ကျွန်တော်တို့ ကလေးတုန်းကတော့ ကျွန်တော်တို့ တွေရဲ့ အာရုံခံအင်္ဂါငါးမျိုးကို
အသုံးချပြီး ဒီလောကကြီး အကြောင်းကို လေ့လာဆည်းပူးခဲ့ကြရပါတယ်။
ကျွန်တော်တို့ ပတ်ဝန်းကျင်က အရာတွေကို ဂရုတစိုက် ကြည့်ရှု မှတ်တယ်။ ထိတွေ
့ပြီး လေ့လာတယ်။ တွေ့ သမျှကို အရသာခံကြည့်တယ်။ အနံ
့ပေါင်းစုံရှူကြည့်ကြတယ်။ ဒါမှမဟုတ် နားနဲ့ နားထောင်ပြီး
ဒီလောကကြီးအကြောင်း သင်ယူခဲ့ကြပါတယ်။ ကျွန်တော်တို့ လူလားမြောက်လာ
ချိန်မှာတော့ ဒီအာရုံခံအင်္ဂါအချို့ ကို သိပ်အသုံးချအားကိုးမှု
မရှိတော့ပေမယ့် ကျွန်တော်တို့ ဟာ လူတစ်ယောက်ကို ကြည့်လိုက်ရုံနဲ
့အဲဒီလူအကြောင်းကို သိရှိနိုင်တယ်လို့ Time မဂ္ဂဇင်းရဲ့ ဆောင်းပါးတစ်ခုမှာ
ဖော်ပြထားပါတယ်။
၁။ သူတို့ ရဲ့ ပင်ကိုယ်စရိုက်တွေက ဘာလဲဆိုတာ
လူတစ်ယောက်ရဲ့
အပြင်ပန်းပုံစံ၊အပြုအမူတွေကိုကြည့်ပြီးတော့ သူတို့ ရဲ့ စရိုက်အထွေထွေကို
ခန့် မှန်းနိုင်ကြောင်း လေ့လာမှု တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။ ဒီလူ
ဘယ်လောက်ဖော်ရွေလဲ၊ ဘယ်လောက် မာနကြီးလဲ၊ ဒါမှမဟုတ် ဘယ်လောက်
ဘာသာရေးကိုင်းရှိုင်းလဲဆိုတာ သူ့ ရဲ့ ပုံစံသွင်ပြင်မှာတင် သိနိုင်တယ်လို
့ဆိုပါတယ်။ ဒီ့အပြင် စိုးရိမ်ပူပန်မှုတွေ
မရှိတဲ့စိတ်အေးလက်အေးကိုယ်ဟန်အနေအထား နဲ့ လူတစ်ယောက်ရဲ့
ဓာတ်ပုံကိုကြည့်တာနဲ့ ဒီလူဟာ စိတ်ဓာတ် တည်ငြိမ်တယ်၊ ခင်ဖို့ ကောင်းတယ်၊
ပျော်တတ်တယ် ဆိုတာ ပြောနိုင်တယ်လို့ ဆိုပါတယ်။
၂။ ဒီလူဟာ ထက်မြက်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်မလားဆိုတာ
New
Scientist ၀က်ဘ်ဆိုဒ်မှာဖော်ပြထားချက်အရ၊ အရည်အချင်းရှိပြီး၊ဒီအလုပ်နဲ
့သင့်တော်တယ်လို့ ထင်ရတဲ့ ပုံစံပေါက်တဲ့နိုင်ငံရေးသမားတွေဟာ
ရွေးကောက်တင်မြှောက်ခံရခြေ ပိုများပြီး၊ သြဇာကြီးတဲ့ပုံစံပေါက်တဲ့ CEO ဟာ
အမြတ်အစွန်းပိုကြီးတဲ့ကုမ္ပဏီတစ်ခုကို ကိုင်ရနိုင်ခြေပိုများကြောင်း
လေ့လာတင်ပြထားပါတယ်။
၃။ ဒီလူက ရာဇ၀တ်ကောင်လားဆိုတာ
လေ့လာမှုတစ်ခုမှာပါဝင်သူတွေကို
ရာဇ၀တ်သမားတွေနဲ့ ရာဇ၀တ်သမားမဟုတ်သူတွေရဲ့
ဦးခေါင်းပိုင်းသာ
ရိုက်ထားတဲ့ဓာတ်ပုံတွေကို ပေးပြီးခန့် မှန်းခိုင်းခဲ့ရာမှာ
တော်တော်များများမှန်အောင်ခန့် မှန်းနိုင်ခဲ့တယ်လို့  သိရပါတယ်။
၎။ သူတို့ ရဲ့လူမှုစီးပွားရေးအခြေအနေ
Psychological
Science ဂျာနယ်မှာဖော်ပြခဲ့တဲ့လေ့လာမှုအရ လူတစ်ယောက်ရဲ့ ကိုယ်လက်အမူအရာက
လူတစ်ယောက်ရဲ့ လူမှုစီးပွားရေးအခြေအနေ (SES) ကို ခန့် မှန်းနိုင်တယ်လို
့ဆိုပါတယ်။ လူမှုရေးအရကော စီးပွားရေးအရပါ
ချမ်းသာပြည့်စုံတဲ့အသိုင်းအ၀ိုင်းမိဘဆင်းသက်လာသူတွေမှာ SES
မပြည့်စုံသူမိဘတွေက ဆင်းသက်လာသူတွေထက် အလေးမစိုက်၊ဂရုမထား တတ်တဲ့
အမူအရာတွေပိုတွေ့ ရတယ်လို့ ဆိုပါတယ်။
၅။ ကိုယ့်ကိုဆွဲဆောင်မှုရှိလားဆိုတာ
သူ့ မျက်လုံးသူငယ်အိမ်ကျယ်ကျယ်လေး၊
မျက်ခုံးတွန့် တွန့် ၊ ပြုံးသယောင်ရှိနေတဲ့မျက်လုံးတွေ၊ သူလျှာကို
ချစ်စရာကောင်းအောင် သပ်လိုက်ပုံ စတဲ့ ခန္ဓာဗေဒအပြုအမူတွေက
ကိုယ့်နှလုံးသားကို လာထိသလား ဆိုတာ သူ့ ကိုမြင်လိုက်ရုံနဲ့ သိနိုင်ပါတယ်။
Credit: Trend Myanmar
No comments:
Post a Comment