တစ်နေ့ ကျွန်တော် Taxi ငှားစီးခဲ့ပါတယ်။ Taxi မောင်းသူဟာ အသက် ၃၀
ဝန်းကျင်လူငယ်လေးပါ။ ၀တ်စားထားတာလည်း T-Shirt အဖြူနဲ့ စတိုင်ပင်အနက်နဲ့ပါ။
နေကာမျက်မှန်လေး တပ်ထားပါတယ်။ မောင်းနေရင်း ဆီဆိုင်မှာ
ဆီဝယ်ထည့်ခွင့်တောင်းပြီး ဆီဝင်ထည့်ပါတယ်။ ဆီထည့်ပြီးတော့
ပေးတဲ့ဘောက်ချာကို ဗလာစာအုပ်တစ်အုပ်မှာ တွဲချုပ်ထားလိုက်ပါတယ်။ ကားပေါ်မှာ
အစုံပါလာသဗျာ.. ဒါနဲ့စကားတွေ စမိလိုက်ပါတယ်ပေါ့.. အတိုချုပ်ပြောရရင်
အဲ့ဒီ့ညီလေးဟာ ၀င်ငွေကို အချိုးချသုံးသူဆိုတာ အံ့ဖွယ် တွေ့လိုက်ရပါတယ်။
စာရင်းစာအုပ်ကလေးမှာ အသေးသုံး ၁၀၀ ကအစ ထည့်ရေးထားပါတယ်။ မသိသူဖတ်မိရင်
ဘာတွေမှန်းတောင် မသိမှာပါ။ အကြောင်းအရာတွေကို ထိပ်ဆုံးစာမျက်နှာမှာ +
လေးတွေနဲ့ မာတိကာ ထုတ်ထားပါတယ်။ တစ်နေ့ချင်း စာရင်းသွားပါတယ်။
ဥပမာ- ထမင်းစား ဆိုတာက ပုံမှန်မဖြစ်နေအလုပ်မို့ +++ ပေးထားပါတယ်။
ဆီထည့်ဆိုရင်လည်း +++++ ငါးလုံး ပေးထားပါတယ်။ လက်ဖက်ရည်သောက်၊
ကွမ်းစားတွေကိုတော့ —- အနုတ်လေးလုံး ပေးထားပြန်ပါတယ်။ ဒီလိုပဲ သူ့စာအုပ်မှာ
+ – တွေနဲ့ မှတ်တမ်းရေးပါတယ်တဲ့။ ဗဟုသုတ ရစရာကတော့ မဖြစ်မနေ
ကိစ္စအသုံးတွေကို + ပြပါတယ်။ အပို သုံးအဖြုန်းတွေကို – ပြပါတယ်။
ညအိမ် ပြန်ရင် တစ်ရက်စာ
စာရင်းချုပ်လို့ အပေါင်းကတော့
ပုံမှန်ရှိနေတတ်ပြီး — တွေများလာရင် နောက်နေ့
အစားချေစနစ်နဲ့ အနုတ်တွေကို ညီအောင် မသုံးဘဲ နေပါတယ်တဲ့။ အတန်းကတော့ ၇
တန်းပဲ သင်ဖူးပါတယ်တဲ့ဗျာ။ စာရင်းထားတာနဲ့ တွက်တာ Account သမားတွေ
ဆလံသရပါလိမ့်မယ်။
တစ်နေ့ဝင်ငွေကိုလည်း သီးသန့် ကော်လံနဲ့ တွက်ထားသဗျာ ၁၅၀၀၀ ၀င်တဲ့ပေါ့ဗျာ –
အ၀တ်ပွန်းခ ၅၀၀ – အသက်ရှင်ကြေး ၁၀၀၀ – အချိန်ကုန်ခ ၅၀၀၀ ဒီသုံးခုကို
သီးသန့် ပြန်စုထားပါတယ်တဲ့ တစ်နေ့ကို ၆၅၀၀ မရမနေ ပြန်စုပါတယ်တဲ့။ မပြည့်ရင်
+ တွေ – တွေကို အစားချေပါတယ်တဲ့ သန်းထိုက် လိုလူတောင်
ထိုင်ကန်တော့ချင်စိတ် ပေါက်မိသွားပါတယ်။ ဆက်ပြောသည်မှာ အ၀တ်ပွန်းခ ၅၀၀
ကိုစုပြီး တစ်လတစ်ကြိမ် အ၀တ်ပြန်ဝယ်ပါတယ်။ အဟောင်းကို အပေါင်ဆိုင်ပို့ပြီး
မရွေးဘဲ ထားလိုက်ပါတယ်တဲ့။ ရောင်းရင် ပေါင်သလောက် မလွယ်သလို တန်ဖိုးလည်း
မရလို့ပါတဲ့။
သူ့မှာ အ၀တ်အား ၅ စုံထက် ပိုမထားပါတဲ့။ အသက်ရှင်ကြေး ၁၀၀၀ ကိုစုပြီး
တစ်လတစ်ခါ မိဘပြန်ပေးပါတယ်တဲ့။ သူတို့ကြောင့် အသက်ရှင်နေရလို့ပါတဲ့ဗျာ..
အချိန်ကုန်ခ ၅၀၀၀ ကိုတော့ နောက်ဆက်ရမယ့် အချိန်အတွက် ပြန်စုနေပါတယ်တဲ့
အရင်းအနှီးတစ်ခုရရင် ပြန်သုံးပါတယ်တဲ့။
ဒီကားက ကိုယ်ပိုင်ပါတဲ့ဗျာ ဒါဆို မင်းတွက်တဲ့အထဲမှာ Owner ကြေး
မတွေ့ပါလားလို့မေးတော့ နောက်တစ်စီးဝယ်ဖို့အတွက် ဆတူအရင်းဆိုတဲ့
ခေါင်းစဉ်မှာ သီးသန့်ထားပါသတဲ့.. အများကြီးပြောချင်ပါသေး၊ စာတစ်အုပ်
ရေးလို့ရတယ်ဗျာ….
ဖိုးသူတော် (www.phothutaw.com)
Credit : မောင်လုလင်
No comments:
Post a Comment