Pages

Wednesday, April 6, 2016

သတိရခြင်း virus

ငါ့နှလုံးသားတစ်​ခုလုံး format ရိုက်​လိုက်​တာ​တောင်​ သတိရခြင်း virus က​တော့ ​သေမသွားပါလား​နော်


ရင့်​ကျက်​ခြင်း

ရင့်ကျက်လာပီဆိုရင်

နှလုံးသားကိုဘေးချိတ်ပီး
ဦးနှောက်ကို အလေးပေးတတ်လာတယ်

ဖြစ်နေတာတွေကို ဖြစ်သင့်ပါတယ်ဆိုပီး
တွေးတတ်လာတယ်

ဖြစ်ချင်တာတွေအတွက် ဖြစ်သင့်ရဲ့လားဆိုပီး
စဉ်းစားချင့်ချိန်တတ်လာတယ်

နာကျင်နေရင်တောင် ဟန်ဆောင်အပြုံးတွေကို ကျွမ်းကျင်စွာ ပြုံးတတ်လာတယ်

ပြောပစ်ချင်တဲ့ စကားလုံးတွေကို
တည်ငြိမ်စွာ ထိန်းချုပ်နိုင်လာတယ်

ရင်ထဲကဒဏ်ရာတွေကို မျက်နှာမှာမပေါ်အောင်
ဟန်ဆောင်တတ်လာတယ်

ပေါက်ကွဲလွယ်တဲ့ စိတ်ခံစားချက်တွေကို
အံကြိတ်ပီး မြိုသိပ်နိုင်လာတယ်

ဘဝထဲက ယုံကြည်စရာမကောင်းတဲ့သူအချို့ကို
သွေးအေးစွာ ပြတ်သားနိုင်လာတယ်

ကိုယ့်အပေါ်မှာ မကောင်းခဲ့တဲ့လူတစ်ချို့ကို
ဥပေက္ခာပြုနိုင်လာတယ်

တကယ်တော့ရင့်ကျက်လာတယ်ဆိုတာ
နာကျင်ခြင်းကို အပြုံးအဖြစ်ပြောင်းလဲလို့
လောကအလယ်မှာ
အသေသပ်ဆုံး ဟန်ဆောင်ပီးနေနိုင်သွားတာပါ

Admin_Venus

ခေါင်းကိုက်တတ်သူများအတွက် အိမ်တွင်းဖြစ်ဆေးနည်း

ခေါင်းခဏခဏကိုက် ၍အကိုက်အခဲပျောက်ဆေး မသောက်ချင်သူ များ အောက်ပါနည်းလေးစမ်းကြည့်နိုင်ပါသည်။

ဂျင်း တစ် စိတ် ကိုပြုတ် ပါ။ လက်ဖက်ရည် ခွက်တစ်လုံးစာ ပြုတ်၍ သံပရာ သီး တစ်ခြမ်း ညှစ်ထည့်လိုက်ပါ။ ပြီးလျှင်သမအောင်မွှေ ပါ။
လက်ဖက်စားဇွန်း တစ်ဇွန်းစာ သောက်ပါ။ တစ်နာရီခြားတခါ သောက်ပေးနိုင်ပါတယ်။ ခေါင်းကိုက်သက်သာလျှင်ရပ်လိုက်ပါ။

ထိုနည်းလေးက သဘာဝနည်းလေးဖြစ်တာကြောင့် စမ်းကြည့်နိုင်ပါတယ်။ ခေါင်းမူး သူများလဲ သုံးနိုင်ပါတယ်။

Credit to : Dr.Marie