သရဲဆိုတာ တစ်ကယ်ရှိပါတယ်..။ ကျွန်တော် လေ့လာ မှတ်သားဖူးသမျှ ပြောရရင် ဒီဘဝ
ဒီခန္ဓာမရှိတော့ဘူး ဆိုတာနဲ့ နောက်ဘ၀တစ်ခုမှာ နောက်ခန္ဓာတစ်ခုအဖြစ် ချက်ချင်း
ပေါ်ပေါက်လာ ပါတယ်..။ အဲ့ဒီမှာ ကိုယ်ပြုထားတဲ့ ကံအရ
ကောင်းတဲ့ဘုံဘ၀ရောက်သွားသူတွေရှိသလို အ၀ီစိ၊ ငရဲ မှာ ခန္ဓာ
သွားဖြစ်ရသူတွေလည်း ရှိပါတယ်..။ ငရဲမကျလောက်အောင် ၀ဠ်ကံမကြီးသူတွေအဖို့တော့
လူတွေထက် တစ်ဆင့်နိမ့်တဲ့ ပြိတ္တာလို့ဆိုရမယ့် သရဲ၊ နာနာဘာဝ
ဖြစ်သွားရပါတယ်..။ အချိန်တန်လို့ ကျွတ်ချိန်တန်ရင် အဲ့ဒီဘ၀က ကျွတ်မှာ
ဖြစ်ပြီး ကျွတ်ချိန်မတန်သေးရင်တော့ ကျန်ခဲ့တဲ့ မိသားစုက ဘယ်လောက်ပဲ
ကောင်းမှုကုသိုလ်လုပ်လုပ် သာဓုမခေါ်နိုင်ပဲ ကျွတ်လွတ်အုံးမှာ မဟုတ်ပါဘူး..။
ကျွန်တော်အခုပြောမယ့် အကြောင်းကတော့ ကျွတ်ချိန်မတန်သေးတဲ့ သရဲတစ်ကောင်နဲ့
တွေ့ခဲ့တဲ့ အကြောင်းပဲဖြစ်ပါတယ်..။ တစ်နေ့ နယ်က အမျိုးတွေ
အိမ်ကိုလာလည်ကြတယ်..။ အဲ့ဒီမှာ ၂ နှစ်အရွယ် ကောင်လေးတစ်ယောက်ပါလာတယ်..။
ကျွန်တော်နဲ့ဆို တူ တစ်ဝမ်းကွဲလောက် တော်မှာပေါ့..။ နေ့လည်ပိုင်း
မြို့ထဲမှာ လည်စရာ ပတ်စရာတွေ ရှိတဲ့ လိုက်ပို့ပေးလိုက်ပြီး ည ၈း၀၀ လောက်မှာ
အိမ်မှာ ညစာစားပြီး အိမ်ရှေ့ ဘုရားစင်ရှေ့မှာ သူတို့အိပ်ဖို့အတွက်
အိပ်ယာပြင်ပေးလိုက်တယ်..။ ဒီလိုနဲ့ စကားစမြည် ပြောဆိုရင်း ည၁၂း၀၀
ကျော်သွားတယ်..။ ကလေးကတော့ အိပ်နေပြီ..။ ကျွန်တော်တို့တွေသာ
စကားပြောကောင်းကောင်းနဲ့ ပြောနေကြတာ..။ ခဏကြာတော့ ကလေးက ရုတ်တရက်
လန့်နိုးလာတယ်..။ ပြီးတော့ အော်ငိုပါလေ ရော..။ ပြီးတော့
ကျွန်တော့်အခန်းထဲကို လက်ညှိုးထိုးပြီး ကြောက်တယ်..၊ ကြောက်တယ်..၊ ဆိုပြီး
အော်ငိုပါလေရော..။ ဘယ်လိုမှလည်း ချော့လို့မရဘူး..။
အဲ့ဒါ အမျိုးတွေက အိမ်မှာ ဘာတွေ ဖြစ်ဖူးလည်း၊ ဘာညာမေးတာပေါ့..။
ကျွန်တော်တို့ ဒီအိမ်ကို ပြောင်းလာတာ ၁၀ နှစ်ကျော်ပြီ ဘာအရိပ်အယောင်မှ
မတွေ့ဖူးကြောင်း၊ အရင်မိသားစုဆီကလည်း ဘာအသံမှ မကြားခဲ့ရကြောင်း
ပြန်ပြောပြတော့ပေါ့..။ ကလေးကတော့ အရမ်းကြောက်နေတဲ့ ပုံပဲ..။ တုန်တောင်
တုန်နေတယ်..။ ကျွန်တော်လည်း ကလေး အကြောက်ပြေအောင်…
"သားသား..၊
ဒီမှာကြည့်..၊ ဦးဦးအခန်းထဲ ဘာမှ မရှိဘူး..၊ ဦးဦးဝင်ပြမယ်.." ဆိုပြီး
အခန်းထဲဝင်ပြလိုက်တယ်..။ အခန်းက မီးပိတ်ထားတော့ မှောင်မဲနေတယ်..။ ကျွန်တော်
ဝင်ဝင်လိုက်ချင်းပဲ ကြက်သီးတွေ အပြင်လိုက်ထလာပြီး
ကျောတစ်ခုလုံးအေးစိမ့်သွားတယ်..။ ကျွန်တော့် အခန်းထဲကို ကျွန်တော်
ဝင်နေကျ..။ ဒါမျိုး တစ်ခါမှမဖြစ်ဖူးဘူး..။ ကျွန်တော်လည်း မီးခလုပ်ကို
စမ်းပြီး မီးဖွင့်လိုက်တယ်..။
"အောင်မလေးဗျ…"
ကျွန်တော့်စာကြည့်စားပွဲမှာ ကျွန်တော့်ကို မျက်လုံးပြူးပြီး
စိုက်ကြည့်နေတဲ့ ကျွန်တော့်အရွယ် ကောင်လေး တစ်ယောက်ကို တွေ့လိုက်ရတယ်..။
တွေ့ရတယ်ဆိုတာ လုံးဝ အရှင်းကြီး မဟုတ်ပေမယ့် ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့
သူ့ခန္ဓာကိုယ်ကို အခိုးအငွေ့လိုမျိုး ဖောက်ထွင်းမြင် နေရပါတယ်..။ သူ
ဝတ်ထားတဲ့ အ၀တ်အစားက ရှမ်းတိုင်းရင်းသား အ၀တ်အစား ။ သူ့မျက်နှာမှာ သွေးမရှိ
ဖြူဖတ်ဖြူရော် ဖြစ်နေပေမယ့် ပြုံးနေတယ်ဆိုတာ သူ့နှုတ်ခမ်းတွေက သိသာ တယ်..။
ကျွန်တော် ယောင်ပြီး မီးခလုပ်ကို ချက်ချင်းပြန်ပိတ်လိုက်မိတယ်.။
မှောင်သွားတော့ ချက်ချင်း ကြောက်စိတ်ဝင်လာပြီး မီးခလုပ်ကို ချက်ချင်း
ပြန်ဖွင့်လိုက်တယ်..။ ထိုင်ခုံပေါ်မှာ ဘယ်သူမှ မရှိတော့ဘူး..။ ကျွန်တော်လည်း
စိတ်ထင်တာဖြစ်မှာပါဆိုပြီး အခန်းထဲက ပြန်ထွက်ဖို့ လှည့်ထွက် လိုက်တယ်..။
အဲ့ဒီမှာ.. ကျွန်တော့်နောက်မှာ ကပ်ပြီးရပ်နေတဲ့ အခိုးအငွေ့ ပုံသဏ္ဍာန်သူ့ကို
ကျွန်တော့် ခန္ဓာကိုယ် တစ်ခုလုံးနဲ့ တိုက်မိသလို ဖြစ်သွားတယ်..။ သူက
ကျွန်တော့်နောက်ရောက် နေတာကိုး..။ ကျွန်တော် ကြောက်စိတ်က
ငယ်ထိပ်ရောက်သွားပြီး ကျွန်တော် မူးမေ့လဲကျသွားခဲ့တယ်..။
ကျွန်တော်
သတိရလာတော့ အိမ်မှာ ဘုန်းကြီး နှစ်ပါးရောက်နေပြီး ကျွန်တော့်ကို
မိုးပြီးကြည့်နေတယ်..။ ပြီးတော့ ဘယ်လိုနေလဲလို့ မေးတယ်..။ ကျွန်တော်
ဘာဖြစ်သွားခဲ့တာလဲလို့ မေးတော့… မနေ့ညက ကျွန်တော် အခန်းထဲဝင်ပြီး
လဲကျသွားခဲ့တယ်တဲ့..။ ပြီးတော့ ချက်ချင်းပဲ ကျွန်တော် ပြန်ထ လာပြီး
ကလေးဆီကို ပြေးလာတယ်တဲ့..။ ပြီးတော့ ကလေးကိုချီပြီး တော်တော်
ပျော်နေတယ်တဲ့..။ ပျော်လွန်းလို့ ငိုတောင် ငိုတယ်တဲ့..။ ဒီကလေးက
သူကျွတ်အောင် ချွတ်ပေးမယ့်ကလေး..။ သူ့ကို ကုသိုလ်လုပ် အမျှဝေပေးမယ့်ကလေး..။
သူဒီကလေးကို စောင့်နေရတာ တော်တော်ကြာနေပြီ. ဖြစ်ကြောင်း သူဒီဘ၀က
လွတ်ချင်ပြီဆိုတဲ့အကြောင်းကို ကျွန်တော့်အသံ မဟုတ်တဲ့ ရှမ်းဘာသာ
စကားနဲ့ပြောတော့တာပဲ..။ ကလေးကတော့ ကြောက်လန့်ပြီး တစ်ချိန်လုံး
အော်ငိုနေတာပေါ့..။ နောက်ဆုံး ကလေးရဲ့ပါးကိုနမ်းပြီး ကလေးကို
ဂရုစိုက်ဖို့နဲ့ ရေနဲ့ ဝေးဝေးနေဖို့ပြောပြီး လဲကျသွားတယ်လို့
ပြန်လည်သိရပါတယ်..။
အဲ့ဒါနဲ့ ဘုန်းကြီးနှစ်ပါးပင့်ပြီး အိမ်ကိုခေါ်လာ
ကလေးကို ပရိတ်ရေတိုက်ပြီး၊ ကျွန်တော့်ခေါင်းကိုလည်း ပရိတ်ရေစွတ်၊
ပရိတ်ကြိုးတွေစွဲပေးပါတယ်..။ ကျွန်တော် နေလာတဲ့ ၁၀နှစ်ကျော်ကာလအတွင်း သူရဲ့
အရိပ်အယောင်တစ်ခါမှ မတွေ့ဖူးပါ..။ ဘယ်ကတည်းက ၀ဠ်ကြွေးခံနေရတဲ့ နာနာဘာဝလည်း
မသိပါဘူး..၊ အဲ့ဒီအဖြစ်အပျက် ဖြစ်ပျက်ပြီးနောက်ပိုင်းလည်း
သူ့ရဲ့အရိပ်အယောင်ကို အိမ်ထဲမှာ ခုချိန်ထိ မတွေ့ရတော့ပါကြောင်း……..။
Credit: အောင်ထွန်းဦး
No comments:
Post a Comment