သင့်ဘေးက သူငယ်ချင်းတွေ ဟာ စစ်မှန် တဲ့ သူငယ်ချင်း ဟုတ်မဟုတ်
ခွဲခြားနိုင်တဲ့ အချက် (၈) ချက် သင့်မှာ သူငယ်ချင်း တွေ အများကြီး ရှိတယ်
ဆိုပါစို့။ သူတို့ အားလုံးဟာ သင့်ရဲ့ သူငယ်ချင်း အစစ် အမှန်တွေ
ဖြစ်ရဲ့လား။ ဟုတ်ရဲ့လား။ သင် ဒုက္ခရောက်တဲ့ အချိန်၊ သင်ပြသနာ တစ်ခုခု ကြုံရတ
ဲ့အချိန် သင့်ဘေး မှာ သူတို့ရှိနေသေး ရဲ့လား။ ဒါမှ မဟုတ် စိတ်တူ
ကိုယ်တူဖြစ်ရဲ့လားဆိုတာ ဒီအချက် ကလေးတွေနဲ့ ခွဲခြားကြည့်ရအောင်။
၁။သင်ခေါ်တဲ့ အခါ သူတို့ ဘယ်တော့ မှ မငြင်းတတ်ဘူး။
ညဘက
်အပြင်ထွက်လည်တဲ့ အခါ၊ ဒါမှ မဟုတ် နေ့ခင်းဘက် ရှော့ပင် သွားတဲ့အခါ
ဘယ်အချိန် သူတို့ကို ခေါ်လိုက် ခေါ်လိုက် အကြောင်းပြပြီး ငြင်းလိုက်တာမျိုး
မရှိဘူး။ သင့် အတွက် သူတို့ အမြဲရှိပေးတယ်။
၂။သူတို့နဲ့ ဆို အသံ ကျယ်ကျယ်နဲ့ ကို အော်ဟစ် ရယ်မောဖြစ်တယ်။
သူများတွေ
နဲ့ ဘယ်လောက် ဟန်ဆောင်ရ ဟန်ဆောင်ရ၊ သူတို့နဲ့ဆို တကယ်ကို ပွင့်ပွင့်
လင်းလင်း ရှိလွန်း တယ်။ ပျော်နေရတဲ့ အချိန်တွေမှာ ဆို အသံကုန်
အော်ဟစ်ရယ်မောပစ်ဖို့လည်း မရှက်တော့ဘူး။
၃။အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေအတွက် သူတို့ ကူညီ စဉ်းစားပေးတယ်။
အလုပ်
အတွက်၊ နှလုံးသားရေးရာ နဲ့ မိသားစု ကိစ္စတွေ အားလုံးကို သူတို့နဲ့
တိုင်ပင်လို့ရတယ်။ သင် ဆုံးဖြတ်ချက် ချနိုင်ဖို့ သူတို့က ကူညီပေးတယ်။
၎။သူတို့နဲ့ ဆို ဟန်ဆောင် နေစရာ မလိုဘူး။
ကိုယ့်
သူငယ်ချင်း အရင်းတွေနဲ့ ဆို ဘာမှ ဟန်ဆောင်ခြယ်သ၊ ပြင်ဆင် နေစရာ မလိုဘူး။
ကိုယ့်ကိုလည်း သူတို့ မကဲ့ရဲ့ဘူး။ စကားပြောဆိုတာက အစ ကိုယ့်စိတ်ထဲ ရှိသလို
ပြောဆိုလို့ရတယ်။
၅။တစ်ဦးနဲ့ တစ်ဦး ဝေမျှ တတ်ကြတယ်။
အစား အသောက်၊ အ၀တ်အထည် ၊ တစ်ခါတစ်လေ ပိုက်ဆံတောင် ဝေမျှသုံးစွဲတတ်ကြတယ်။ စိတ် အနှောင့် အယှက်ဖြစ်တာ မျိုးဘယ်တော့မှ မရှိဘူး။
၆။ဆင်တူ ပစ္စည်းလေးတွေ ရှိချင်ကြတယ်။
သူငယ်ချင်းတွေ
ဟာ ငါ့လို ပစ္စည်း သူ့မှာ ရှိမှာ စိုးထိတ်တာမျိုး လုံးဝ မရှိပါဘူး။
အဆင်တူ၊ အသွေးတူ ဒီဇိုင်း မျိုးတွေကိုမှ အတူ ဆင်မြန်းကြချင် တာမျိုးပါ။
၇။ပေါက်တတ် ကရ လုပ်ဖို့လည်း ၀န်မလေးဘူး။
အသက်
ဘယ်လောက်ကြီးကြီး၊ ယူထားတဲ့ တာဝန်၊ အနေ အထား ဘယ်လောက်ရှိရှိ
သူငယ်ချင်းတွေနဲ့ တွေ့ချိန်တော့ ဘာကို မှ ဂရုမစိုက်ပဲ လုပ်ချင်တာ
လုပ်တတ်ကြပါတယ်။
၈။တစ်ယောက်ပိုက်ဆံပြတ်တဲ့ အချိန် တစ်ယောက်က ကူညီ ပေးတတ်တယ်။
ဘယ်အချိန်မဆို
ငါ့သူငယ်ချင်း ပိုက်ဆံပြတ်သွားတတ်တယ် ဆိုတာ သူငယ်ချင်း အရင်းတွေသာ
အသိဆုံး။ အဲ့ဒီလို အချိန် အခြား လူတွေက ကိုယ့်ကို အဖက်မလုပ်ရင်တောင်
သူငယ်ချင်း အရင်းတွေကတော့ ကိုယ့်ဘေးမှာ ရှိပြီး သူတို့ ပိုက်ဆံပေး
သုံးတတ်တယ်။
ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanma
No comments:
Post a Comment