ဘုရားရှင်က ‘မကောင်းမှုက ကောင်းကျိုးပေးသည်ဆိုခြင်းမှာ’ မဖြစ် နိုင်။
မကောင်းမှုက မကောင်းကျိုးကို သာ ပေးသည်။ ကောင်းသောအမှုက မကောင်းကျိုးပေးသည်
ဆိုခြင်း မှာ မဖြစ်နိုင်။ ကောင်းမှု က ကောင်း ကျိုးကိုသာ ပေး သည်ဟူ၍
မိန့်တော်မူချက်မှာ ကံကံ၏အကျိုးကို ရှင်း ရှင်းလင်းလင်း ဟောဖော်ညွှန်ပြ
ထားခြင်းဖြစ်ပါ၏။
ဘုရားရှင်၏ ဤအဆုံးအမတော်ကို စဉ်းငယ်မျှပင်
သံသယမ၀င်ဘဲ ရာနှုန်းပြည့် ယုံကြည်မှသာ ကံကံ၏ အကျိုးကို
ယုံကြည်သူဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဖြစ်နိုင်ပါလိမ့်မည်။
ဤလောကတွင်
မကောင်းမှုတွေနှင့် အသက် မွေးနေသော်လည်း ငွေကြေးဥစ္စာချမ်းသာနေသူတွေ ရှိပါ၏။
ထိုသူတို့ကို အပေါ်ယံရှပ်ကြည့်ပြီး မကောင်း မှုက မကောင်းကျိုးပေးသည်ဟူသော
အချက်ကို သံသယရှိ သူတွေလည်း ရှိပါ၏။ မယုံကြည်သူတွေလည်း ရှိပါ၏။
စင်စစ်ထိုသို့ သံသယရှိသူ မယုံကြည်သူတို့ သည် ‘ကောင်းကျိုးပေးသည်’ဟူသော
အချက်ကို ငွေ ကြေးဥစ္စာချမ်းသာခြင်းတစ်ခုတည်းဖြင့်သာ တိုင်းတာ ယူဆ
ထားသူတွေဖြစ်ပါ၏။
မသမာသောနည်းလမ်းများဖြင့် ၀ိသမလောဘ ကြီးမားစွာ
ရှာဖွေသောကြောင့် ဓနဥစ္စာချမ်းသာသော မိသားစုတချို့ကို တွေ့ဖူးပါ၏။
ထိုသူတို့သည် ငွေကြေး ချမ်းသာသော်လည်း စိတ်မချမ်းမြေ့ကြ။ မိသားစု၏
လူမှုရေးကျန်းမာရေးဘက်တွင် ကံမကောင်းမှုတွေ များ လှ၏။ သားဖြစ်သူက ဆေးသမား
အလောင်းအစား သမားဖြစ်သောကြောင့် ပြဿနာပေါင်းစုံကို ငွေထုပ်
ပိုက်၍လိုက်ရှင်းနေရ၏။ သမီးဖြစ်သူကလည်း အနေ အထိုင် မဆင်ခြင်၊
ရည်းစားများသည်။ ငွေအသုံးအဖြုန်း ကြီးမားသည်။ ဒီအထဲမှာ အိမ်ထောင်စု၏
ဦးစီးခေါင်း ဆောင်ကိုယ်တိုင်ကလည်း ခြေရှုပ်သည်။ ဇနီးဖြစ်သူ ကလည်း
သားရေးသမီးရေး လင်ယောက်ျား အရေး တို့ကြောင့် စိတ်ဖိစီးတင်းကျပ်မှုများကာ
မကျန်းမာ။
မိစ္ဆာအာဇီဝမှုဖြင့်ရသော ငွေကြေးဥစ္စာများသည် အိမ်
ထောင်ဦးစီးနှင့် သားသမီးတို့၏ အကျင့်စာရိတ္တကို ဖျက်ဆီးလျက်
ပြန်ထွက်သွားသည်။ မတရားမှုဖြင့် ရှာ ထားသော ဓနဥစ္စာများသည် ၀ိသမလောဘသမား၏
လက်ထဲတွင် ကြာကြာမြဲမနေ။ တစ်ချိန်ချိန်တွင် ပြန် ထွက်တတ်ရာ ထွက်သောအခါ
ကောင်းကောင်းမ ထွက်။ သောက၊ ဒေါသ၊ ဒေါမနဿ၊ ဗျာပါဒတရား ဆိုးတို့ကို
လက်ဆောင်အဖြစ် ပေးစွမ်းပြီးမှ ပြန်ထွက် တတ်ပါ၏။
ကံကောင်းခြင်း၊
ကံမကောင်းခြင်းကို ငွေ ကြေးဥစ္စာချမ်းသာကြွယ်ဝခြင်းတစ်ခုတည်းအပေါ်မှာ
သာတည်မှီ လျက် တိုင်းတာဆုံးဖြတ်ခြင်းသည် ဘောင် ကျဉ်းလွန်းလှပါသည်။
ငွေကြေးချမ်းသာသော် လည်း ပြဿနာ အဖုံဖုံ၊ စိတ်ဆင်းရဲစရာမျိုးစုံနှင့်
ဖိစီးမွန်းကျပ် မှုများနေလျှင် ကံကောင်းသည်ဟု မဆိုနိုင်ပေ။ မိစ္ဆာ အာဇီဝ
မူဖြင့် ကြီးပွားသူတို့၏ လတ်တလောချမ်းသာ မှုကိုကြည့်ပြီး ‘မကောင်းတာလုပ်လဲ
ကောင်းကျိုးပေး တာပါ ပဲ’ဟုဆိုတတ်ကြသူများသည် ထိုမိစ္ဆာအာဇီဝ သမားများ၏
အနာဂတ်ကာလကို လှမ်းမျှော်ကြည့်ရန် မူ သတိမေ့လျော့နေတတ်ကြပေသည်။
သမ္မာအာဇီဝမှုဖြင့်
အသက်မွေးပြီး ငွေ ကြေးဥစ္စာချမ်းသာကြွယ်ဝမှု မရှိစေကာမူ အစ၀ယ်
ပြဿနာရှင်းရှင်း စိတ်ဖိစီး မွန်းကျပ်မှုကင်းကင်းဖြင့် ရောင့်ရဲအေးချမ်းစွာ
နေသူများကို ငွေကြေးရှုထောင့် တစ်ခုတည်းမှကြည့် ကာ ကံမကောင်းသူများဟု အကဲ
ဖြတ်သော် ထိုသူသည် ‘ဘ၀၏တန်ဖိုး’ကို နားမလည် သူ၊ ရုပ်ဝါဒီသမား
သာဖြစ်ပေလိမ့်မည်။ ငြိမ်းအေးချမ်း မြေ့ခြင်း၏ ရသကို
မခံစားတတ်သူသာဖြစ်ပေမည်။
အထက်ပါဘုရားရှင် ဟောတော်မူသည့် ကောင်းမှုက
ကောင်းကျိုးပေး၍ မကောင်းမှုက မကောင်းကျိုးပေး သည်ဟူသော အချက်အပေါ် စဉ်း
ငယ်မျှပင် သံသယမ၀င်မူလျက် ရာနှုန်းပြည့်ယုံကြည် အပ်ပါ၏။ ထိုယုံကြည်ချက်ကို
နှလုံးဝယ်ပိုက်စွဲလျက် ရခဲလှစွာသော လူ့ဘ၀ကိုရစဉ်အခိုက် ကောင်းသော ကိုယ်မှု ၊
နှုတ်မှု၊ စိတ်မှုတို့ဖြင့် ဘ၀ကောင်းဘ၀မွန် တစ်ခုကို မြတ်မြတ်နိုးနိုး
ထုဆစ်ပုံဖော်သွားအပ်ပါ သည်။ ။
ဖိုးသူတော် (www.phothutaw.com)
Credit : မင်းနန်(မော်ကျွန်း)
No comments:
Post a Comment