သုံးပုံတစ်ပုံနှင့်ကြီးကောင်ဝင်စ အရွယ် သုံးပုံနှစ်ပုံသည် ကိုယ်လက်လှုပ်ရှားမှုမလုံလောက်ဖြစ်နေ ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဖော်ပြသည်။

ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းမှာ ကျန်းမာရေးမကောင်း ဖြစ်စေသည့် အဓိကအကြောင်းရင်းတစ်ခု ဖြစ်လာသည်။ ဥရောပဒေသတွင် ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းကြောင့် မကူးစက်နိုင်သောရောဂါများဖြစ်ပွားမှု ပိုများလာကြောင်း သိရသည်။ ဥရောပဒေသတွင် အရွယ်မတိုင်မီ သေဆုံးမှုနှင့် အများဆုံးဖြစ်ပွားသော ရောဂါလေးမျိုး၌ ဆီးချိုရောဂါလည်း ပါဝင်သည်။
အခြားအဖြစ်များသော ရောဂါသုံးမျိုးမှာ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ကင်ဆာရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတို့ဖြစ်သည်။

ယင်းဒေသအတွင်း ဆီးချိုရောဂါဖြစ်နေကြောင်း စစ်ဆေးတွေ့ ရှိသူ သန်း ၆၀ ရှိပြီး ဆီးချိုရောဂါဖြစ်ပွားနေသူအားလုံး၏ ၅၀ ရာခိုင် နှုန်းကို စစ်ဆေးတွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။ ဆီးချိုရောဂါဖြစ်ပွားမှုမှာ

ကြောင်တွေရဲ့ လျှို့ဝှက်ချက်

အိမ် မွေး တိရိစ္ဆာန်တစ်မျိုး ဖြစ်တဲ့ကြောင်တွေဟာ ခွေးတွေပြီးရင် လူတွေ အများဆုံးမွေးဖြစ်တဲ့ ချစ်ခင် သဘောကျတဲ့ တိရိစ္ဆာန်တစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် ကြောင်ချစ်တတ်တဲ့သူတွေ အတွက် သူတို့ မသိသေးတဲ့ ကြောင်တွေနဲ့ ပတ်သက်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) သူတို့ဟာ ငလျင်နဲ့ ပတ်သက်တဲ့ ကြိုတင်အာရုံခံမှုတွေ လုပ်ဆောင် သိရှိနိုင်ပါတယ်။

(၂) သူတို့ဟာ အစားအစာတွေကို မ၀ါး၊ မကိုက်ပဲ မျိုချ ချေဖျက်နိုင်စွမ်းရှိပါတယ်။

(၃) သူတို့ဟာ အမြဲတမ်း တွေးတောနေတတ်ပါတယ်။

(၄) သူတို့ဟာ အိပ်မက် မက်နိုင်စွမ်းရှိပါတယ်။

(၅) သူတို့ဟာ လူတွေလို အပြစ်ပေးတယ်ဆိုတဲ့ အရာကို နားမလည်ပါဘူး။ အပြစ်တစ်ခုခုကြောင့် ရိုက်ရင်

လူတစ်ယောက်ဟာ ...........?

၁) လူတစ်ယောက်ဟာ အလွန်အကျွံ့ ရီမောမယ်ဆိုလျှင် သူသည် စိတ်အားငယ် တတ်တယ်။

(၂) လူတစ်ယောက်ဟာ ပုံမှန်ထက် ပိုပြီး အိပ်တတ်မယ်ဆိုလျှင် သူသည် ဝမ်းနည်းလွယ် ပါတယ်။

(၃) လူတစ်ယောက်သည် စကားနည်းမယ်ဆိုလျှင် ဒါမှမဟုတ် စကားပြောတာ မြန်မယ်ဆိုလျှင် သူသည် လျှို့ဝှက်တတ်သူ ဖြစ်ပါတယ်။

(၄) လူတစ်ယောက်သည် အတော်အတန် မငိုဘူးဆိုလျှင် သူသည် အားနည်းနေလို့ ဖြစ်ပါတယ်။

(၅) လူတစ်ယောက်သည် အစားစားရာတွင် ပုံမှန်မဟုတ်သော အပြုအမှုများနှင့် စားလျှင် သူသည် စိတ်ဖိစီးမှု တစ်စုံတစ်ရာ ရှိနေလို့ ဖြစ်ပါတယ်။

(၆) လူတစ်ယောက်သည် ဘာမဟုတ်သော ကိစ္စများမှာပင် မျက်ရည် ကျတယ်ဆိုရင် သူသည် စိတ်ထိခိုက် လွယ်သောသူ ဖြစ်ပါတယ်။

(၇) လူတစ်ယောက်သည် အသေးအမွှား ကိစ္စများမှာပင် စိတ်တိုဒေါသ ဖြစ်တယ် ဆိုရင် သူသည် ချစ်ခြင်းမေတ္တာလိုအပ် နေသောသူ ဖြစ်ပါတယ်။
Credit : .maymaydim

အပြုံးဆိုတာ ချစ်စရာကောင်းတဲ့ ကူးစက်ရောဂါတစ်မျိုး

တက္ကသိုလ်တစ်ခုမှာ ရုက္ခဗေဒဘာသာသင်တဲ့ ဆရာတစ်ဦးရှိတယ်။ အဲဒီဆရာသင်တဲ့ဘာသာရပ်က စိတ်ဝင်စားဖို့မကောင်းပေမယ့် သူ့အတန်းချိန်ဆိုရင် ကျောင်းသားတွေ အမြဲပြည့်နေတတ်တဲ့အပြင် အတန်းပြင် ဝရန်တာအထိ လာနားထောင်တဲ့ကျောင်းသားတွေ ရှိခဲ့တယ်။ သူဟာလုပ်သက်ရင့် ဆရာတစ်ဦး မဟုတ်သလို အသိပညာတွေ ပေါကြွယ်ဝနေသူလည်း မဟုတ်ပါဘူး။ အကြောင်းက သူရဲ့အရွှင်းအဖောက် ဟာသဉာဏ်ကြောင့်ဖြစ်တယ်။
တစ်ခါက ဆရာဟာ ကျောင်းသားတွေနဲ့အတူ မြင့်မားတဲ့တောတောင်တွေအထိ လက်တွေ့ဆင်းခဲ့ကြတယ်။ လမ်းမှာတွေ့တဲ့ အမျိုးအမည်မသိ အပင်တွေကို ကျောင်းသားတွေကမေးတိုင်း ဆရာကဖြေနိုင်ခဲ့တယ်။ ဒါကို ကျောင်းသားတစ်ယောက်က အားကျပြီး....

“ဆရာ... ဆရာက အသိဉာဏ်ပညာ ကြွယ်ဝလွန်းတယ်။ အပင်တိုင်းရဲ့ အမျိုးအစားကို ဆရာသိနေတယ်နော်” လို့ ဆိုတော့ ဆရာကနောက်လှည့်ပြီး

အရူးနှစ်ယောက်ရဲ့ ချစ်ပုံပြင်

ဟိုး ရှေးရှေးတုန်းက ဒီလိုအချစ်ပုံပြင်လေးတစ်ပုဒ်ရှိခဲ့ဖူးတယ်။

ပုံပြင်ထဲက ယောက်ျားနဲ့မိန်းမနှစ်ဦးစလုံးဟာ ရူးနေကြတယ်။
သူကရူးနေလို့ တစ်ချိန်လုံး အရူးစကားပဲပြောတတ်တယ်။ သူမကလည်းရူးနေပြီး တစ်ချိန်လုံး သူ့ကိုပဲ ခပ်တုံးတုံးရယ်ပြပြီး စိုက်ကြည့်နေတတ်တယ်။

အစက သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မသိကြဘူး။ သူက တောင်အရပ်မှာနေပြီး သူမက မြောက်အရပ်မှာနေတယ်။ အိမ်ကလူတွေက သူတို့နှစ်ယောက်ကို တုံးအတယ်ဆိုပြီး ဂရုမစိုက်ဘဲ သွားချင်ရာသွားဆိုပြီး စွန့်ပစ်ထားကြတယ်။ တောင်အရပ်ကနေ မြောက်အရပ်ဆီဦးတည်ပြီး သူထွက်လာခဲ့တယ်။ မြောက်အရပ်ကနေ တောင်အရပ်ဆီဦးတည်ပြီး သူမ လေလွင့်ခဲ့တယ်။

နှစ်ယောက်စလုံး လေလွင့်ခဲ့ကြတယ်…

တကယ်တော့ အရင်က သူ မရူးဘူး။

ဖေ့စ်ဘွတ်ခ်မိတ်ဆွေအများအပြားရှိသော ဆယ်ကျော်သက်များ စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျမှုအန္တရာယ်မြင့်မား

ဖေ့စ်ဘွတ်ခ်တွင် မိတ်ဆွေပိုများသော ဆယ်ကျော်သက်အရွယ်များ သည် စိတ်ဓာတ်ကျနိုင်သည့်အန္တရာယ်မြင့်မားစေသော စိတ်ဖိစီးမှု များ ပိုမိုကြုံတွေ့ရနိုင်ကြောင်း သုတေသနပြုမှုအသစ်တစ်ခုအရ သိရသည်။


ဆယ်ကျော်သက်များကြား လူမှုကွန်ရက်သုံးစွဲမှုမှာ မကြာမီနှစ်များက များစွာကြီးထွားလာခဲ့သည်။ Pew သုတေသနစင်တာ၏ ၂၀၁၂ က လေ့လာမှုတစ်ရပ်အရ အွန်လိုင်းအမြဲမပြတ် အသုံးပြုသည့်အသက်(၁၂)နှစ်နှင့် (၁၇)နှစ်ကြား ဆယ်ကျော်သက်များ၏ ၈၁ ရာခိုင်နှုန်းခန့်သည် လူမှုမီဒီယာတစ်မျိုးမျိုးအသုံးပြုကြပြီး ၎င်းတို့အနက် ၇၁ ရာခိုင်နှုန်းမှာ ဖေ့စ်ဘွတ်ခ်အသုံးပြုကြကြောင်း သိရသည်။

ယင်းကဲ့သို့ လူမှုဝက်ဘ်ဆိုက်များက

သွေးအမျိုးအစားက လူ၏စိတ်သဘောထားနဲ့ ကိုယ်ရည်ကိုယ်သွေးကို တိတိကျကျညွှန်ပြနေ

”လူတစ်ဦးစီ၏ သွေးအမျိုးအစားသည် ထိုသူ၏ စိတ်နေ သဘောထားနှင့် ကိုယ်ရည်ကိုယ်သွေး တို့ကို သိပ္ပံ နည်းကျစွာ တိတိကျကျ ညွှန်ပြနေပါသည်” ဟု ဂျပန်နိုင်ငံ တိုကျိုမြို့ သွေးအုပ်စု အမျိုးအစား သုတေသန သိပ္ပံ၏ ဌာနမှူး ”တိုရှီတာကာနိုမီ” ဆိုသူက ရှင်းလင်း တင်ပြခဲ့သည်။

သူသည် သွေးအမျိုးအစား ပိုင်ရှင် လူအမျိုးမျိုး တို့ကို နှစ်ပေါင်းများစွာသုတေသန ပြုခဲ့သူ ဖြစ်ရာ သူ၏ အယူအဆမှာ များစွာ လက်ခံနိုင်စရာ ရှိသည်။
အခြေခံ စိတ်နေသဘောထား
လူတို့သည် အေ၊ ဘီ၊ အေဘီနှင့် အို ဟူ၍သွေးအမျိုးအစား လေးမျိုး ရှိသည်။
မိမိ၏ သွေးအမျိုးအစား အလိုက် ရှိကြသော အခြေခံ စိတ်နေ သဘောထား များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ဘဝပေး အခြေအနေ၊ အချိန်အခါ၊ ပတ်ဝန်းကျင်အရ အနည်းနှင့် အများသာ ကွာခြား တတ်ကြသည်။

အိုသွေးပိုင်ရှင် တို့သည် လွန်စွာ ပြင်းပြင်းထန်ထန် တိတိကျကျ ပြတ်ပြတ်သားသား ဆောင်ရွက်တတ်သူများ ဖြစ်၍