Pages

Friday, March 18, 2016

အစပ်ကြိုက်တဲ့ ယောက်ျားတွေရဲ့ ထူးခြားချက်များ

သင့် ချစ်သူက ဘာပဲစားစား အစပ်ပါမှ စားတတ်သူဆိုရင် သိပ္ပံပညာအရ ထူးခြားမှုတစ်ခု ရှိပါတယ်တဲ့။ University of Grenoble က သုတေသီတွေက အသက် ၁၈ နှစ်မှ ၄၄ နှစ် အရွယ် အမျိုးသား ၁၁၄ ယောက်ကို အာလူးပြုတ် တစ်ပန်းကန်နဲ့ ငရုတ်သီး အချဉ်တစ်ပုလင်း ပေးပြီး စားစေပါတယ်။ တစ်ဦးချင်းစီ စားသုံးတဲ့ ငရုတ်သီး ပမာဏကို မှတ်သားပြီးနောက် ၄င်းတို့ရဲ့ ယောက်ျားဟော်မုန်းဓာတ် တစ်မျိုးဖြစ်တဲ့ testosterone ပမာဏကို တိုင်းတာခဲ့ပါတယ်။စိတ်ဝင်စားစရာ အဖြစ် ငရုတ်သီး အများဆုံးစားတဲ့ အမျိုးသားတွေရဲ့ ဟော်မုန်းပမာဏ အမြင့်ဆုံးဖြစ်တာကို တွေ့ရှိရပါတယ်။

သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကလည်း စွန့်စားတတ်တာ၊ လောင်းကစား ဝါသနာပါတာ၊ လူမှုရေး အဖွဲ့တွေနဲ့ လှုပ်ရှားဆောင်ရွက်တတ်တာ၊ လိင်စိတ်ပြင်းထန်တာတွေမှာ တူညီကြောင်းတွေ့ရှိခဲ့ပါတယ်။ များပြားလှတဲ့ သုတေသန ရလဒ်တွေအရ အစပ်အရသာကို ကြိုက်နှစ်သက်ခြင်းက testosterone ၊ ငွေကြေး အခြေအနေ၊ ကာမစိတ်ပြင်းထန်ခြင်းနဲ့ စွန့်စားလိုတဲ့ အပြုအမူတွေနဲ့ ဆက်စပ်မှုရှိတာကို တွေ့ရပါတယ်။

သုတေသီတွေအနေနဲ့ အစပ်ကြိုက်လို့ testosterone များပြားတာလား၊ testosterone ဟော်မုန်း များလို့ အစပ်ကြိုက်တာလားဆိုတာကို အတိအကျ မပြောနိုင်သေးပေမဲ့ အစပ်ပုံမှန် စားသုံးတဲ့အတွက် ယင်းဟော်မုန်း တိုးပွားလာတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီလေ့လာတွေ့ရှိမှုကနေ ကိုယ့်ချစ်သူရဲ့ စားသောက်ပုံကို လေ့လာပြီး သူဘယ်လိုလူမျိုးလဲဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar

No comments:

Post a Comment