ကျွန်တော်တို့တွေ
တော်တော်များများ ဖတ်ဖူးကြပါတယ်။ ကျွန်တော်လည်း ရေးဖူးပါတယ်။
ဘ၀အောင်မြင်ရေး အတွက် ဘာတွေကိုလုပ်သင့်တယ်။
ဘယ်လိုပြုမူနေထိုင်သင့်တယ်ဆိုတာတွေ ပေါ့။ ဒီနေ့ရေးမှာကတော့ အဲဒါတွေရဲ့
ပြောင်းပြန်ပါ။ အောင်မြင်ဖို့အတွက် ဘယ်လိုအကျင့်စရိုက်တွေကိုဆိုရင်တော့
ရှောင်ကြဉ်သင့်တယ်၊ စွန့်ခွာသင့်တယ် ဆိုတာတွေပေါ့။ (မှတ်ချက်-အခုရေးမယ့်
အမူအကျင့် ၇ ခုဟာ မကောင်းတဲ့အမူ အကျင့်လို့တော့ ပြောလို့မရပါဘူး။ ဒါပေမဲ့
အောင်မြင်မှုအတွက် အတားအဆီးဖြစ် နိုင်တယ်လို့တော့ ယူဆလို့ရပါတယ်။ ပြီးတော့
အဲ့ဒီအချက်တွေဟာ ကမ္ဘာပေါ် မှာ အောင်မြင်မှုသရဖူဆောင်းနေတဲ့ သူတွေကို
အင်တာဗျူးထားပြီး သူတို့ပြော ပြထားတဲ့အချက်တွေပဲဖြစ်ပါတယ်)။
၁။
အောင်မြင်တဲ့သူတွေဟာ သူတိုနဲ့ အဆင်ပြေမယ့်၊ သက်သောင့်သက်သာ ရှိမယ့် comfort
zone ထဲမှာပဲ မနေပါဘူး။ အပြင်ကိုထွက်ပြီး စွန့်စားတတ်ကြပါ တယ်။
comfort
zone ဆိုတာဘာလဲ။ သင်နဲ့အဆင်ပြေမယ့် ပတ်ဝန်းကျင်ရှိတဲ့ နေရာလေးတစ်ခုပေါ့။
ဥပမာ
အလုပ် ပတ်ဝန်းကျင်လေးတစ်ခုက သင်နဲ့အဆင် ပြေတဲ့အတွက် အဲ့ဒီအလုပ်မှာပဲ
လုပ်နေ မယ်။ တိုးတက်မှုလည်းထပ်မရှာတော့ဘူး။ ဘာလို့လဲဆိုတော့ လူသစ်၊
ပတ်ဝန်းကျင် သစ်နဲ့ဆက်ဆံရမှာကိုကြောက်လို့။ သင်နဲ့ အဆင်ပြေမယ့်သူတွေရှိတဲ့
comfort zone လေးထဲမှာပဲ နေနေချင်တယ်ပေါ့။
အောင်မြင်တဲ့သူတွေကတော့
သူတို့ရဲ့ comfort zone ထဲကနေ ရုန်းထွက်ပြီး ပတ်ဝန်းကျင်အသစ်ကိုရှာမယ်။
အတွေ့ အကြုံအသစ်တွေကိုရယူမယ်။ စိန်ခေါ်မှု တွေကို
ရင်ဆိုင်ရင်းနဲ့အတွေ့အကြုံတွေကို ရယူမယ်။ အဲ့ဒီလိုခံယူမှုတွေနဲ့ ကြိုးစားလေ့
ရှိကြပါတယ်။
၂။ အောင်မြင်တဲ့သူတွေဟာ သင်ယူမှုမရှိဘဲ တစ်စုံတစ်ခုကို
လုပ်လေ့မရှိပါဘူး။ သူတို့ တွေရဲ့ဘ၀ဟာ သင်ယူမှုတွေ၊ လေ့လာမှု တွေ၊
တီထွင်ဖန်တီးမှုတွေနဲ့ ပြည့်နေပါ တယ်။ အောင်မြင်မှုတစ်ခုရပြီးလို့ အဲ့ဒီ
အောင်မြင်မှုနဲ့ပဲ မရပ်နေပါဘူး။ ဆက်ပြီး လေ့လာ၊ သင်ယူ၊ တီထွင်ဖန်တီးမှုတွေပြု
နေပါတယ်။ ဒါကြောင့်လည်း အောင်မြင်မှု တွေ ဆက်တိုက်ရနေတာပေါ့။
ဥပမာတစ်ခုစဉ်းစားကြည့်ရ
အောင်။ ဘီလ်ဂိတ်သာ လေ့လာဖန်တီးမှု တွေဆက်မလုပ်ဘဲရပ်နေခဲ့ရင် ကျွန် တော်တို့
အင်တာနက်ခေတ်ကို မြန်မြန် ဆန်ဆန် ရောက်ရှိလာမှာမဟုတ်ဘူး။
၃။
အောင်မြင်တဲ့သူတွေဟာ အခြားသူ ထံမှ အကြံဉာဏ်တောင်းရမှာကို မကြောက် ပါဘူး။
ကျွန်တော်တို့ လူတော်တော်များ များဟာ ကိုယ်မသိတဲ့ကိစ္စတစ်ခု၊ အကြောင်း
အရာတစ်ခုကို အခြားသူထံမှာ မေးမြန်းရ မှာကို ကြောက်တတ်ကြတယ်။ ရှက်ကြ တယ်။
ကိုယ်မသိဘူးဆိုတာကို အခြားသူ တွေသိသွားမှာကို မလိုလားတတ်ကြဘူး။
ထင်ရှားတဲ့
entrepreneur တစ်ယောက် ဖြစ်တဲ့ Richard Branson က ပြောထား ပါတယ်။
သင့်အနေနဲ့ခက်ခဲတဲ့ဆုံးဖြတ် ချက်တစ်ခုချဖို့ လိုအပ်တဲ့အခါမှာ သင်ချ
မယ့်ဆုံးဖြတ်ချက်ကို အတွေ့အကြုံရှိပြီး သားသူတစ်ယောက်နဲ့တိုင်ပင်ပြီး အကြံ
ဉာဏ်ရယူလိုက်ခြင်းက သင့်ရဲ့ဆုံးဖြတ် ချက်ကို
ထူးခြားစွာပြောင်းလဲပေးနိုင်မှာ ဖြစ်ပါတယ်။
အခြားသူဆီကနေ အကြံဉာဏ်
တောင်းခံဖို့ဆိုတာက လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ တော်တော်
များများက အခြားသူတွေလည်း ငါတို့ လို ဆုံးဖြတ်မှာပဲလို့ ထင်မြင်တတ်ကြတယ်။
တစ်ခါတလေလည်း အခြားသူကို အကူ အညီတောင်းခံလိုက်လို့ ထိုသူကိုမှီခိုရ
တယ်ဆိုတဲ့အတွေးမျိုး ဝင်လာတတ်ကြ တယ်။ အဲ့ဒါတွေကြောင့် မမေးဖြစ်တတ် ကြပါဘူး။
ဒါပေမဲ့ တစ်ခါတစ်ရံ မိမိမှာ မရှိတဲ့ အကြံဉာဏ်ကောင်းမျိုး အခြားသူ
(အတွေ့အကြုံရှိတဲ့သူ)မှာ ရှိနေတတ်ပါ တယ်။
၎။ သူတို့တွေဟာ သေးငယ်တဲ့၊
သိပ်ပြီး အရေးမကြီးတဲ့အရာတွေနဲ့ အချိန်ကုန်မခံ ပါဘူး။
ဆိုလိုချင်တဲ့သဘောကတော့ အောင်မြင်တဲ့သူတွေဟာ ကျယ်ကျယ်ပြန့်
ပြန့်တွေးခေါ်ပါတယ်။ ကိစ္စတစ်ခုကို အများကြီး ဆက်စပ်တွေးခေါ်ပြီး ကျယ်
ကျယ်ပြန့်ပြန့်စဉ်းစားပါတယ်။ ပြဿနာ တစ်ခုပေါ်လာလျှင်လည်း ပြဿနာနေရာ ကိုသာ
ကွက်ပြီးမစဉ်းစားပါ။ ကြောင်းကျိုး ဆက်စပ်စဉ်းစားပြီး အဖြေရှာတတ်ကြပါ တယ်။
ဥပမာအားဖြင့်
Steve Jobom အခြား phone company တွေလိုပဲ ခလုတ်နှိပ်ရတဲ့ဖုန်းတွေကိုပဲ
ကောင်းသ ထက်ကောင်းအောင် တီထွင်ဖန်တီးနေ မယ်ဆိုရင် touch screen ဖုန်းတွေပေါ်
လာစရာကြောင်းမရှိပါဘူး (သူ့လို နောက်လူ တစ်ယောက်ကစဉ်းစားပြီး
ဖန်တီးနိုင်မယ် ဆိုလျှင်တော့ ပေါ်လာမှာပေါ့)။ ဒါပေမဲ့ သူ့အနေနဲ့
ခလုတ်ဖုန်းတွေကိုပဲ အာရုံ စိုက်မနေဘဲ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားခဲ့တဲ့
အတွက် Touch screen idea ပေါ်လာ ခြင်းဖြစ်ပါတယ်။
၅။ သူတို့တွေဟာ multi
task (အလုပ် အများကြီးကို တစ်ပြိုင်နက်လုပ်ခြင်း) ကို ရှောင်ကြဉ်ကြပါတယ်။
ဒါကတော့ ထူးဆန်းတယ်လို့ပြောလို့ရပါတယ်။ ဘာလို့ လည်းဆိုတော့
ကျွန်တော်တို့အလုပ်ခေါ် စာတော်တော်များများကို ကြည့်လိုက်ရင် “Ability to do
multitask” အလုပ် အများကြီးကို တစ်ပြိုင်နက်လုပ်ဆောင်နိုင် ရမည်ဆိုတာမျိုး
ရေးသားထားတတ်ကြပါ တယ်။ အဲ့လို multitaskလုပ်နိုင်တာကိုက
အရည်အချင်းတစ်မျိုးအဖြစ် ခံယူ တတ်ကြပါတယ်။ အောင်မြင်တဲ့သူတွေ
ခံယူထားတာကတော့ multitask လုပ် ခြင်းအားဖြင့် ရရှိလာနိုင်တဲ့ရလဒ်တွေရဲ့
အရည်အသွေးကျသွားနိုင်ပါတယ်။ ဒါကြောင့် သူတို့တွေဟာ အရည်အသွေးကို
အဓိကထားတဲ့အတွက် multitask ကို တတ်နိုင်သမျှရှောင်ကြဉ်ပြီး တစ်ကြိမ်မှာ
task တစ်ခုကိုပဲ အာရုံစိုက်ပြီးလုပ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ task ကတော့
အကောင်းဆုံး ရလဒ်ထွက်လာမှာပါ။
Emma Watson uဟာသနှော ပြီး
ပြောထားတာရှိပါတယ်။ သူ multita-sk လုပ်လွန်းလို့သူ့ရဲ့I phone ကစားနေတဲ့
စွပ်ပြုတ်ပန်းကန်ထဲကို ပြုတ်ကျသွားဖူးပါ တယ်တဲ့။ ဆိုလိုချင်တာကတော့ သူက
အစာစားနေတုန်း ဖုန်းသုံးနေတာကို ဆိုလို ချင်တာပါ။
၆။
အောင်မြင်တဲ့သူတွေဟာ ကိုယ့်ကိုယ် ကိုယ်မလိမ်ကြပါဘူး။ ကျွန်တော်တို့တွေမှာ
အကျင့်ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန် လိမ်တာပါ။ ကိုယ့်ဘာသာကိုယ်
စိတ်ချမ်း သာအောင် တစ်ခုခုကို အဆင်ပြေပါတယ် ဆိုပြီးလိမ်တတ်တယ်။ အရမ်းအရေး
ကြီးတဲ့ကိစ္စကို အရေးမကြီးသယောင် ကိုယ့်ကိုယ်ကိုယ် အားပေးတတ်ကြတယ်။
အောင်မြင်တဲ့သူတွေကတော့ ကိုယ့်အခြေ အနေကို မှန်မှန်ကန်ကန်သုံးသပ်တတ်ကြ တယ်။
အရှိကိုအရှိအတိုင်းလက်ခံတယ်။ ကိုယ့်ကိုယ်ကိုယ်လိမ်လိုက်လို့ စိတ်ချမ်းသာ
တာထက် အမှန်ကိုလက်ခံပြီး ကောင်း အောင်ကြိုးစားလိုက်လို့ အောင်မြင်သွားတဲ့
စိတ်ချမ်းသာမှုကို ပိုပြီးသဘောကြတယ်။ နောက်တစ်ချက်ကတော့ ကိုယ့်ကိုယ်ကိုယ်
လိမ်ခြင်းအားဖြင့် ကိုယ့်ရဲ့စွမ်းဆောင်ရည် ကိုလည်း ထိခိုက်နိုင်ပါတယ်တဲ့။
၇။
အောင်မြင်တဲ့သူတွေဟာ သူတို့ အပေါ် ဝေဖန်မှုပြုမှာကိုမကြောက်ဘူး။ မှန်ကန်တဲ့
ဝေဖန်မှုကို ကြည်ကြည်ဖြူဖြူ လက်ခံလေ့ ရှိတယ်။ ကျွန်တော်တို့လူတွေဟာ
ကိုယ့်ကို အခြားသူက ဝေဖန်မှာ အကြောက်ဆုံး ပါပဲ။ ကျွန်တော်ဆိုလည်း တော်တော်
ကြောက်ခဲ့မိပါတယ်။ အဲ့ဒီအတွက် သိသာလာတာကတော့ ဝေဖန်ခံရမှာ ကြောက်ပြီး
ဘာမှမလုပ်ရဲတော့ဘူး။ အထူး သဖြင့် တီထွင်ကြံဆမှုတွေ ပျောက်လာ ခဲ့တယ်။
လမ်းဟောင်းကိုပဲ လိုက်ခဲ့မိတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း တစ်ယောက် ယောက်က
ဝေဖန်ရင် လက်မခံတတ်ဘဲ ပြန်လည်ကာကွယ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ဆရာတစ်ယောက်က
ကျွန်တော့် ကို တဖြည်းဖြည်းနားလည်လာအောင် လမ်းပြခဲ့တယ်။
အဲ့ဒီနောက်ပိုင်းတော့ ကျွန်တော့်အပေါ် အပြုသဘောဝေဖန်မှု တွေကို
လက်ခံလာနိုင်တယ်။ (အပြု သဘော ဝေဖန်မှုလို့သုံးထားပါတယ်။ အပြုသဘောမဆောင်တဲ့
အနုတ် လက်ခဏာဆောင်တဲ့ ဝေဖန်မှုမျိုးဆိုရင် တော့
ဉာဏ်နဲ့ယှဉ်ပြီးတုံ့ပြန်ပါတယ်)။ ကျွန်တော်ဒီလို ကိုယ့်အကြောင်းပြော ပြလို
့ကိုယ့်ကိုယ်ကိုယ်အောင်မြင်နေတဲ့သူ လို့ ဆိုလိုတာမဟုတ်ပါဘူး။ အမူအကျင့်
တစ်ခုကို ကြိုးစားပြီးပြုပြင်လို့ရတယ်ဆို တာကို ပြောပြချင်တာပါ။
Elon
Musk ဆိုတဲ့ entrepreneur တစ်ယောက်ကဆိုထားပါတယ်။ မိမိ အကြောင်းကို
တစ်ခါတလေမှာ အခြားသူ တွေဆီကနေ နားထောင်ကြည့်လိုက်ပါ။ ကိုယ့်မှာ
ဘာတွေလိုအပ်သလဲဆိုတာ ပေါ်လာပါလိမ့်မယ်။
အထက်မှာရေးခဲ့တဲ့အကြောင်း
အရာတွေကိုတော့ အောင်မြင်ကျော်ကြား တဲ့သူတွေအနေနဲ့ သူတို့ဘ၀မှာ အောင်မြင်မှု
ရရှိဖို့အတွက် စွန့်လွတှ်ခဲ့တဲ့အမူအကျင့် တွေအကြောင်းပါပဲ။ တစ်ယောက်တည်း
ဆီကပြောတဲ့အကြောင်းအရာတွေတော့ မဟုတ်ပါဘူး။ အောင်မြင်နေတဲ့သူ တော်
တော်များများဆီကရခဲ့တဲ့ အကြောင်းအရာ တွေကိုစုပြီး ရေးသားထားခြင်းပဲဖြစ်ပါ
တယ်။
Credit : (Prospect Myanmar)
No comments:
Post a Comment