Pages

Friday, September 4, 2015

USB (သို့) USB ကြိုးကို အတု၊အစစ် ခွဲခြားနည်း

USB (Universal Serial Bus) ကြိုးဆိုတာ မိမိကွန်ပျူတာနဲ့ တခြားအီလက်ထရွန်းနစ် ပစ္စည်းနှစ်ခုကြား ပေါင်း ကူးဆက်သွယ်ပေးသော ရိုးရှင်းပြီး ကွေးနိုင်ဆန့်နိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ သို့ပေမယ့် အရည်အသွေးမရှိတဲ့ အမျိုးအစားတွေ အသုံးပြုမိရင် USB ချွတ်ယွင်းနိုင်ပါတယ်။

USB အတု အသုံးပြုတဲ့အခါ လုပ်ငန်းတွေနှေးကွေးပြီး အရမ်းစိတ်ညစ်ရပါတယ်။ USB အတုဖြစ်မဖြစ် ခွဲခြားတဲ့ အရမ်းရိုးရှင်းသော နည်းလမ်းကို ထပ်ဆင့်ဝေမျှပေးချင်ပါတယ်။ A-B-C… လောက် ရိုးရှင်းလွယ်ကူပါတယ်။ USB ကိုယူ၊ ယင်းရဲ့အပေါက်နှစ်ခုကို စစ်ဆေးရပါမယ်။ ထိပ်မှာ ရွှေရောင်ဖြစ်နေပါက အဲဒါဟာ မူလအစစ်ဖြစ်သော ကြေးနီကို ပြပါတယ်။
ကြေးနီ (copper)က အလူမီနီယမ် (aluminium) ထက် လျှပ်ကူးအား ပိုမိုကောင်းမွန်တယ်။ ကြေးနီမှာ ဆန့်နိုင်အားလည်း အရမ်းများပြီး ဘယ်လောက်ပဲဆွဲဆန့်ဆွဲဆန့် မပြတ်ထွက်ဘဲ ခံနိုင်တယ်။

USB ကို အတုအစစ်ခွဲခြားဖို့ရန်အတွက် ၄င်းအပေါက်နှစ်ခုကို တစ်ဖန်ပြန်လည်စစ်ဆေးကြည့်ပါ။ ငွေရောင်ဖြစ်နေပါက အလူမီနီယမ်ဖြစ်ပြီး အဲဒါအတုဖြစ်ပါတယ်။ အလူမီနီယမ်မှာ ကြေးနီရဲ့လျှပ်ကူးနိုင်မှုအား ၆၀% သာရှိပေမယ့် ဆွဲဆန့်နိုင်မှုအား အလွန်နည်းပါးတယ်။ ဒါ့ကြောင့် USB ကို တက်လိုက် ကျလိုက်ဖြစ်စေပါတယ်။
Credit: Trend Myanmar

No comments:

Post a Comment