ယခုခေတ်မှာ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ အဖြစ်များလာပါတယ်။ နှလုံးရောဂါကို
ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းတွေက သင့်ရဲ့နေထိုင်မှုပုံစံ၊ စားသောက်မှု
ပုံစံတွေကို ပြောင်းလဲပစ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။
၁။
ငှက်ပျောသီးစားပါ။ ငှက်ပျောသီးမှာပါတဲ့ potassi ကာ ဓာတ်က
သွေးပေါင်တက်ခြင်းကို ထိန်းညှိပေးပါတယ်။ ငှက်ပျောသီးလိုပဲ အခြားသော potassi
ကာကြွယ်ဝတဲ့ အစားအစာတွေ ကတော့ ကန်စွန်းဥ၊ အာလူး၊ အဆီမပါတဲ့ ဒိန်ချဉ်
(non-fat yogurt) တို့ ဖြစ်ပါတယ်။
၂။ မှန်ကန်တဲ့ အဆီကိုစားပါ။
ထောပတ်၊ ဒိန်ခဲတို့လို ကျန်းမာရေး အတွက် မသင့်လျော်တဲ့ အစားအစာတွေ အစား
ကျန်းမာရေး အတွက် သင့်လျော်တဲ့ သဘာဝ အဆီတွေ ပါဝင်တဲ့ အစား အစာတွေကို
စားသုံးပေးခြင်းကကို လက်စထရောကျဖို့တောင်မှ ကူညီပေးနိုင်ပါတယ်။ စားသင့်တဲ့
အစားအစာတွေ ကတော့ ပြောင်းဖူး၊ ပဲပိစပ်၊ သံလွင်ဆီ၊ မြေပဲဆီ၊ ထောပတ်သီးတို့
ဖြစ်ပါတယ်။
၃။ အစားအစာတွေ ၀ယ်တဲ့အခါ အညွှန်းကို သေချာဖတ်ပါ။
အစားအစာတွေရဲ့ အညွှန်းမှာ “Saturated fat” ပါဝင်မှုကို စစ်ဆေးပါ။ DV
ငါးရာခိုင်နှုန်းနဲ့ အောက်ဆိုရင် စားသုံးဖို့ သင့်တော်ပြီး DV (၂၀)
ရာခိုင်နှုန်းနဲ့ အထက် အစား အစာတွေကိုတော့ ရှောင်သင့်ပါတယ်။
၎။
ငါးများများစားပါ။ အထူးသဖြင့် ဆယ်လမွန် ငါးတွေမှာ ပါဝင်တဲ့ Omega-3 fatty
acid က နှလုံးရောဂါကို ကာကွယ် ပေးတယ်လို့ လေ့လာချက်များ အရ သက်သေပြပြီး
ဖြစ်ပါတယ်။
၅။ ဆားလျှော့စားပါ။ ဆားကို တတ်နိုင်သလောက် ရှောင်ခြင်းဖြင့် လေဖြတ်ခြင်း၊ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။
၆။
ဆန်ကြမ်း၊ ဂျုံကြမ်းကိုသာစားပါ။ ဆန်ချော၊ ဂျုံချောလောက် အရသာမရှိ၊
စားမကောင်းပေမယ့် ဆန်ကြမ်း၊ ဂျုံကြမ်းတွေဟာ တကယ်တမ်းတော့ ကျန်းမာရေး အတွက်
အကောင်းဆုံး ရွေးချယ်သင့်တဲ့ အစား အစာတွေသာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့
၎င်းတို့မှာ အမျှင်ဓာတ်တွေ၊ အာဟာရဓာတ်တွေ ကြွယ်ဝလို့ ဖြစ်ပါတယ်။
၇။ ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ဖြတ်ခြင်းက နှလုံး ကျန်းမာရေး အတွက် သာမက သင့်ကိုယ်ခန္ဓာ တစ်ခုလုံး အတွက်ပါ ကောင်းစေပါတယ်။
၈။
တေးဂီတနှင့် အတူ ကခုန်ပါ။ သင့်ခန္ဓာကိုယ်ကို သွက်လက်စွာ လှုပ်ရှားရတဲ့
မည်သည့်အက အမျိုးအစားမဆို ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး
နှလုံးကျန်းမာရေး အတွက် အထောက်အကူ ပြုပါတယ်။
၉။ ယောဂကျင့်ပါ။
ယောဂကျင့်ခြင်းဖြင့် စိတ်ဖိစီးမှုတွေကို ပြေပျောက်ရင်း အကျိုးဆက် အနေနဲ့
နှလုံးရောဂါကိုပါ ကာကွယ်တယ်လို့ သုတေသန ပြုချက်တွေက အတည်ပြု ထားပါတယ်။
၁၀။
ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်ပါ။ တစ်နေရာထဲမှာ အကြာကြီး ထိုင်နေတာက
ဝစေရုံသာမက ကျန်းမာရေး အတွက် မကောင်းပါဘူး။ ထိုင်ရာမှထပြီး ကိုယ်လက်
လှုပ်ရှားခြင်း၊ လမ်းလျှောက်ခြင်းက နှလုံးကျန်းမာရေး အတွက် ကောင်းစေပါတယ်။
Credit : messenger
No comments:
Post a Comment