အစာမကြေလို့ပဲဖြစ်ဖြစ်၊ လေပွတဲ့အခါပဲဖြစ်ဖြစ် လေတက်တာမျိုးကို
မကြာခဏကြုံဖူးလေ့ရှိကြ ပြီး လေတက်တာကြောင့် လည်း
စိတ်အနှောင့်အယှက်ဖြစ်ရလေ့ရှိပါတယ်။ အဲဒီလိုအခြေအနေမျိုးတွေကို
ကျော်လွှားနိုင်မယ့် အိမ် တွင်းနည်းလမ်းလေးတွေရှိတာကြောင့်
အသုံးဝင်မယ်ထင်လို့ မျှဝေပေးလိုက်ပါတယ်။
ချင်းကတော့ လေပြဿနာအတွက်ဆိုရင် အထိရောက်ဆုံးသဘာဝဆေးပါ။
ချင်းနှစ်ပြားလောက်ပါးပါးလှီး၊ ရေနွေးဆူဆူထဲထည့်၊ ၁၀ မိနစ်လောက်ထားပြီး
ပျားရည်၊ သံပရာရည်နည်းနည်းစီ ထည့်ဖျော်ကာ
တစ်နေ့သုံးကြိမ်လောက်သောက်ပေးနိုင်ပါတယ်။
နောက်တစ်နည်းကတော့ ပူဒီနာရွက်ခြောက်လက်ဖက်ရည် တစ်ဇွန်းကို
ရေနွေးဆူဆူထဲခတ်၊ ၁၀ မိနစ်လောက်ထားပြီး
ရေနွေးကြမ်းလိုမကြာခဏသောက်ပေးနိုင်ပါတယ်။
အိမ်မှာ ဖာလာစေ့အဆင်သင့်ရှိတယ်ဆိုရင်လည်း အစာကြေစေဖို့အတွက်
ဝါးစားပေးနိုင်သလို ဖာလာစေ့လက်ဖက်ရည် တစ်ဇွန်းစာလောက်ကို ထုထောင်းပြီး
ရေနွေးဆူဆူထဲထည့်ကာ ထမင်းစားပြီးတိုင်း သောက်ပေးနိုင်ပါတယ်။
တိုင်းရင်းဆေးအနေနဲ့ဆိုရင် စမုန်နက်၊ စမုန်စပါးကလည်း အစာမကြေတာတွေ၊
လေပွတာတွေ၊ ရင်ပူရင်ဆာဖြစ်တာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ လှော်ထားတဲ့
စမုန်နက်လက်ဖက်ရည်တစ်ဇွန်းကို တစ်နေ့နှစ်ကြိမ်၊
သုံးကြိမ်ဝါးစားပေးနိုင်သလို ရေနွေးစိမ်ပြီး တစ်နေ့
နှစ်ကြိမ်လောက်ပုံမှန်သောက်ရင်လည်း အစာကြေစေပါတယ်။
ပင်စိမ်းရွက် လေး၊ ငါးရွက်လောက်ကို နံနက်တိုင်းဝါးစားပေးရင် လေတက်ခြင်းက
ကာကွယ်နိုင်သလို ပင်စိမ်းရေနွေးကြမ်း သောက်ရင်လည်း
ကာကွယ်ပြီးသားဖြစ်စေတယ်လို့ ဆိုပါတယ်။ နောက်ဆုံးတစ်ချက်ကတော့
လေပွစေတဲ့အစာတွေ ခဏခဏစားတာရှောင်ရှားဖို့ပဲ ဖြစ်ပါတယ်။
Credit : 7Day Daily
No comments:
Post a Comment