ကျန်းမာရေးကောင်းခြင်းက စိုပြည်နုပျိုတဲ့ ရုပ်ရည်ကို ဖော်ဆောင်ပေးပါတယ်။
သင်ဟာ တစ်ခါတစ်ရံမှာ ဆံပင်ကျွတ်တာ၊ အရေးအကြောင်း ဖြစ်တာ စတာတွေကို
အသက်ရလာလို့၊ စိတ်ဖိစီးမှုများလို့ ဖြစ်တာလို့ ထင်မိပါလိမ့်မယ်။ ဒါပေမဲ့ ဒါက
အမြဲတမ်း အတွက်တော့ မမှန်ကန်ပါဘူး။ ဒီပြဿနာတွေရဲ့ အရင်းအမြစ်က သင်မသိတဲ့
သင့်ရဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်နေနိုင်လို့ ပါပဲ။
၁။ ခြေဖ၀ါးတွေ၊
ခြေဖမိုးတွေ ခါတိုင်းထက် ရောင်ကိုင်းနေပါသလား။ ခြေထောက် အကြောလွဲခြင်း၊
ခိုက်မိခြင်း၊ ထိခိုက် ဒဏ်ရာရခြင်း၊ ပိုးမွှားဝင်ခြင်း စတဲ့ အခြေအနေတွေက
ခြေထောက်တွေကို ရောင်ကိုင်း စေနိုင် ပါတယ်။ ကိုယ်ဝန်ဆောင်ထားခြင်း၊
အ၀လွန်ခြင်းတွေကလည်း ခြေဖမိုးတွေကို ရောင်ကိုင်း စေနိုင်ပါတယ်။ ဒါပေမဲ့
ဒီပြဿနာက နှလုံး အလုပ်လုပ်ပုံ မမှန်လို့ သွေးလည်ပတ်မှု မကောင်းခြင်းကြောင့်
ဖြစ်တဲ့ လက္ခဏာ ဖြစ်ကောင်း ဖြစ်နိုင် ပါသေးတယ်။
၂။ မျက်လုံးတွေက
အရမ်းပင်ပန်း နွမ်းနယ်နေပုံ ပေါ်နေပါသလား။ မျက်ကွင်းညိုခြင်း၊
မျက်အိတ်ဖြစ်ခြင်းတို့က အိပ်ရေးပျက်တာများလို့လည်း ဖြစ်နိုင်သလို
စားသောက်ပုံကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ သင်စားတဲ့ အစားအစာတွေမှာ
ဆားအများအပြား ထည့်စားသုံးနေမိခြင်းက ဤလက္ခဏာကို ဖြစ်စေနိုင်ပါတယ်။
၃။
အသားအရေတွေ အလွန်အမင်း ခြောက်သွေ့ နေပါသလား။ ဆောင်းရာသီမှာ
အသားအရေခြောက်တာက သဘာဝ ဆိုပေမယ့် အမြဲတမ်း လိုလို အသားအရေက သာမန်ထက်
ပိုပြီး ခြောက်သွေ့နေမယ် ဆိုရင်တော့ ဒါဟာ နှလုံးရောဂါ ဖြစ်စေနိုင်ပြီး
သွေးကြောကျဉ်းတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။
၎။ သုတေသနပြုချက် တစ်ခုကနေ
တွေ့ရှိထားတဲ့ အံ့အားသင့်ဖွယ် အချက်ကတော့ အမျိုးသမီးတွေမှာ
အရေးအကြောင်းဖြစ်တာ ပိုဆိုး လေလေ အရိုးပွမှု ဖြစ်နိုင်ခြေ ပိုများလေ ဆိုတာ
ပါပဲ။ အရေးအကြောင်းအများစုက အသက်အရွယ် ရလာလို့ ဖြစ်တာ ဖြစ်နိုင်သလို
စီးကရက် အသောက်များခြင်း၊ နေရောင်ခြည်နဲ့
ထိတွေ့မှုများခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
၅။ မျက်လုံး အရောင်က ခါတိုင်းလို အဖြူရောင် မဟုတ်ဘဲ အ၀ါရောင် ပြောင်းသွားရင် အသည်းဆိုင်ရာ ကျန်းမာရေး ပြဿနာကြောင့် ဖြစ်နိုင်ပါ တယ်။
၆။ အလွန်အမင်း အရောင်ဖျော့တော့တဲ့ လက်သည်းတွေက သွေးအားနည်းခြင်း၊ အသည်းရောဂါ၊ အစာအာဟာရ ချို့တဲ့မှုတို့ကြောင့် ဖြစ်နိုင်ပါတယ်။
Credit:Messenger
No comments:
Post a Comment