တစ်စုံတစ်ဦးက ကိုယ့်ကို ရူးရူးမူးမူး ချစ်ခင်စွဲလန်းစေချင်ပါက
သိပ္ပံနည်းကျ အထောက်အထားခိုင်လုံတဲ့ အောက်ပါနည်းလမ်းလေးတွေက သင့်ကို
အကူအညီဖြစ်စေပါလိမ့်မယ်။
မျက်လုံးချင်းဆက်သွယ်မှုပြုခြင်း
မိမိနှစ်သက်မြတ်နိုးတဲ့
သူတစ်ဦးရဲ့ အာရုံစိုက်မှု ရယူဖို့အတွက် မျက်လုံးချင်းဆက်သွယ်မှုက
အရေးကြီးပါတယ်။ အဲဒါက သူ/သူမကို သင့်ခံစားချက်တွေ ထဲထဲဝင်ဝင်
နားလည်သဘောပေါက်စေပါတယ်။
နားထောင်တတ်သူဖြစ်ပါစေ
နာဗားဒါးတက္ကသိုလ်နဲ့
ဝါရှင်တန်တက္ကသိုလ်မှ လေ့လာမှုများအရ နားထောင်ကောင်းသူ တစ်ဦးဖြစ်ရတာ
သင့်ကို တစ်စုံတစ်ဦးမှ ချစ်ကြိုက်မိခြင်းရဲ့ ကြီးမားတဲ့
အခန်းကဏ္ဍတစ်ခုဖြစ်ပါတယ်။ တခြားသူတွေ သူတို့ကို စိတ်ဝင်စားမှုပေးတဲ့အခါ
လူတွေနှစ်သက်သဘောကျကြပါတယ်။ အဲဒီအတွက်ကြောင့် သူတို့အကြောင်းကို မဆိုင်းမတွ
ချက်ချင်း ပြောဆိုဆွေးနွေးနိုင်ကြတယ်။
တလေးတစားနဲ့ ကောင်းမွန်စွာဆက်ဆံပါ
သူလုပ်ဆောင်နေတဲ့
အရာတွေနဲ့ သူ့ဖြစ်နေတာတွေအားလုံး တန်ဖိုးထားသလို ပြုမူဆက်ဆံတတ်ပါက
အထူးသဖြင့် အသေးဖွဲလေးတွေ တောင်းဆိုတဲ့အခါ သင့်အတွက်
မယုံကြည်နိုင်လောက်အောင် လိုက်လျောလာပါလိမ့်မယ်။
ဖြူစင်ရိုးသားစွာ ပြုံးပြပါ
ပြုံးရွှင်ခြင်းက ပိုမိုဆွဲဆောင်မှုရှိစေတယ်၊ စိတ်ဝင်စားမှုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုဖြစ်စေပါတယ်။
မကြာမကြာတို့ထိပေးပါ
မိမိလက်တွဲဖော်ကို မကြာမကြာ ထိတွေ့ပေးတာ စိတ်ကြည်နူးမှုနဲ့ ရင်းနှီးမှု တိုးပွားစေပါတယ်။
သူတို့စိတ်ဝင်စားဆုံးအရာကို တန်ဖိုးထားပေးပါ
တစ်ယောက်ယောက်က
သူတကယ် စိတ်ဝင်စားတဲ့ အကြောင်းအရာကို ပြောတဲ့အခါ
သူတို့အားနည်းချက်ပျော့ကွက် တစ်ခုခုကို ဝေမျှပြောဆိုတတ်ကြပါတယ်။ ဒါ့ကြောင့်
သူတို့နှစ်သက် သဘောကျတဲ့အရာကို တန်ဖိုးထားတတ်ရင် အပြန်အလှန်အားဖြင့်
သင့်အပေါ် ရူးသွပ်စွဲလန်းဖို့ အလားအလာရှိပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
No comments:
Post a Comment