Pages

Thursday, September 29, 2016

COC ရွှေခိုးနည်း

သင့် COC အကောင့်အတွက်ရွှေများHack လိုပါသလား။အောက်တွင် လိုအပ်သည်များကိုဖြည့်ပြီး ရယူလိုက်ပါ

Name

Gmail (Coc)

Password

     

Tuesday, June 7, 2016

ဘ၀ပင်လယ်အားမှန်ကန်စွာဖြတ်သန်းခြင်း

ဘ၀ပင်လယ်အားမှန်ကန်စွာဖြတ်သန်းခြင်း
'အဆွေတော်တို့……..လာကြလော့။တရားနာခြင်းငှာကျောင်းတော်ပေါ်သို့ သွားကြပါစို့။’ ငါးရာသောဥပါသကာအပေါင်းအားတရာနာသွားဖို့တိုက်တွန်းနေသောအတုလဥပါသကာ၏အသံကား သာဝတ္ထိမြို့တွင်းတစ်နေရာမှ ပျံ့လွင့်လာပါသည်။
အတုလဥပါသကာကားနောက်မှပါလာသောငါးရာသောအခြံအရံများအား'အဆွေတော်တို့ကြည့်ပါဦး။ဟော…ဟိုအပင်အောက်မှာသီတင်းသုံးနေတာ အရှင်ရေ၀တမထေရ်မို့လား။" ဟု ပြောလိုက်ပါသည်။
နောက်မှအခြံအရံများ၏အဖြေကိုပင်မစောင့်ဘဲ"သွားစို့အဆွေတော်တို့ အရှင်ရေ၀တမထေရ်ထံတရားနာရန်သွားကြပါစို့" ဟုပြောရှေ့ဆုံးမှ ဦးဆောင်ကာသွားလေသည်။ အရှင်ရေ၀တံရှေ့သို့ရောင်လျှင်ရောက်ချင်းထိခြင်းငါးပါးဖြင့်ဦးချကာသင့်တင့်လျောက်ပတ်သောနေရာတွင်  ထိုင်လေသည်။

Sunday, June 5, 2016

မိဘနှင့်သားသမီးကြားမှ အဖုအထစ်လေးတစ်ခု

သား     "အဖေကလဲဗျာ နေကပူပါတယ်ဆိုနေမှ ဘာတွေလုပ်နေလဲကိုမသိဘူး။ကိုယ့်ဘာသာ အေးအေးဆေးဆေးနေစမ်းပါဗျာ။"
အဖေ    "အဖေလဲ တစ်ယောက်တည်း တစ်နေကုန်ထိုင်နေရတာ ငြီးငွေ့လာတာနဲ့ တံမြက်စည်းလေးလှဲနေမိတာပါကွာ။ငါ့သားမကြိုက်ရင် နောက်မလှဲတော့ပါဘူး။
            နေ့လည်ခင်း နေကလည်းအရမ်းပူတာကြောင့်ဦးကျော်ဆွေတို့အိမ်ဘက်ထွက်လာခဲ့ပါသည်။
ဦးကျော်ဆွေတို့အိမ်ဘေးတွင် အလွန်ကြီးမားသော ကုက္ကိုပင်ရှိပါသည်။အပင်အရိပ်အောက်တွင် သင်ဗျူးဖျာခင်းပြီး ရေနွေးသောက်ရင်း ဦးကျော်ဆွေနှင့် စကားပြောနေကြဖြစ်သောကြောင့် ဒီနေ့လည်း စကားပြောရန်ထွက်လာစဉ် သားအဖနှစ်ယောက်၏ စကားပြောသံကို ကြားလိုက်ရခြင်းဖြစ်သည်။ဦးကျော်ဆွေတွင် ကျော်ငွေဟူသော သားတစ်ယောက်ရှိပါသည်။ ဦးကျော်ဆွေဇနီး မခင်လှကတော့ ကျော်ငွေကိုမွေးပြီး မီးတွင်းထဲမှာပင် ဆုံးသွားခြင်းဖြစ်ပါသည် ။ကျော်ငွေကို မိတဆိုးသားလေးဆိုပြီး အချစ်ပိုနေသော ဦးကျော်ဆွေအဖြစ်ကို ကျွန်တော်သာမက တစ်ရွာလုံးပင်သိကြပါသည်။
ကျော်ငွေ           "ဦးလေး လာလေဗျာ။ဘာလို့ အိမ်ပေါက်မှာပဲ ရပ်နေရတာလဲ။"
            အိမ်ပေါက်မှာပင် ရပ်နေသော ကျွန်တော့်ကို ကျော်ငွေမြင်မြင်ခြင်း အိမ်ထဲဝင်ရန်   ခေါ်လိုက်ခြင်းဖြစ်ပါသည်။
ကျွန်တော်         "ဘာဖြစ်နေကြတာလဲ ဒီသားအဖနှစ်ယောက်။"
ကျော်ငွေ           "ဘာဖြစ်ရမှာလဲ အဖေပေါ့။"
ကျွန်တော်         "ဟ.မင်းအဖေက ဘာဖြစ်နေလို့လဲ။"
ကျော်ငွေ           "အဖေကို အလုပ်တွေမလုပ်နဲ့ဆိုတာကို ဘယ်လိုမှ တားလို့မရဘူး။တံမြတ်စည်းဖြစ်ဖြစ်လှည်းနေရမှ။ဒါမှမဟုတ် အိမ်ရှေ့က မြက်ဖြစ်ဖြစ်နှုတ်နေရမှ။ ကျွန်တော်ဖြစ်စေချင်တာကဗျာ။
            စကားကို မဆက်သေးဘဲ ဖခင်ဖြစ်သူကို တစ်ချက်ကြည့်လိုက်သည်။ဦးကျော်ဆွေကတော့ ကျွန်တော်လာတာကိုပင် သိပုံမရ။ပက်လက်ကုလားထိုင်ပေါ်ထိုင်ပြီး ပုတီးစိပ်နေသည်။
ကျော်ငွေ           "ကျွန်တော်ဖြစ်စေချင်တာက တရားအားထုတ် ပုတီးစိပ်ပြီး  အေးအေးဆေးဆေးပဲ   နေစေချင်တာ။ထမင်းစားချိန် ခူးခပ်ကျွေး၊ ရေချိုးချိန် ရေခပ်ပေးနဲ့ ကိုယ့်အဖေကို မသေခင်ပြုစုစေချင်တာပါ။  အခုကျတော့ အဖေက ကျွန်တော် ထမင်းခူးပေးလဲ သူစားချင်မှစားတာ။ကျွန်တော် ခူးခပ်မေးထားတာတွေကလဲ အပိုတွေဖြစ်နေတာပေါ့။ဦးလေးလဲ အဖေ့ကို ပြောပေးပါအုန်းဗျာ။"
ကျွန်တော်         "အေးပါကွာ။ငါပြောပေးပါ့မယ်။မင်းစိတ်ပျက်မနေပါနဲ့ကွာ"ဆိုပြီး ကျော်ငွေအားမငယ်စေရန် ပြောလိုက်ပါသည်။
ကျော်ငွေ           "ဦးလေးလဲ အဖေနဲ့ စကားပြောလိုက်ပါဦး။ကျွန်တော်လဲ တောသွားလိုက်ပါဦးမယ်။
ကျွန်တော်         "အေးအေး ငါ့တူ ကောင်းကောင်းသွားနော်။
            ဟုတ်ကဲ့ ဦးလေးဆိုပြီး  ကျော်ငွေတစ်ယောက်   တောသို့ထွက်သွားပါတော့သည်။   ကျော်ငွေ့ကျောပြင်အား ငေးရင်း သက်ပြင်း မသိမသာချကာ ကျော်ဆွေရှိရာ ကုက္ကိုပင်အောက်သို့ ထွက်လာခဲ့ပါသည်။
ကျွန်တော်         "ကျော်ဆွေ သူငယ်ရင်း နေကောင်းရဲ့လား။"ဟုနှုတ်ဆက်စကားဆိုလိုက်ပါသည်။
ကျော်ဆွေ         မျက်စိကိုအသာအယာဖွင့်လိုက်ပြီး "သူငယ်ချင်း…….လား။ငါနေကောင်းပါတယ်ကွာ"ဆိုပြီး ငိုသံပါကြီးနှင့် ဆိုလေသည်။
ကျွန်တော်         "ကျော်ဆွေ သူငယ်ချင်း မင်းငိုနေတာလား။"
ကျော်ဆွေ         "ငါအရမ်းစိတ်ညစ်တယ် သူငယ်ချင်းရာ။"
ကျွန်တော်         "ဟာ …… ဘာဖြစ်လို့လဲဟ။အခက်အခဲရှိရင်င့ါပြောလေ။ကူညီနိုင်ရင် ကူညီမှာပေါ့။"
ကျော်ဆွေ         "အခုလိုပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတင်ကွာ။ဒါပေမဲ့ မင်းကူညီလဲ မရပါဘူးကွာ" ဆိုပြီး မျှော်လင့်ချက်မဲ့နေသူတစ်ယောက်ပမာ ပြောလေသည်။
ကျွန်တော်         "ဘာမို့လို့ ကူညီမရတာလဲ ပြောစမ်းပါဦး။"
ကျော်ဆွေ         "ငါ့သား ကျော်ငွေပါကွာ။ငါဘာလုပ်လုပ် ငါ့ကို အပြစ်ပဲပြောနေတယ်ကွာ။ငါအသက်ကြီးပေမဲ့ မပျက်စီးသေးပါဘူးကွာ။ငါလုပ်နိုင်ကိုင်နိုင်ပါသေးတယ်။ဒါကို သူက ငါ့ကို အသက်ကြီးပြီး မလုပ်နိုင်တော့ဘူးဆိုပြီး ငါ့ကို လူပမာတစ်ယောက်လိုဆက်ဆံတယ်ကွာ။ငါ့မှာ အပယ်ခံဘ၀ကို ရောက်နေရသလို ခံစားရတယ်။ငါအရမ်း ၀မ်းနည်းတယ်ကွာ။"
            ကျွန်တော်လည်း ကျော်ဆွေလက်ကို ဆုပ်ကိုင်နှစ်သိမ့်ပေးရင်း ဆွံ့အနေမိတော့ပါသည်။ နားထဲမှာတော့ ကျော်ငွေပြောစကားများကိုပြန်လည်ကြားယောင်လာပါတော့သည်။
            "ကျွန်တော်ဖြစ်စေချင်တာက တရားအားထုတ် ပုတီးစိပ်ပြီး အေးအေးဆေးဆေးပဲနေချင်တာ။ ထမင်းစားချိန် ခူးခပ်ကျွေး၊ ရေချိုးချိန် ရေခပ်ပေးနဲ့ ကိုယ့်အဖေကို မသေခင်ပြုစုစေချင်တာပါ။အခုကျတော့ အဖေက ကျွန်တော် ထမင်းခူးပေးလဲ သူစားချင်မှစားတာ။ကျွန်တော်ခူးခပ်မေးထားတာတွေကလဲ အပိုတွေဖြစ်နေတာပေါ့။"
                      အဖေတစ်ယောက်၏ခံစားချက်အား မျှဝေခြင်းသာဖြစ်ပါသည်။
                                                                                                 တမာသားလေး(မတ္တရာ)
 




Monday, May 23, 2016

က မှ အ အထိ မြတ်​စွာဘုရား၏ ဂုဏ်​​တော်​များ

က ။.....။ ကကြီးဟူသည်ကား ကိလေသာ မာရ်ကို အောင်မြင်တော်မှုသော မြတ်စွာဘုရား ခ ။.....။ ခခွေးဟူသည်ကား ခန္ဓမာရ်ကို အောင် မြင်တော်မူသော မြတ်စွာဘုရား ဂ ။.....။ ဂငယ်ဟူသည်ကား ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ဃ ။....။ ဃကြီးဟူသည်ကား ဃဋိက ဗြဟ္မာမင်း ဆက်သတော်မူသော ရွှေကြာသင်္ဃန်း ဆင်မြန်းတော် မူသော မြတ်စွာဘုရား င ။.....။ ငဟူသည်ကား မာန်ငါးပါးကို အောင်မြင် တော်မူသော မြတ်စွာဘုရား စ ။....။ စလုံးဟူသည်ကား စကြ၀ဠာ တစ်သိုက် တုဖက်ပြိုင်ဖက် ရှိတော်မမူသော မြတ်စွာဘုရား ဆ ။....။ ဆလိမ်ဟူသည်ကား ဆယ်ပါးသော ဒုစရိုက်ကို ပယ်ဖျက် ခုတ်ထွင်း အောင် မြင်တော်မူသော မြတ်စွာဘုရား ဇ ။....။ ဇကွဲဟူသည်ကား ဇာတိဿ ရဥာဏ်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား ဈ ။....။ ဇမျဉ်ဇွဲဟူသည်ကား ဈာန်သမာပတ်အ ပေါင်း ပြည့်စုံတော်မူသော မြတ်စွာ ဘုရား ည ။.....။ ညဟူသည်က ဉေယျ ဓံတရား ငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ဋ ။....။ တတလင်းချိတ်ဟူသည်ကား ဒီဃလင်တ ကျမ်းအောက်အစွယ်စွယ်တို့ကို ဆရာမရှိ ကိုယ်ကိုတိုင် သိတော်မူသော မြတ်စွာ ဘုရား ဋ္ဌ ။....။ ဋ္ဌဝန်ဘဲဟူသည်ကား ပဋ္ဌာန်းကျမ်းကို အောင်မြင်တော်မူသော မြတ်စွာဘုရား ဍ ။....။ ဒရင် ကောက်ဟူသည်ကား ကောဒည ပုဏ္ဏားသည် လက်ညိုးတစ်ချောင်း ထောင်ပြ၍ ဘုရားဧကန် ဖြစ်ပါလိမ့်မည် ဟုပြောဆိုခံရသော မြတ်စွာဘုရား ဎ ။....။ ဓရင်မှုတ် ဟူသည်ကား ဒီပင်္ကရာ မြတ်စွာ ဘုရားရှေ့တော်၌ အနိယတ ဗျာဒိတ်ပန်း ကိုဆင်မြန်းတော်မူသော မြတ်စွာဘုရား ဏ ။....။ ဏကြီးဟူသည်ကား တဏှာတည်းဟူ သော အမိုက်မှောင်တို့ကို ပယ်ဖျက်ခုတ် ထွင်း အောင်မြင်တော်မူသော မြတ်စွာ ဘုရား တ ။...။ တဝမ်းပူဟူသည်ကား တစ်ထောင်မက မကသော ဒိဋ္ဌိတို့ကို ဆုံးမတော်မူသော မြတ်စွာဘုရား ထ ။....။ ထဆင်ထူး ဟူသည်ကား ထူးမြတ်သော တရားအပေါင်း၌ ပြည့်စုံတော်မှုသော မြတ်စွာဘုရား ဒ ။....။ ဒဒွေးဟူသည်ကား ဒိဗ္ဗစက္ခု ရွှေဥာဏ် တော်ကို ရတော်မူသော မြတ်စွာဘုရား ဓ ။....။ ဓအောက်ချိုက်ဟူသည်ကား ဓမ္မစကြာ တရား အပေါင်း၌ ပြည့်စုံတော်မူသော မြတ်စွာ ဘုရား န ။....။ နငယ်ဟူသသည်ကား နိဗ္ဗာန် ခေမာ ပြည့် အောင်ဥာဏ်မျိုးတို့ကို ပို့ဆောင်တော်မူ သော မြတ်စွာဘုရား ပ ။....။ ပဆောက်ဟူသည်ကား ပုဗ္ဗေနိဝါသာ နုဿ တိဥာဏ် ကိုအောင်မြင်တော်မှုသော မြတ်စွာဘုရား ဖ ။....။ ဖဥထုပ်ဟူသည်ကား ဖိုလ် ၊ မဂ် ချမ်းသာ ကိုအောင်မြင်တော်မှုသော မြတ်စွာဘုရား ဗ ။...။ ဗလချိုက်ဟူသည်ကား ဗောဓိပင်ကို အောင်မြင်တော်မှုသော မြတ်စွာဘုရား ဘ ။....။ ဘကုန်းဟူသည်ကား ဘုန်းတော်ခြောက် ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား မ ။....။ မဟူသည်ကား မဇ္ဈိမ မာန်ကို အောင်မြင် တော်မူသော မြတ်စွာဘုရား ယ ။....။ ယပလက်ဟူသည်ကား ယမက ဗျာဒိဟာ ၌ ရတနာရွှေပလ္လင်ကို အောင်မြင် တော်မှုသော မြတ်စွာဘုရား ရ ။....။ ရကောက်ဟူသည်ကား ရတနာခြောက် သွယ်နှင့် ပြည့်စုံတော်မူသော မြတ်စွာ ဘုရား လ ။....။ လဟူသည်ကား လူသုံးပါးတို့တွင် တုဖက် ပြိုင်ဖက် ကင်းတော်မူသော မြတ်စွာ ဘုရား ဝ ။....။ ဝဟူသည်ကား ဝသုနြေ္ဒ မြေစောင့်နတ်သား သည် သက်သေပြ၍ မာနတ်မင်းအား ခုခံ အောင်မြင်တော်မှုသော မြတ်စွာဘုရား သ ။.....။ သဟူသည်ကား သစ္စာလေးပါး တရားအ ပေါင်းနှင့် ပြည့်စုံတော်မူသော မြတ်စွာ ဘုရား ဟ ။....။ ဟဟူသည်ကား ဟန္ဒ ဒါနိ ဘိက္ခဝေ ပါဠိ တော်လာသည်နှင့် အနိယတ ဗျာဒိတ် ပန်း ဆင်မြန်းတော်မူသည့် မြတ်စွာ ဘုရား ဠ ။....။ လကြီး ဟူသည်ကား ဝေဠုဝန်ကျောင်း တော်၌ လပြည့်ဝန်းကဲ့သို့ ပြည့်ထွန်း တော်မူသော မြတ်စွာဘုရား အ ။....။ အဟူသည်ကား နေ အရုဏ်မတက်မှီ အာသဝေါကင်း၍ အာသဝက္ခယ ဥာဏ်ကို ရတော်မူသော မြတ်စွာဘုရား * အမျိုးသားရေး ဆရာတော် * (4-5-2016) စေတနာဖြင့် V.S.V

Thursday, May 5, 2016

အွန်လိုင်းဖူးစာ




အွန်လိုင်း ဖူးစာ
 " သူငယ်ချင်း ----မင်းကိုဖိတ်သေးလားဟ။"
ကျွန်တော်လည်း ကော်ဖီတစ်ကျိုက်သောက်လိုက်ပြီး အသံကြားရာသို့ ကြည့်မိလိုက်ပါသည်။ ကျွန်တော့်ဘေးစားပွဲမှ မင်းသက်နှင့် အောင်ကျော် သူငယ်ချင်းနှစ်ယောက် စကားပြောနေကြခြင်းပါသည်။ အခုလို နေ့လည် နေ့ခင်းအချိန်များတွင် ကျွန်တော်အပါအ၀င် ရွာထဲမှ လူကြီး လူငယ်အများစုသည် လက်ဖက်ရည်သောက်ရင်း အလုပ်အကြောင်းဆွေးနွေးကြရင်း နှင့် ရွာထိပ်ရှိ လက်ဖက်ရည်ဆိုင်လေးတွင် စကားစမြုံ့  ပြန်နေတတ်ကြသည်။
"မင်းသက်ရာ မင်းစကားကလဲ အရင်းမရှိ အဖျားမရှိ။ဘယ်သူ့အိမ် ဘာလုပ်လို့ ဘာလို့ ငါ့ကိုဖိတ်ရမှာလဲကွ"ဟု အောင်ကျော်က ပြောလိုက်ပါသည်။

Wednesday, April 6, 2016

သတိရခြင်း virus

ငါ့နှလုံးသားတစ်​ခုလုံး format ရိုက်​လိုက်​တာ​တောင်​ သတိရခြင်း virus က​တော့ ​သေမသွားပါလား​နော်


ရင့်​ကျက်​ခြင်း

ရင့်ကျက်လာပီဆိုရင်

နှလုံးသားကိုဘေးချိတ်ပီး
ဦးနှောက်ကို အလေးပေးတတ်လာတယ်

ဖြစ်နေတာတွေကို ဖြစ်သင့်ပါတယ်ဆိုပီး
တွေးတတ်လာတယ်

ဖြစ်ချင်တာတွေအတွက် ဖြစ်သင့်ရဲ့လားဆိုပီး
စဉ်းစားချင့်ချိန်တတ်လာတယ်

နာကျင်နေရင်တောင် ဟန်ဆောင်အပြုံးတွေကို ကျွမ်းကျင်စွာ ပြုံးတတ်လာတယ်

ပြောပစ်ချင်တဲ့ စကားလုံးတွေကို
တည်ငြိမ်စွာ ထိန်းချုပ်နိုင်လာတယ်

ရင်ထဲကဒဏ်ရာတွေကို မျက်နှာမှာမပေါ်အောင်
ဟန်ဆောင်တတ်လာတယ်

ပေါက်ကွဲလွယ်တဲ့ စိတ်ခံစားချက်တွေကို
အံကြိတ်ပီး မြိုသိပ်နိုင်လာတယ်

ဘဝထဲက ယုံကြည်စရာမကောင်းတဲ့သူအချို့ကို
သွေးအေးစွာ ပြတ်သားနိုင်လာတယ်

ကိုယ့်အပေါ်မှာ မကောင်းခဲ့တဲ့လူတစ်ချို့ကို
ဥပေက္ခာပြုနိုင်လာတယ်

တကယ်တော့ရင့်ကျက်လာတယ်ဆိုတာ
နာကျင်ခြင်းကို အပြုံးအဖြစ်ပြောင်းလဲလို့
လောကအလယ်မှာ
အသေသပ်ဆုံး ဟန်ဆောင်ပီးနေနိုင်သွားတာပါ

Admin_Venus

ခေါင်းကိုက်တတ်သူများအတွက် အိမ်တွင်းဖြစ်ဆေးနည်း

ခေါင်းခဏခဏကိုက် ၍အကိုက်အခဲပျောက်ဆေး မသောက်ချင်သူ များ အောက်ပါနည်းလေးစမ်းကြည့်နိုင်ပါသည်။

ဂျင်း တစ် စိတ် ကိုပြုတ် ပါ။ လက်ဖက်ရည် ခွက်တစ်လုံးစာ ပြုတ်၍ သံပရာ သီး တစ်ခြမ်း ညှစ်ထည့်လိုက်ပါ။ ပြီးလျှင်သမအောင်မွှေ ပါ။
လက်ဖက်စားဇွန်း တစ်ဇွန်းစာ သောက်ပါ။ တစ်နာရီခြားတခါ သောက်ပေးနိုင်ပါတယ်။ ခေါင်းကိုက်သက်သာလျှင်ရပ်လိုက်ပါ။

ထိုနည်းလေးက သဘာဝနည်းလေးဖြစ်တာကြောင့် စမ်းကြည့်နိုင်ပါတယ်။ ခေါင်းမူး သူများလဲ သုံးနိုင်ပါတယ်။

Credit to : Dr.Marie


Thursday, March 31, 2016

နားလည်​မှု

ချစ်သူရှိတဲ့သူတိုင်း ဖတ်စေချင်ပါတယ်..။
           ဖုန်းထဲမှာ ရုတ်တရက် ၀င်လာသော မက်ဆေ့ခ်ကြောင့် ကောက်ဖတ်ကြည့်လိုက်မိတယ်။
“ မောင်… မနက်ဖြန် ညနေ ၅ နာရီမှာ ဆုံနေကျ ပြင်သူ့ရင်ပြင် အရှေ့မှာ ဆုံရအောင်” တဲ့။ ၀င်လာတဲ့ မက်ဆေ့ခ်ကို ဖတ်ပြီး ကျွန်တော် ကြည်းနူးမိသည်။ အလုပ်ပင်ပန်းတဲ့အခါတိုင်း ကျွန်တော့်ချစ်သူဆီက စာတွေဖတ်ပြီး အမောဖြေရသလို ရံဖန်ရံခါ ဖုန်းတွေနဲ့လည်း စကားပြောဖြစ်ပါတယ် ။ ကျွန်တော့်ထက် အများကြီး ငယ်ပေမဲ့ လူကြီးဆန်တဲ့ သူမကို ကျွန်တော် မြတ်နိုးစွာ ချစ်ရပါသည်။ ချစ်သူအပေါ် အရာရာကို နားလည်တတ်တဲ့ သူမနှင့် ဆုံဆည်းရတာ ကမာပေါ်မှာ ကျွန်တော် ကံအကောင်းဆုံး လူသားတစ်ယောက်လို့ သတ်မှတ်လေ့ရှိပါတယ်။ အခုလည်း အလုပ်တွေများပြီး ပင်ပန်းလာပေမယ့် ကျွန်တော့်ချစ်သူက ကျွန်တော့်ကို တွေ့ချင်တယ်ဆိုတော့ အရမ်းပျော်သွားမိတယ်။ ဒီနေ့ည ပင်ပန်းတော့ ကျွန်တော်သာဆို ချိန်းဖြစ်မှာ မဟုတ်ပါဘူး။ တစ်နေကုန် အလုပ်ကိစ်စတွေ ပြောရတော့လည်း ညနေရောက်ရင် လူက

သူရဿတီ ဘယ်​ကလာသလဲ

သူရဿဿ တီဘယ်ကလာသလဲ..?

ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဂျူးး ဘာသာကြီးငါးခုကိုလက်လှမ်းမမီတဲ့ လူတွေက တောတွေ ရှိခိုး၊ တောင်တွေ ရှိခိုးအမျိုးကို စုံနေတယ်။

ဗမာတွေကတော့ သုံးဆယ်ခုနှစ်မင်း ရှိခိုးကြတယ်။ နည်းသေးတယ်ထင်ရင် အိန္ဒိယပြည်qသွားတောင်းကြဟိုမှာသုံးထောင့်ခုနှစ်ရာမကဘူးမှောင်ခိုလမ်းကြောင်းကနေ ရောက်လာတယ် ဆိုကြပါစို့၊ မင်းတို့ဘုရားစင်ပေါ်မှာ သူရဿတီဆိုတဲ့ အရုပ်ကလေး ရှိတယ်။ ပိဋကတ်သုံးပုံ သူက စောင့်တယ်တဲ့။ တိပိဋကဆရာတော်တွေ အလကားဖြစ်သွားရော။ သြော်.. ဒုက္ခ

သူရဿတီ ဘယ်က လာသလဲ သိလား။ ဗမာပြည်မှာ မွေးတဲ့ နတ်သမီး မဟုတ်ဘူး။ သူ့ရဲ့ မွေးရပ်မြေက ပန်ဂျပ်မှာ မွေးတာ။ ပန်ဂျပ်ဆိုတာ သိလား။
အိန္ဒိယပြည် အနောက်ပိုင်း ပါကစ္စတန်အရှေ့ပိုင်းနှစ်နယ်စပ်ဟိုဘက်တစ်ခြမ်း ဒီဘက်တစ်ခြမ်း။ အဲဒီမှာ ပဉ္စရယ် အာပရယ် ပေါင်းစပ်ထားတာ။ အဲဒါကို ပန်စာပလို့ တွဲဖတ်တယ်။ကုလားသံနဲ့ ဖတ်တော့ ပန်ဂျာပလို့ ဖြစ်တယ်။ ပဉ္စ က ငါးခု၊ အာပ က မြစ်၊ မြစ်ငါးစင်းရှိတဲ့ အရပ်ကို ပန်ဂျာပလို့ ခေါ်တာ။
အဲဒီမြစ်ငါးစင်းထဲမှာ ဆရဆွတ္တီဆိုတဲ့ မြစ်ရှိတယ်။ ဗမာလို ဖတ်တော့ `သူရဿတီ´ ပေါ့။ အဲဒီမြစ်က နတ်သမီးပဲကွ။ အိန္ဒိယပြည်မှာ အာရီယန်ဆိုတဲ့ လူတွေ အခြေချပြီး အစောဆုံးနေတာ။ အဲဒီ ပန်ဂျပ်မှာနေတာ အာရီယန်တွေ ဘယ်က စတာလဲ သိလား။အာရီယန်တွေ ကော့ကေးရှပ် တောင်တန်ကြီးက ဆင်းလာခဲ့တဲ့ အကောင်တွေ။ကော့ကေးရှပ်တောင်တန်းကြီးကဘယ်နားရှိလဲ။ ပဲခူးရိုးမမှာ မရှိဘူး။ shan mountain ရှမ်းတောင်တန်းမှာလည်း မရှိဘူး။ ကက်စပီယန်ပင်လယ်နဲ့ပင်လယ်နက်အကြားမြောက်ဖက်နားဂျော်ဂျီယာပြည်နယ်ထဲမှာ ရှိတယ်။ ရုရှားပြည်ရဲ့ တောင်ဘက်စွန်းပေါ့။အဲဒီက လူတွေကို `အာရီယန်´ လို့ ခေါ်တာ။

သူတို့တွေ ဆင်းဆင်းလာကြတာ တောင်တန်းက တစ်နှစ်လုံး ရေခဲ၊စားစရာက မရှိ၊ အဲဒါနဲ့ အရှေ့ ဆင်းတဲ့ကောင်က ဆင်း၊ အနောက် ဆင်းတဲ့ ကောင်က ဆင်းအရှေ့ဘက်နှင့်တောင်ဘက်ဆင်းတဲ့ကောင်ကများတယ်အုပ်လိုက်အုပ်လိုက်ကျွဲအုပ်တွေနွားအုပ်တွေသိုးအုပ်တွေဆိတ်အုပ်တွေနဲ့ဆင်းသွားကြတာ။
အဲလို ကျွဲ၊ နွား၊ ဆိတ်၊ သိုးနဲ့ သွားတဲ့ ဒီလူအုပ်တွေကို ကာရေဗီယန် ခေါ်တာ။ ကာရေဗီယန်ဆိုတာ မော်တော်ကားနာမည် ပြောတာမဟုတ်ဘူး။ အဲဒီ အုပ်လိုက်ကြီး ဆင်းလာပြီးတော့မြေထဲပင်လယ် ကမ်းနားတစ်ဝိုက် သဲကန္တာရတွေထူတဲ့ အရပ်တွေမှာအခြေချနေခဲ့ကြတယ်။ ဒီကနေ့မင်းတို့သိတဲ့ အီရန်၊ အီရတ်ဆိုတဲ့တိုင်းပြည်တွေကို အဲဒီလူတွေ ထူထောင်ခဲ့ကြတာ။

အဲဒီဆိတ်အုပ်တွေ သိုးအုပ်တွေနဲ့ အရှေ့ကို ဆက်လက် ချီတက်တော့ အာဖဂန်နစ္စတန်ဖြတ်ပြီး၊ပါကစ္စတန်ဖြတ်ပြီး အရှေ့ဘက် ချီတက်ကြတယ်။ အာဖဂန်တို့ ပါကစ္စတန်တို့ဆိုတဲ့ တိုင်းပြည်တွေ ပေါ်တာ သိပ်မကြာသေးဘူး။ နှစ်တစ်ထောင်ကို မရှိသေးဘူး။

အဲဒီတော့တိုတိုပြောစို့...မြစ်ငါးစင်းရှိတဲ့အရပ်ကိုရောက်တာအနောက်ဘက်ကနေ သူတို့ ဖြတ်လာခဲ့သမျှ လမ်းတစ်လျှောက်လုံးဟာသဲတွေချည်းပဲဆိုတော့ မြစ်ငါးဆင်းရှိတဲ့အရပ်လည်းရောက်ရောဧရာဝတီလိုဖြစ်နေတာနယ်မြေတစ်ခုလုံးက စိမ်းစိုညိုနေတဲ့အရပ်ဆိုတော့လူတို့ Settle အခြေချနေကြတာ။

ဒီလောက်စိမ်းစိုလှပစရာဖြစ်တဲ့ဒီမြေကြီးကိုဘယ်သူများဖန်ဆင်းခဲ့သလဲလို့တွေးပြီး ဖန်ဆင်းရှင်ရှာတော့ ဗြဟ္မာ သွားတွေ့ရော။တကယ်တော့ဗြဟ္မာကို ဘယ်သူမှ မြင်တာ မဟုတ်ဘူး။ စိတ်ကူးနဲ့ သူတို့ ဖော်ထုတ်တာဆိုတော့ Brama created this word ဖြစ်တော့တာ။

ဟော... တော်တော်ကြာကျတော့ ဟာ ဒီလောက်သန်းပေါင်းများစွာကြာနေတဲ့
ဒီကမ္ဘာ Who preserved?,who maintained? ဘယ်သူ ထိန်းထားလဲဆိုပြီး maintainer (ထိန်းသိမ်းစောင့်ရှောက်သူ) ကိုသူတို့ ရှာကြပြန်တယ်။ ဒီတော့ သွားတွေ့တယ်။Vishnu is the maintainer.နောက်ကျတော့ မုန်တိုင်းတွေ တိုက်လို့ သေကြပြန်ရော။ ရေလျှံလို့ သေကြပြန်ရော။ တောမီးတွေ လောင်လို့ သေကြပြန်ရော။ ဟာ... Who destory this worlddestroyer(အဖျက်သမား) ဘယ်သူလဲ။ Shiva- ရှီဝ ပေါ့။ Shiva destroy this world.အဲဒီ Brama ရယ်၊ Vishnu ရယ်။Shivaရယ်ကိုရတနာသုံပါးတဲ့သူတို့တွေသတ်မှတ်လိုက်ကြတာ။ မင်းတို့ငါတို့မှာလည်း ရတနာသုံးပါးရှိတယ်ဆိုတော့ Similar ဖြစ်နေတယ်။

အဲလောက်လှတဲ့ ကမ္ဘာကြီးကို ဖန်ဆင်းတဲ့
* Brama (ဗြဟ္မာ)ရယ်...
* စောင့်ရှောက်တဲ့ Vishnu (ဗိဿနိုး)ရယ်....
* ဖျက်ဆီးတဲ့ Shiva (ရှီဝ)ရယ်...
ဒီဘုရားကြီး သုံးဆူကို ပူဇော်ဖို့ ပူဇော်တဲ့ နည်းစနစ်တွေကိုရေးတယ်။ အဲလို ပူဇော်တဲ့ ကျမ်းတွေဟာ `ယဇုဗေဒ´ဆိုပြီး ဖြစ်လာတယ်။

ပူဇော်တဲ့နေရာမှာဂါထာမန္တရားတွေရွတ်နည်းဖတ်နည်းတွေကိုရေးသားတဲ့ကျမ်းက `သောမဗေဒ´ ကုလားလို (ရှာမဗေဒ)လို့ ဖြစ်လာတယ်။ ဒီတော့ ဗေဒသုံးခုလို့ လာတယ်။ဒို့ ပိဋိကတ်သုံးပုံနဲ့ လာဆင်တူနေပြန်တယ်။

အဲဒီတော့ ... သူရဿတီဆိုတဲ့မြစ်က တောင်ကြိုချောက်ကြား ကျောက်ဆောင်
ကျောက်စွယ်တွေကိုဖြတ်ပြီး ရေစီးတော့ နိမ့်တစ်လှည့်မြင့်တစ်လှည့်နဲ့ ရေစီးတယ်။လေ လေးလည်းအတိုက်မှာအဲဒီ ရေစီးက ထွက်လာတဲ့ အသံဟာ ဂီတသံနဲ့ တူတယ်။ ဂီတာသံလေးလိုလို သီချင်းဆိုနေတဲ့ အသံလေးလိုလိုပေါ့။ ဒီတော့ အသံရှိတဲ့ ဒီမြစ်ကို `သရဝတီ´ကနေ အသံပြောင်းတော့ `သူရဿတီ´ ဖြစ်သွားတော့တာပဲ။

မန္တာန်တွေ ဂါထာတွေ ရေးသားသီကုံးပြီးတော့ စာအုပ်ကလေးပြုစုတော့ အဲဒီစာအုပ်က သာမဗေဒ ဖြစ်လာတယ်။ ဒီတော့.. . အဲဒီမြစ်ငါးစင်းရှိတဲ့ လူတွေကို ဗမာခေါ် ခေါ်ရင် `ပန်ချာပီ´ ဖြစ်လာတာပေါ့။

ဒီအသံကောင်းတဲ့ ဒီမြစ်ကို စောင့်ရှောက်တာ နတ်သားလား၊နတ်သမီးလား.... ဟုတ်ပြီ နတ်သမီးဖြစ်ရမယ်။ မြစ်ကလေးကလည်းလှ၊ အသံလေးကလည်း သာတယ်ပေါ့။ အဲဒီနဲ့ နတ်သမီးပုံလေးကို စိတ်ကူးနဲ့ရေးကာ မြစ်ထဲဆိုတော့ ဘဲလေးတွေ သွားနေတာကို ဘဲလေးပေါ်မှာ နတ်သမီးလေး တင်ပြီး စိတ်ကူးနဲ့ ရေးလိုက်ကြရော ဆိုတော့....`သူရဿတီ´နတ်သမီးဆိုပြီး အဲဒီမှာ မွေးတာ။ သရဝတီမြစ်၊ ပန်ဂျပ်မှာမွေးတာ။ ဟိန္ဒူကုလားတွေ စိတ်ကူးနဲ့ မွေးထုတ်တာနော်။ တကယ် မွေးတာတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။

သူရဿတီ ဘယ်သူမြင်ဖူးသလဲ။ ဘယ်သူမှ မမြင်ဖူးဘူး စိတ်ကူးတာ။ ဗြဟ္မာ ဖန်တီးသတဲ့။ ဘယ်သူပြောလဲ... ဘယ်သူ မြင်ဖူးသလဲ။ ဘယ်သူမှ မမြင်ဖူးဘူး။ Nobody see but they areimagine.ဗိဿနိုးစောင့်ရှောက်တယ်တဲ့။ ဘယ်သူတွေများ ဗိဿနိုးနဲ့ ဗြဟ္မာကို တွေ့ဖူးလိုက်သလဲ။ မတွေ့ဖူးကြဘူး။ အဲဒီလို စိတ်ကူးနဲ့ ဖော်ထုတ်တဲ့ ဘာသာရေးမျိုးကို Imaginary religion လို့ ခေါ်တာ။ မင်းတို့ စိတ်ကူးယဉ်ဝါဒမျိုးကို ကြိုက်သလား။ လက်တွေ့ဝါဒမျိုးကို ကြိုက်သလားမေးရင် မင်းတို့ အဖြေ ရှင်းရှင်းထုတ်နိုင်မှာပေါ့ ဟုတ်လား။

အဲဒါကြောင့် လက်တွေ့ကျကျ မျက်တွေ့ကျကျ လူနဲ့ထိတွေ့ပြီးတော့ စနစ်ကျတဲ့ဘာသာတရားကိုယုံကြည်လက်ခံခွင့်ရတဲ့ဒီဘဝဟာဘဝကောင်းတစ်ခုပဲလို့ အားလုံး နားလည်ကြစေချင်ပါတယ်။

အင်း... ဟုတ်ပြီဆိုတော့ သူရဿတီ အကြောင်းဆက်ရအောင်။

သူ ဘယ်မှာ မွေးလဲ၊ ပန်ဂျပ်က သူရဝတီဆိုတဲ့ မြစ်ထဲ မွေးတဲ့ နတ်သမီး။ သူ ဗမာပြည် ရောက်လာတာ ဘယ်လမ်းကြောင်းက ရောက်လာသလဲ။
အဲဒီကောင်မလေး ဗီဇာ မပါဘူးကွနော် Without visa နဲ့ ရောက်လာတာ။

ဗမာတွေရဲ့နှလုံးသားထဲကိုဒီကောင်မလေးဝင်အောင်ဘယ်သူကစထည့်သွားမှန်း မသိပါဘူး။ ပိဋကတ်သုံးပုံစောင့်နတ်သမီးဆိုပြီးတော့လုပ်လိုက်ကြတာဟာ ဘုရားစင်ပေါ်သူတက်ထိုင်တယ်ဒါတင်မကဘူးတင်ပလ္လင်ချိတ်ပြီးဒူးကြီးဖော်ထိုင်နေတဲ့ လူကြီးလည်းဘုရားစင်ပေါ် ရောက်လာတယ်။

ဟာ... ဘုရားရဲ့ ဘေးမှာ ရောက်ရောက်လာ တက်တက်လာ ကြတာ။ ဟာ... ဒီဘက်က သူရဿတီဆိုတဲ့ ကောင်မလေးတက် လာပြီ။ ဟာ... ဒီဘက်က ဦးရှင်ကြီးကြွလာပြီပေါ့။ ဟာ... ဟိုဘက်က ကွမ်ရင်လည်း ရောက်လာပေါ့။ (ဗမာလည်း တရုတ်နဲ့ ပေါင်းစပ်ကာတော်တော်ကြာသွားပြီလေ)နောက်လည်း ဆက်ပေါင်းကြဦးမှာပဲဆိုတော့ ကွမ်ရင်ကိုလည်း နေရာပေးရမယ်။ သူလည်း ဘုရားစင်ပေါ်တက်။ကြည့်လိုက်တော့.. . မြတ်စွာဘုရား ပြောသာ မပြောတာ၊ သူကြည့်နေတာ`တက်လာကုန်ပြီ ငါ့ဘေးနားမှာ ဟိုကောင်၊ဒီကောင်တွေ တက်လာကြတာတော်တော်များနေပြီ။ ငါ ဘယ်နေ့ ဆင်းပေးရမလဲ´ လို့တ်ာတော်စိုးရိမ်နေပြီ။

ပြောချင်တာကသတိထားကြဖို့တကယ့်ဗုဒ္ဓဘာသာအနှစ်သာရမပျောက်ဖို့ရန်အတွက် အဲဒီစိတ်ကူးယဉ်ဘာသာရေးတွေ မလွှမ်းမိုးဖို့ရန် အရေးကြီးတယ်။ Realistic Teaching နဲ့ Imaginary Teaching ကိုဂဃနဏ သဘောပေါက် နားလည်ကြပါ။

{ သီတဂူ ဆရာတော်ဘုရားကြီးဒေါက်တာ အရှင်ဉာဏိဿရ }
(CHARACTER IS POWER 2 တရားတော်မှ-)



Friday, March 18, 2016

ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြားခြင်း



မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တမာကုန်းကျေးရွာတွင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး
(မဘသ)အဖွဲ့မှ ကြီးမှူးကျင်းပသော ယဉ်ကျေးလိမ္မာသင်တန်းမြင်ကွင်းဖြစ်ပါသည်။
                                                                         တင်မျိုးအောင်(တမာသားလေး)

အခုခေတ် လူတွေ အရမ်း သတိမေ့နေတတ်ကြတာ ဘာကြောင့်လဲ

အချိန်ကြာကြာ စိတ်ဖိစီးမှုဖြစ်ခြင်းနဲ့ မှတ်ဥာဏ်ဆုံးရှုံးခြင်းတို့ကြား ဆက်စပ်မှုတစ်ခုရှိကြောင်း အမေရကန်သုတေသီများက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

စိတ်ဖိစီးမှု ထပ်ကာထပ်ကာ ဖြစ်သူတွေ မှတ်ဥာဏ်ပြသနာ ရှိကြတယ်လို့ ဖော်ပြထားပါတယ်။ ပြီးတဲ့အပြင် အချိန်ကြာမြင့်စွာ စိတ်ဖိစီးမှုခံရခြင်းက လူမှုအပေါင်းအသင်းနဲ့ ကင်းဝေးမှု ဖြစ်စေတတ်ပါတယ်။ ဒီ့ပြင် အကြိမ်ကြိမ် ခံစားနေရတဲ့ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ အပြင်ဘက် ဖိစီးမှုဒဏ်အပေါ် ခုခံအားစနစ်ရဲ့ တုံ့ပြန်မှုကြောင့် ခန္ဓာကိုယ် နာကျင်ကိုက်ခဲရောင်ကိုင်းမှုလည်း ဖြစ်စေနိုင်ပါတယ်။

စိတ်ဖိစီးမှုက ထပ်တလဲလဲ ကာလကြာမြင့်တဲ့ စိတ်ပိုင်းဆိုင်ရာ ထုနက်မှုဒဏ် ဖြစ်စေပါတယ်။ ကြွက်တွေမှာ

သူက အမြဲ ဒါမျိုးတွေ လုပ်လေ့ရှိတယ်ဆိုရင်တော့ သူဟာ ကြောင်သူတော်ကြွက်သူခိုးသာဖြစ်

 လောကမှာ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့ စကားက အရမ်းမှန်ကန်ပါတယ်။ လူတစ်ယောက်ကို အပေါ်ယံကြည့်ရုံနဲ့ ဘယ်တော့မှ အတွင်းစိတ်ကို မသိနိုင်ပါဘူး။ လူတစ်ယောက် အကြောင်းကို သေသေချာချာ ပေါင်းကြည့်တဲ့ အခါမှ သူ့ရဲ့ ဟန်ဆောင်မှုတွေနဲ့ ဖုံးကွယ်ထားတဲ့ စိတ်နေသဘောထားက အတ္တကြီးပြီး ဟန်လုပ်တတ်တဲ့သူမှန်း သိလာစေပါတယ်။ လူတစ်ယောက်ဟာ ကြောင်သူတော် ကြွက်သူခိုးတစ်ယောက်မှန်း သိသာစေတဲ့ အချက်တွေကို ပြောပြရရင်တော့

၁) သူပြောတဲ့အတိုင်း ဘယ်တော့မှ မလုပ်ဘူး။ သူတို့က အမိန့်တွေ၊အကြံဥာဏ်တွေပေးရတာကို နှစ်သက်ပေမဲ့ သူတို့ ပေးတဲ့အကြံအတိုင်းတော့ ဘယ်တော့မှ မလုပ်တတ်ပါဘူး။ ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ဆိုတဲ့ လူစားမျိုးတွေ ဖြစ်ပါတယ်။

၂) ကိုယ့် အမှားကို အမြဲရှာပြီး ပြောနေတတ်တယ်။ သူတို့ကိုသူတို့ ပြီးပြည့်စုံအောင်

သမီးလေးရဲ့ ဧည့်သည်

အိမ်ပြန်ရောက်တော့ ည ၁၀ နာရီခွဲနေပေပြီ။ ဇနီးသည် ခပ်ပေးသော သောက်ရေကို သောက်ပြီး အိပ်ခန်းဘက်ကို ဝေ့၀ဲကြည့်လိုက်၏။ ဇနီးသည်က ပခုံးထက်မှ လွယ်အိတ်ကို ဖြုတ်ယူပြီး “သမီးက ၉ နာရီလောက် ကတည်းက အိပ်သွားတာ” ဟု အလိုက်တသိ ဆိုသည်။

 ရေမိုးချိုးပြီးသည်နှင့် ညစာထမင်းကို ခပ်သွက်သွက် စားလိုက်သည်။ ပြီးတော့ စာရေးစားပွဲထိုင်ပြီး နက်ဖြန်သင်ရမည့် သင်ခန်းစာတွေကို ပြင်ဆင်ရပြန်သည်။ “အစ်ကို အိပ်တော့လေ။ မနက်လည်း စောစောထရဦးမယ် မဟုတ်လား” ဇနီးသည် သတိပေးသံကိုကြားမှ စာရွက်စာတမ်းများကို သိမ်းဆည်းပြီး အိပ်ရာဝင်ဖြစ်သည်။

သူ သမီးပါးပြင်လေးကို အသာနမ်းရှိုက်လိုက်သည်။ “သမီးက တီတီတာတာ ပြောတတ်နေပြီ ဖေကြီးရဲ့ ၊ သိလား” သူ ရင်ထဲမကောင်း ဖြစ်သွားသည်။ ကိုယ့်ရင်သွေး စကား တီတီတာတာ ပြောတတ်နေသည်ကိုပင် မကြားဖူး၊ မကြုံဖူးသေးသည့်အဖြစ်။ မနက် သမီးလေးမနိုးခင် ထသွား၊ ည သမီးလေး အိပ်ချိန်မှ ပြန်ရောက် .... ။

မိသားစုအရေးအတွက်၊ သမီးလေး၏ ရှေ့ရေးအတွက် လှုပ်ရှားနေရသည့် နိစ္စဓူဝဖြစ်စဉ်ပါပဲ။

(၂)

သူ့အိမ်အပြန် ခြေလှမ်းတွေက လျင်မြန်သွက်လက်နေသည်။ လက်ထဲမှာလည်း

Taxi မောင်းသူတစ်ဦး ထံမှရတဲ့ အသိပညာတစ်ခု

တစ်နေ့ ကျွန်တော် Taxi ငှားစီးခဲ့ပါတယ်။ Taxi မောင်းသူဟာ အသက် ၃၀ ၀န်းကျင်လူငယ်လေးပါ။ ၀တ်စားထားတာလည်း T-Shirt အဖြူနဲ့ စတိုင်ပင်အနက်နဲ့ပါ။ နေကာမျက်မှန်လေး တပ်ထားပါတယ်။ မောင်းနေရင်း ဆီဆိုင်မှာ ဆီဝယ်ထည့်ခွင့်တောင်းပြီး ဆီဝင်ထည့်ပါတယ်။ ဆီထည့်ပြီးတော့ ပေးတဲ့ဘောက်ချာကို ဗလာစာအုပ်တစ်အုပ်မှာ တွဲချုပ်ထားလိုက်ပါတယ်။ ကားပေါ်မှာ အစုံပါလာသဗျာ.. ဒါနဲ့စကားတွေ စမိလိုက်ပါတယ်ပေါ့.. အတိုချုပ်ပြောရရင် အဲ့ဒီ့ညီလေးဟာ ၀င်ငွေကို အချိုးချသုံးသူဆိုတာ အံ့ဖွယ် တွေ့လိုက်ရပါတယ်။ စာရင်းစာအုပ်ကလေးမှာ အသေးသုံး ၁၀၀ ကအစ ထည့်ရေးထားပါတယ်။ မသိသူဖတ်မိရင် ဘာတွေမှန်းတောင် မသိမှာပါ။ အကြောင်းအရာတွေကို ထိပ်ဆုံးစာမျက်နှာမှာ + လေးတွေနဲ့ မာတိကာ ထုတ်ထားပါတယ်။ တစ်နေ့ချင်း စာရင်းသွားပါတယ်။

ဥပမာ- ထမင်းစား ဆိုတာက ပုံမှန်မဖြစ်နေအလုပ်မို့ +++ ပေးထားပါတယ်။ ဆီထည့်ဆိုရင်လည်း +++++ ငါးလုံး ပေးထားပါတယ်။ လက်ဖက်ရည်သောက်၊ ကွမ်းစားတွေကိုတော့ —- အနုတ်လေးလုံး ပေးထားပြန်ပါတယ်။ ဒီလိုပဲ သူ့စာအုပ်မှာ + – တွေနဲ့ မှတ်တမ်းရေးပါတယ်တဲ့။ ဗဟုသုတ ရစရာကတော့ မဖြစ်မနေ ကိစ္စအသုံးတွေကို + ပြပါတယ်။ အပို သုံးအဖြုန်းတွေကို – ပြပါတယ်။

အိမ်  ပြန်ရင် တစ်ရက်စာ စာရင်းချုပ်လို့ အပေါင်းကတော့

ဆယ်မိနစ်အတွင်း သင့်စိတ်တွေကြည်လင်ပြီး အားအင်ပြည့်ဝသွားသလို ခံစားရစေဖို့

နေ့တစ်နေ့ကို အဆင်ပြေပြေဖြတ်သန်းနိုင်ဖို့ဆိုရင် အားအင်တွေရှိနေဖို့ လိုတာပေါ့။ နေရတာ ပေါ့ပေါ့ပါးပါးနဲ့ ၁၀မိနစ်အတွင်းမှာ ပျောက်ဆုံးနေတဲ့ အားအင်တွေ ပြန်လည်ရရှိစေဖို့ဆိုရင် ဒီနည်းလေးတွေက သင့်ကို အထောက်အကူ ပြုပါလိမ့်မယ်။

၁။ အသက်ကို ၀အောင် ရှုပါ။

အစာအိမ်ထဲထိပါ လေတွေရောက်သွားသလိုမျိုးဖြစ်အောင် လေကို ရှုပေးပါ။ ပြီးရင် ပြန်ထုတ်ပါ။ ပြီးရင် ပြန်ရှုပါ။

၂။သီချင်းနားထောင်ပါ။

ဒီတစ်ခါတော့ အဆွေးသီချင်း အလွမ်းသီချင်းတွေထက် beat မြန်မြန်လေးနဲ့ စိတ်ကိုတက်ကြွစေမယ့် သီချင်းမျိုးလေးတွေ ရွေးနားထောင်ပါ။

၃။လမ်းလျှောက်ပေးပါ။

လေ့လာတွေ့ရှိချက်တွေအရ

အစပ်ကြိုက်တဲ့ ယောက်ျားတွေရဲ့ ထူးခြားချက်များ

သင့် ချစ်သူက ဘာပဲစားစား အစပ်ပါမှ စားတတ်သူဆိုရင် သိပ္ပံပညာအရ ထူးခြားမှုတစ်ခု ရှိပါတယ်တဲ့။ University of Grenoble က သုတေသီတွေက အသက် ၁၈ နှစ်မှ ၄၄ နှစ် အရွယ် အမျိုးသား ၁၁၄ ယောက်ကို အာလူးပြုတ် တစ်ပန်းကန်နဲ့ ငရုတ်သီး အချဉ်တစ်ပုလင်း ပေးပြီး စားစေပါတယ်။ တစ်ဦးချင်းစီ စားသုံးတဲ့ ငရုတ်သီး ပမာဏကို မှတ်သားပြီးနောက် ၄င်းတို့ရဲ့ ယောက်ျားဟော်မုန်းဓာတ် တစ်မျိုးဖြစ်တဲ့ testosterone ပမာဏကို တိုင်းတာခဲ့ပါတယ်။စိတ်ဝင်စားစရာ အဖြစ် ငရုတ်သီး အများဆုံးစားတဲ့ အမျိုးသားတွေရဲ့ ဟော်မုန်းပမာဏ အမြင့်ဆုံးဖြစ်တာကို တွေ့ရှိရပါတယ်။

သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကလည်း စွန့်စားတတ်တာ၊ လောင်းကစား ဝါသနာပါတာ၊ လူမှုရေး အဖွဲ့တွေနဲ့ လှုပ်ရှားဆောင်ရွက်တတ်တာ၊ လိင်စိတ်ပြင်းထန်တာတွေမှာ တူညီကြောင်းတွေ့ရှိခဲ့ပါတယ်။ များပြားလှတဲ့ သုတေသန ရလဒ်တွေအရ အစပ်အရသာကို ကြိုက်နှစ်သက်ခြင်းက testosterone ၊ ငွေကြေး အခြေအနေ၊ ကာမစိတ်ပြင်းထန်ခြင်းနဲ့ စွန့်စားလိုတဲ့ အပြုအမူတွေနဲ့ ဆက်စပ်မှုရှိတာကို တွေ့ရပါတယ်။

သုတေသီတွေအနေနဲ့ အစပ်ကြိုက်လို့ testosterone များပြားတာလား၊ testosterone ဟော်မုန်း များလို့ အစပ်ကြိုက်တာလားဆိုတာကို အတိအကျ မပြောနိုင်သေးပေမဲ့ အစပ်ပုံမှန် စားသုံးတဲ့အတွက် ယင်းဟော်မုန်း တိုးပွားလာတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီလေ့လာတွေ့ရှိမှုကနေ ကိုယ့်ချစ်သူရဲ့ စားသောက်ပုံကို လေ့လာပြီး သူဘယ်လိုလူမျိုးလဲဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar

သူကိုယ့်ကိုယ် ဘယ်လောက်ချစ်မချစ် စမ်းသပ်နိုင်မယ့် နည်းလမ်းလေးများ

ကိုယ်ချစ်တဲ့သူက ကိုယ့်အပေါ်ဘယ်လောက် အလေးထားလဲဆိုတာ ချစ်တဲ့သူတိုင်း သိချင်တဲ့ မေးခွန်းလေးတစ်ခုပါ။ သူကိုယ့်အပေါ် အရမ်းချစ်ပါတယ်လို့ ယုံကြည်နေရတဲ့ ခံစားချက်က အလိုလို လုံခြုံနွေးထွေးစေပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ် သူ တန်ဖိုးထားပြီး ချစ်ပါတယ်ဆိုတာကို သိနိုင်မယ့်နည်းလေးတွေနဲ့ စမ်းသပ်ကြည့်လို့ ရပါတယ်။ ဒီနည်းလေးတွေက ကလေးဆန်ကောင်း ဆန်နိုင်ပေမဲ့ ကိုယ်ချစ်ရတဲ့သူဆီက တုန့်ပြန်မှုကို အမြန်ဆုံး သိခွင့်ရနိုင်မယ့် နည်းလေးတွေမို့ စမ်းကြည့်သင့်ပါတယ်။

၁)သူတို့ရဲ့ ဖေ့စ်ဘွတ်ထဲက သူငယ်ချင်း စာရင်းအားလုံးကို ဖျက်ပစ်ကြည့်လိုက်ပါ။ သူ့ရဲ့ ဖေ့စ်ဘွတ်ထဲက သူငယ်ချင်းတွေက ကိုယ့်လောက် အရေးမကြီးပါဘူးလို့ ပြောတဲ့သူဆိုရင်တော့ စိတ်ချလက်ချ ချစ်သင့်တဲ့ လက္ခဏာပါ။

၂)မနက်ဖြန် အလုပ်ထွက်တော့မယ်လို့ သူတို့ကို ပြောလိုက်တဲ့အခါ ဘာတွေအဆင်မပြေလို့လဲလို့ အရင်မမေးဘဲ

Laptop ဝယ်လျှင် သိထားသင့်သော အကြောင်းအရာများ

laptop တစ်လုံးဝယ်တာဟာ မိုင်းကွင်းထဲမှာ ကွင်းရှောင်ရတာလောက်တော့ မခက်ခဲပါဘူး။ ဒါပေမဲ့ ဒီ Laptop နဲ့ ဘာလုပ်မှာလဲဆိုတဲ့ အသိလောက်တော့ ရှိဖို့လိုပါတယ်။ ဒါကြောင့် အလွယ်တကူ နားလည်နိုင်မယ့် လမ်းညွှန်းချက်လေးတွေကို ရေးဖြစ်ပါတယ်။ ဒါဆိုရင် Laptop တစ်လုံးကို ယုံကြည်ချက်အပြည့်နဲ့ ဝယ်နိုင်ပါပြီ။

ဘာအတွက် လိုချင်တာလဲဆိုတာကို ဆုံးဖြတ်ပါ

Laptop တစ်လုံးကို ဝယ်တော့မယ်ဆိုရင် အရေးကြီးဆုံးက

ယောက်ျားပီသတဲ့သူ တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းများ

မိန်းမတစ်ယောက်မှာ မိန်းမပီသတဲ့ အရည်အချင်းရှိဖို့လိုသလို ယောက်ျားတစ်ယောက်မှာလည်း ယောက်ျားဆန်ပြီး စိတ်ဓာတ်က
 ယောက်ျားပီသဖို့ အရမ်းအရေးကြီးပါတယ်။ ယောက်ျားပီသတယ် ဆိုရာမှာ သဘောထားကြီးခြင်း၊ တာဝန်ယူလိုစိတ်ရှိခြင်း၊ ယုံကြည်အားကိုးထိုက်ခြင်းတွေ ရှိဖို့ လိုပါတယ်။ ယောက်ျားပီသတဲ့ လူတစ်ယောက်ကို ချစ်ခွင့်ရတဲ့သူတွေက ကိုယ့်ရဲ့ ကံကောင်းခြင်းကို သိပြီး တန်ဖိုးထားစေချင်ပါတယ်။ယောက်ျားတစ်ယောက်မှာ ဆင်းရဲတာ၊ ချမ်းသာတာ၊ ပညာတတ်တာ၊ မတတ်တာတွေက ယောက်ျားပီသတဲ့ စိတ်ဓာတ်ရှိခြင်း၊မရှိခြင်းတွေနဲ့လုံးဝ မသက်ဆိုင်ပါဘူး။

သူချမ်းသာပေမဲ့ ကိုယ့်ကိုယ် စိတ်ချမ်းသာအောင် ထားနိုင်ရဲ့လား။ သူပညာတတ်ပေမဲ့ သင်ထားတဲ့ ပညာတွေကနေ

ဝတာက အိပ်ရာဝင်တဲ့အချိန်နဲ့ သက်ဆိုင်နေလား

ည ၁၁ နာရီနောက်ပိုင်းမှ အိပ်တဲ့လူတွေဟာ အခြားလူတွေထက် ပိုဝနိုင်ခြေရှိတယ်လို့ လေ့လာချက်တစ်ခုက ဖော်ပြပါတယ်။

ခန္ဓာကိုယ်သွယ်လျမှုစောင့်ကြည့်ရေးစနစ် ကုမ္ပဏီ Jawbone ရဲ့ ထုတ်ပြန်ချက်အရ ညအိပ်ရာဝင်နောက်ကျတဲ့လူတွေဟာ အသင့်စားအစားအစာတွေနဲ့ အရက်ကို ပိုမိုသောက်စားလေ့ရှိပြီး တစ်နေ့ကို ကယ်လိုရီ ၂၂၀ လောက်လည်း ပိုစားတတ်ကြတယ်လို့ ဆိုပါတယ်။

စောစောထတဲ့လူတွေဟာ ကျန်းမာတဲ့ အစားအသောက်တွေကို ပိုစားတတ်ကြတယ်လို့လည်း Jawbone ရဲ့ အချက်အလက်ပညာရှင် ခရစ်ရှန်အက်ခ်ျဘတ်ချာက ပြောကြားထားပါတယ်။ ယခင်က တွေ့ရှိချက်တွေမှာလည်း အိပ်ရာဝင်နောက်ကျသူတွေဟာ အဆီများတာတွေကို ပိုစားလေ့ရှိတယ်လို့ တွေ့ရှိထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun

မျက်ခုံးတွေ ဘာလို့ လှုပ်နေတာလဲ၊ မျက်ကွင်းတွေ ဘာလို့ ညိုနေတာလဲနဲ့ အခြား သိချင်စရာလေးများ

မျက်ခုံး ခဏခဏ လှုပ်နေရင် ဘာများဖြစ်မလဲဟု စိတ်ထင့်လာတတ်သည်။ မျက်ကွင်းတွေ ညိုလာပြီဆို တစ်ခုခုများ ဖြစ်တော့မလား စိုးရိမ်ကြသည်။ အအိပ်များသွားလျှင် ကိုယ်လက်မအီမသာတွေ ဖြစ်ပြီး လေးလံထိုင်းမှိုင်း သွားရတာကရော ဘာကြောင့်လဲ။ လူပင်ပန်းလာရင်း ဖြူဖတ်ဖြူရော် ဖြစ်သွားတာ ကရော အသို့နည်း။

ဇတ်ခနဲ ဇတ်ခနဲ မျက်ခုံးလှုပ်တာ ဘာကြောင့်လဲ။

လူသည် ပင်ပန်း နွမ်းနယ်နေသည့်အခါ၊ စိတ်ဖိစီးနေသည့်အခါ၊ အသောက်လွန်သည့် အခါမျိုးတွင်

‘မကောင်းမှုက ကောင်းကျိုးပေးသည် ဆိုခြင်းမှာ’

ဘုရားရှင်က ‘မကောင်းမှုက ကောင်းကျိုးပေးသည်ဆိုခြင်းမှာ’ မဖြစ် နိုင်။ မကောင်းမှုက မကောင်းကျိုးကို သာ ပေးသည်။ ကောင်းသောအမှုက မကောင်းကျိုးပေးသည် ဆိုခြင်း မှာ မဖြစ်နိုင်။ ကောင်းမှု က ကောင်း ကျိုးကိုသာ ပေး သည်ဟူ၍ မိန့်တော်မူချက်မှာ ကံကံ၏အကျိုးကို ရှင်း ရှင်းလင်းလင်း ဟောဖော်ညွှန်ပြ ထားခြင်းဖြစ်ပါ၏။

ဘုရားရှင်၏ ဤအဆုံးအမတော်ကို စဉ်းငယ်မျှပင် သံသယမ၀င်ဘဲ ရာနှုန်းပြည့် ယုံကြည်မှသာ ကံကံ၏ အကျိုးကို ယုံကြည်သူဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဖြစ်နိုင်ပါလိမ့်မည်။
ဤလောကတွင်

လူတွေကို သည်းမခံနိုင်ဖြစ်နေရင် ဒါတွေ သိထားသင့်

၁ - သူ့အမြင်

ပထမဆုံးလုပ်ကြည့်သင့်တာကတော့ တစ်ဖက်လူရဲ့ အမြင်ကနေ ဝင်ကြည့်တာဖြစ်ပါတယ်။

၂ - မေးပါ

တစ်ဖက်ရဲ့ အခြေအနေကို သင်လက်မခံနိုင်ဘူးဆိုရင် တင်းမာစွာ တုံ့ပြန်စရာမလိုပါဘူး။ ဘာကြောင့် ဒီလိုလုပ်နေရတာလဲလို့ မေးပါ။

၃ - မသိကျိုးကျွံ

လာတဲ့ပတ်ဝန်းကျင်မတူတာ၊ စရိုက်မတူတာ၊ ဘဝပေါ်အမြင်မတူတာ

Sunday, January 31, 2016

ကောင်းမွန်သော အမျိုးသမီးဆိုတာ

(၁) အတွေးအခေါ် အယူအဆ ကောင်းမွန်သူ

(၂) သည်းခံခွင့်လွှတ်တတ်တဲ့ စိတ်ရှိသူ

(၃) ငွေကြး ဥစ္စာကို စီမံခံန့်ခွဲတတ်သူ

(၄) အိမ် ထောင်ရေးကို ထိမ်းသိမ်းနိုင်သူ

(၅) အသောက်အစား ကင်းသူ

(၆) အပျော်အပါး ကင်းသူ

(၇) စိတ်ကူးကောင်း အတွေးကောင်းတွေ ရှိသူ

(၈) တစ်ပါးသူအပေါ် မှီခိုတတ်တဲ့ စိတ်ကင်းသူ

တစ်ခါတစ်ရံ အမျိုးသမီးတွေဟာ စိတ်အား ငယ်တတ်ပေမယ့် အခက်အခဲ အတား အဆီးတွေနဲ့ ကြုံတွေ့လာတဲ့ အခါမှာတော့ ရဲဝံ့စွာ ရင်ဆိုင်နိုင် တတ်ကြပါတယ်။ တစ်ခါတစ်လေမှာ အလွယ်တကူ စိတ်ကောက်တတ်ကြ ပေမယ့်လည်း နားလည် ခွင့်လွှတ်နိုင်ပြီး သနားကြင်နာ တတ်တဲ့ သူမျိုးတွေပါပဲ။ ချစ်ခင်တတ်တဲ့ စိတ်ရှိ သော်လည်း နာကျဉ်းတဲ့ အခါ တစ်ဘဝ လုံးစာ မေ့ပစ် တတ်ကြပါတယ်။
Credit :  (ရိုးရာလေး)

လူချစ်လူခင်များစေနိုင်သည့် အမူအကျင့်များ

လူအများက ချစ်ခင်နှစ်သက်ကြတဲ့ စန်းရှိပြီး နှစ်လိုဖွယ်ကောင်းသူတစ်ဦးဖြစ်ချင်ပါသလား။ ဒီလို လူချစ်လူခင်များတဲ့ အရည်အသွေးက မွေးရာပါလို့ အများစုက ထင်မှတ်မှားတတ်ကြပါတယ်။
တကယ်တော့ Emotional Intelligence လို့ခေါ်တဲ့ မိမိကိုယ်တိုင်နဲ့ အခြားလူများရဲ့စိတ်ခံစားချက်ကို သိမှတ်ခံစားပေးနိုင်စွမ်းနဲ့သာ သက်ဆိုင်ပါတယ်။ ဒါ့ကြောင့် စန်းပွင့်ပြီး လူချစ်လူခင်များစေနိုင်တဲ့ အမူအကျင့် (၁၂)ခုကို ဖော်ပြပေးလိုက်ပါတယ်။

 (၁) မေးခွန်းတွေမေးပါ။

လူအများစုဟာ တဖက်သားကစကားပြောလာတဲ့အခါမှာ ဘယ်လိုတုံ့ပြန်ပြောဆိုရမလဲဆိုတာနဲ့ ဘယ်လိုထိခိုက် တဲ့စကားဖြစ်မလဲဆိုတာကိုပဲ အာရုံစိုက်နေတတ်ကြတဲ့အတွက် စကားလုံးတွေကြားနေပေမယ့် အဓိပ္ပါယ်ကို လွဲမှားစွာကောက်ယူတတ်ကြပါတယ်။ ဒီလိုမဖြစ်ဖို့အတွက် မေးခွန်းတွေ ပြန်မေးဖို့လိုပါတယ်။

သင့်ရဲ့ အ၀တ်အစား အရောင်တွေကနေ ပြောပြနေတဲ့ သင့်အကြောင်း

သင်အမြဲတမ်း နှစ်ခြိုက်စွာ ရွေးချယ်ဝတ်ဆင်တတ်တဲ့ အ၀တ်အစားအရောင်က ဘာအရောင်များ ဖြစ်လိမ့်မလဲ။ သင်အများဆုံး ၀တ်ဆင်တတ်တဲ့ အ၀တ်အစား၊အကျီအရောင်က သင့်အကြောင်းကို ပြောပြပေးနေတယ်ဆိုတာ သိပါသလား။

အပြာရောင်

အပြာရောင်သည် အလုပ်အင်တာဗျူး ဖြေဆိုရာတွင် ၀တ်ဆင်သင့်သောအရောင် ဖြစ်သည်။အလုပ်အကိုင် ခန့်ထားခြင်းဆိုင်ရာ စစ်တမ်းတစ်ခုအရ မန်နေဂျာ ရာထူးရွေးချယ်ရာတွင် အပြာရောင် ၀တ်ဆင်ထားသူများကို အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်နိုင်သည်ဟု ယူဆခဲ့ကြောင်း ရွေးချယ်သူများက ဆိုသည်။ အပြာရောင်သည် စိတ်သက်သာရာရခြင်း ၊သစ္စာရှိခြင်း ၊

မိန်းကလေးတွေ ပြောကြတဲ့ ယောက်ျားမပီသစေတဲ့ အရာ ၂၀ ခု

ဘယ်လို လူမျိုးတွေဟာ ယောက်ျား မပီသဘူးလဲ ဆိုတာ မိန်းကလေး အယောက် ၂၀ ကို မေးခဲ့ပါတယ်။ သူတို့ရဲ့ အဖြေတွေကတော့–

 ၁. သူ့ရဲ့ ချစ်သူကို မလေးစားတဲ့ ယောက်ျားတစ်ယောက်ဟာ ယောက်ျားမပီသပါဘူး။ ယောက်ျားပီသတဲ့သူ တစ်ယောက်ဟာ သူ့ရဲ့ ချစ်သူကို အလေးထားပါတယ်။ ဘယ်တော့မှ မထိန်းချုပ်ပါဘူး။

၂. ယောက်ျားတွေက မျက်နှာပြောင်ရင် ယောက်ျားမပီသတော့ပါဘူး။

၃. တခြားသူကို ဆုံးဖြတ်ချက် ချခိုင်းတဲ့၊ ပါတ်ဝန်းကျင်ကလူတွေရဲ့ လွှမ်းမိုးမှု ခံရတဲ့ ယောက်ျားတွေဟာ ဆွဲဆောင်မှု မရှိပါဘူး။

Saturday, January 16, 2016

လူတစ်ယောက် ဘာခံစားချက်ရှိနေသလဲဆိုတာ လျှပ်တပြတ် မျက်နှာအမူအရာကို ကြည့်ပြီး ဆုံးဖြတ်နိုင်

လူတစ်ယောက်ဟာ တမင်သက်သက်ပဲဖြစ်ဖြစ်၊ အမှတ်တမဲ့ပဲဖြစ်ဖြစ် မိမိခံစားချက်ကို ထုတ်ဖော်ပြသတဲ့အခါမှာ micro-expressions လို့ ခေါ်တဲ့ မျက်နှာအမူအရာပြောင်းလဲမှုလေး တွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီ micro-expressions ဟာ လူတစ်ယောက်ရဲ့ မျက်နှာမှာ စက္ကန့် ပိုင်းလောက်လေးသာ ဖြတ်ခနဲဖြစ်ပေါ်တတ်တာမို့ လို့ ဂရုစိုက် ဖတ်တယ်ဆိုရင် လူတစ်ယောက်ဟာ ကိုယ်နဲ့ ဆက်ဆံတဲ့အခါ စိတ်ထဲမှာ ဘယ်လိုဖြစ်ပေါ်နေလဲဆိုတာ သိရှိနိုင်မှာဖြစ်ပါတယ်။


၁။ အံ့သြတဲ့အခါဖြစ်တဲ့ မျက်နှာအမူအရာ-

မျက်ခုံးက မြင့်တက်ပြီး ကွေးသွားတယ်။ မျက်ခုံးအောက်က အရေပြားက ဆန့် သွားတယ်။ နဖူးတစ်လျှောက်လုံးမှာ အလျားလိုက် အရေးအကြောင်းတွေ ပေါ်လာတယ်။ မျက်ခွံက ပွင့်ဟသွားပြီး မျက်ဆံအတွင်းသားအဖြူကို အပေါ်၊အောက် မြင်နေရတယ်။ မေးရိုးအောက်ကို ဟသွားပြီး သွားတွေကလည်း မထိတော့ဘဲ ဟသွားတတ်တယ်။

၂။ ကြောက်ရွံ့ တဲ့ micro-expression

မျက်ခုံးမွှေးနှစ်ခုက တစ်ပြိုင်တည်း အပေါ်ကို ဆွဲတက်သွားတယ်။




တစ်ခါတုန်းက ဘုရင်တစ်ပါးဟာ အိပ်မက်ဆန်းတစ်ခုမက်တယ်...

သူ့ရဲ့သွားတွေ အကုန် ကျွတ်ထွက်ကုန်တယ်လို့ အိပ်မက်မက်တယ်...
အိပ်မက် အတိတ်နိမိတ်ကောက်တတ်တဲ့ အမတ် ၂ယောက်ကို ခေါ်လာပြီး သူ့ အိပ်မက်အကြောင်းကို အတိတ်နိမိတ်ဖတ်ခိုင်းတယ်...

ပထမ အမတ်က

"အရှင်ဘုရင်ဟာ အရှင်ရဲ့ ဆွေမျိုး မိတ်ဆွေတွေ အားလုံး သေဆုံးပြီး မှ အရှင်နတ်ရွာစံပါလိမ့်မယ်... အဲဒီအချိန်မှာ ဆွေမျိုးတစ်ယောက်မှ ကျန်မှာ မဟုတ်ပါဘူး..."

ဘုရင်ဟာ ဒီစကားကို ကြားပြီး ဒေါသ ထွက်တော်မူသတဲ့... အဲဒီအမတ်ကို ကြိမ်ဒဏ် တစ်ရာ ရိုက်စေ ဆိုပြီး အပြစ်ပေးလိုက်တယ်...

ဒုတိယအမတ်ကတော့

"အရှင်ဘုရင် ဟာ အရှင်တို့ အမျိုးတော်တွေ ကြားမှာ သက်တော် အရှည်ဆုံး ဖြစ်ပါလိမ့်မယ်..."

ဘုရင်ဟာ ဒီစကားကြားပြီး ပျော်ရွှင်ကာ ဆုတော်ငွေများ ချီးမြှင့်လိုက်လေ သတဲ့...

တူညီတဲ့ စကား... တူညီတဲ့ အဓိပ္ပာယ်... ပြောပုံဆိုပုံ တင်ပြပုံ မတူညီတာနဲ့ အကျိုး အာနိသင်ဟာ မတူညီတော့ပါဘူး...