ငိုရမယ့်နေရာ ငို၊ ရယ်ဖို့လိုရင် ရယ်၊ ခြောက် သင့်ရင် ခြောက်၊
ကြောက်ပြစေချင်သူကို ကြောက်ပြ စသဖြင့် အန္တရာယ်စက်ကွင်းထဲ ကျရောက်နေချိန်မှာ
လိုသလို ပုံဖမ်းပြီး မလွတ်၊လွတ်အောင် ရှောင်ရှားနိုင်မယ့်မာယာကို တတ်ကို
တတ်ရပါမယ်။
မာယာဆိုတာ မိန်းကလေးတွေ အန္တရာယ်မဖြစ်အောင် ကာကွယ်ပေးမယ့်
လောက လက်ဆောင်။
မိန်းကလေး အတော်များများက မာယာများတဲ့မိန်းမလို့
အပြောခံရမှာကို ရှက်ကြတယ်။
ကြောက်ကြတယ်။
ကျွန်မက ဖြူစင်လို့ မာယာ မရှိဘူးလို့ ဂုဏ်မယူချင်ပါနဲ့။ တကယ်ဆို
မိန်းမတစ်ယောက်အနေနဲ့ မာယာဆိုတာ မရှိမဖြစ် ဆောင်ထားရမယ့်အရာ။ မာယာမကြွယ်ရင်
ကြွယ်အောင်ကို သင်ထားရမှာ။
ဒါပေမဲ့ မာယာကို အသုံးချတဲ့အခါမှာ
သူတစ်ပါးဘဝကို ထိခိုက်နစ်နာစေတဲ့ အနေအထားမျိုးဖြစ်အောင် မကြာခဏ
အသုံးပြုခဲ့ရင်တော့ သင့်လက်နက်နဲ့ သင့်ကိုယ်သင် သက်ပြီးသာ
ဖြစ်သွားပါလိမ့်မယ်။ မာယာကို လောဘ မကြီးသင့်တဲ့ ရတနာလို့ ဆင်ခြင်ပါ။
မမေ့နဲ့ .. မိန်းကလေးတိုင်းအတွက် မာယာလက်နက်
Credit : Yangonlife
No comments:
Post a Comment