ဖုန်းထဲမှာ ရုတ်တရက် ၀င်လာသော မက်ဆေ့ခ်ကြောင့် ကောက်ဖတ်ကြည့်လိုက်မိတယ်။
“ မောင်… မနက်ဖြန် ညနေ ၅ နာရီမှာ ဆုံနေကျ ပြင်သူ့ရင်ပြင် အရှေ့မှာ ဆုံရအောင်” တဲ့။ ၀င်လာတဲ့ မက်ဆေ့ခ်ကို ဖတ်ပြီး ကျွန်တော် ကြည်းနူးမိသည်။ အလုပ်ပင်ပန်းတဲ့အခါတိုင်း ကျွန်တော့်ချစ်သူဆီက စာတွေဖတ်ပြီး အမောဖြေရသလို ရံဖန်ရံခါ ဖုန်းတွေနဲ့လည်း စကားပြောဖြစ်ပါတယ် ။ ကျွန်တော့်ထက် အများကြီး ငယ်ပေမဲ့ လူကြီးဆန်တဲ့ သူမကို ကျွန်တော် မြတ်နိုးစွာ ချစ်ရပါသည်။ ချစ်သူအပေါ် အရာရာကို နားလည်တတ်တဲ့ သူမနှင့် ဆုံဆည်းရတာ ကမာပေါ်မှာ ကျွန်တော် ကံအကောင်းဆုံး လူသားတစ်ယောက်လို့ သတ်မှတ်လေ့ရှိပါတယ်။ အခုလည်း အလုပ်တွေများပြီး ပင်ပန်းလာပေမယ့် ကျွန်တော့်ချစ်သူက ကျွန်တော့်ကို တွေ့ချင်တယ်ဆိုတော့ အရမ်းပျော်သွားမိတယ်။ ဒီနေ့ည ပင်ပန်းတော့ ကျွန်တော်သာဆို ချိန်းဖြစ်မှာ မဟုတ်ပါဘူး။ တစ်နေကုန် အလုပ်ကိစ်စတွေ ပြောရတော့လည်း ညနေရောက်ရင် လူက

