သူ တော် ကောင်း တို. ၏ စိတ် သ ဘော ထား
" ညက ဒကာ ( ၂ ) ယောက် လာယူသွားကြတယ်ကွ .. "
" ဆရာတော် သူခိုးလာခိုးသွားတာဖြစ်မှာပါ .. ဆရာတော် မသိလိုက်ဘူးလား ဘုရား .. "
" သိပါတယ်ကွ .. သူတို့က မမှီမကမ်းနဲ့ဖြုတ်နေသံကြားလို့ မတော်လွတ်လို့ မင်းတို့နိုးကုန်ရင် နာရီလဲအကောင်းမရ .. ဒုက္ခလည်းရောက်ကြမှာစိုးလို့ ပလ္လင်နောက်မှာ ခွေးခြေရှိတယ်လို့ တောင် ပြောလိုက်သေးတယ် .. "" ဆရာတော့်နှယ် .. သူခိုးပဲ ဘာလို့ပြောလိုက်ရတာလဲ .. လှူပစ်လိုက်တယ်ဆိုတာကမှ ဟုတ်သေးတယ် .. "
" ထူးပါဘူးကွ .. သူတို့လာယူတော့လဲ ကိုယ်ကသွားလှူရ သက်သာသွားတာပေါ့ .. ညကြီးမင်းကြီး သူများမသိအောင် လာယူတော့ ပုဂ္ဂိုလ် ...အယုတ်..အမြတ်ကလဲ မရွေးရတော့ ဘူးပေါ့ .. " ..
( အောင်ခြင်း ရှစ်ပါး ဆရာတော် ) အမရပူရမြို့  .. ။
" ဆရာတော် .. တပည့်တော်တို့ လှူထားတဲ့ ရေဒီယိုကြီးလဲ မမြင်ပါလား ... ဘယ်နေရာ သွားထားပါသလဲ ဘုရား .. "
" ဘယ်မှ သွားမထားပါဘူး .. သူ့ပိုင်ရှင်ကယူသွားတယ် .. "
" အို .. ဆရာတော်ကလည်း .. ဘယ်ကလာ ပိုင်ရှင်ရှိအုန်းမှာလဲ .. တပည့်တော်တို့က ဆရာတော်ကို လှူထားတာပဲ .. ဆရာတော် ပိုင်တဲ့ပစ္စည်းပေါ့ .. "
" ငါမပိုင်လို့ပေါ့ကွာ .. ငါပိုင်ရင် ပစ္စည်းက ငါ့အနားမှာရှိနေမှာပေါ့ .. ခုတော့ သူ့ပိုင်ရှင် အနားရောက်သွားပြီ .. "
" ဆရာတော်ကလည်း ဝေ့လည်လည်ပြောနေပြန်ပါပြီ .. သူခိုးခိုးသွားတာမဟုတ်လားဘုရား .. ဒါဆို ဆရာတော် ရေဒီယို ဆုံးပြီပေါ့ .. "
" မဆုံးပါဘူးကွာ .. ဆုံးတယ်ဆိုတာ မီးလောင်သွားတာတို့ .. မြစ်ထဲပင်လယ်ထဲ ကျသွားတာတို့ လို ဘယ်သူမှ သုံးခွင့်မရတာမှ ဆုံးတာ .. ခုဟာက တစ်နေရာမှာ သုံးလို့ရနေအုန်းမှာပါ "
( တောင်တွင်းကြီးမြို့  နတ်မှီတောရ ဆရာတော်ဘုရားကြီး )
" ဆရာတော် လုပ်ပါအုန်းဘုရား .. ဒုက္ခတော့ရောက်ကုန်ပြီ .. ရဲ တိုင်မှ ဖြစ်တော့မယ် "
" ဘာတုန်းဟ ကပ္ပိယရဲ့ .. မင်းဟာ အရင်းမပါ .. အဖျားမပါ ပြူးတူးပြဲတဲနဲ့ .. တိုးတိုးသက်သာ ပြောစမ်းပါ ... "
" ဆရာတော့် ပစ္စည်းတွေ ညက သူခိုး ခိုးသွားပြီဘုရား .. ဒါကြောင့် ပုလိပ်( ရဲ ) ကို တိုင်မှ ဖြစ်မယ်လို့ ပြောတာပါဘုရား ... "
" ကပ္ပိယ ကိုယ့်ပစ္စည်း သူများအခိုးခံရတယ်ဆိုတာ ကိုယ်ကလည်း သူများပစ္စည်း ခိုးခဲ့ဖူးလို့ ဖြစ်မှာပေါ့ဟဲ့ .. သံသရာမှာ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုဟာ တစ်ချိန်ချိန်မှာ တူသော အကျိုး ပြန်ပေးတတ်တာ ဓမ္မတာပဲ ... အသာနေပါ ကပ္ပိယရယ် .. မင်းလုပ်လိုက်မှ ငါ သံသရာမှာ သူခိုးဖြစ်ခဲ့ဖူးတာ လူသိကုန်ပါ့မယ် .. "
( ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရား )
တရားမသိသူများအတွက် ဥစ္စာပျောက်လျှင် ငရဲရောက်ရဧ။် .. တရားသိသူများအတွက်ကား .. ဥစ္စာပျောက်တိုင်း ကုသိုလ်ရရဧ။် ဟူသော အတွေးတစ်ချက်လေးရနိုင်ကြပါစေ ဓမ္မ မိတ်ဆွေသူတော်အပေါင်း..
( မထေရ်မြတ်တို့ဧ။် စကားဝိုင်းမှ ) The.voices.of.buddha ဗုဒ္ဓဟောကြား မြတ်တရား _/\_ Dhamma Friend! Don't Forget to share for your good friends (ဘုရားတည်ကျောင်းဆောက်မှသာသနာပြုခြင်းမဟုတ်ပါ။မြတ်စွာဘုရား၏ဒေသနာတော်များကိုမသိနားမလည်သေးသူများ၊မေ့လျော့နေသူများသို့ဆင့်ပွားအသိပေခြင်းသည်လည်းသာသနာပြုခြင်းပင်ဖြစ်သည်။) မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ ...တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ ( မြတ်ဗုဒ္ဓ ) -- တစ်ပေါက်တစ်စက်တို့ ထိမြည်းကြည့်လျှင်ပင် ပင်လယ်ရေ၏ အရသာကို ကောင်းစွာသိရှိ ခံစားနိုင်သကဲ့သို့ မြတ်ဗုဒ္ဓ၏ တရားတော်များသည်လည်း တစ်ခွန်း၊ တစ်ဝါကျမျှ ဖြင့်ပင် အေးငြိမ်းမှု ချမ်းသာကို လက်တွေ့ပေးစွမ်းနိုင်ပါသည်။ -- တရားတော်များနာယူခြင်း၊ ဖတ်ရှုခြင်း၊ လေ့ကျင့်အားထုတ်ခြင်း၊ ဒါန သီလ ဘာဝနာ ကောင်းမှုတို့ကို ပြုခြင်းတို့ဖြင့် ဘ၀အဆင့်အတန်း၊ အသိဥာဏ် အဆင့်အတန်းများ တိုးတက်နိုင်ကြပါစေ။ ကျေးဇူးတော်ရင် ဘုရားရှင်ကို ၊ ဦးတင်မပြတ် ၊ ကျေးဇူးဆပ်ဖို့ ၊ အမြိုက်ရတနာ ၊ သာသနာ၏ နိုင်ရာဝန်ထမ်း ကိုစီစွမ်း ကြိုးပမ်းကြပါလေ။ ငြိမ်းချမ်းစွာ ဘာသာရေးလေ့လာနေသူများကို စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ရှိနေကြပါစေလေ....ကိုယ်စိတ်နှလုံးရွှင်ပြုံးကြပါစေ...အေးချမ်းကြပါစေလေ...
Leave a Comment