ငါ့ကို အရမ်းချစ်ပါတယ်လို့ ခဏ ခဏပြောခဲ့ဖူးတဲ့ ချစ်သူစီမှာ ငါ့ထက်ပိုပြီး
ချစ်ရမဲ့သူတစ်ယောက် ရှိလာလိမ့်မယ်လို့ တစ်ခါမှ ငါထင်မထားခဲ့မိဘူး
ခွဲ မသွားပါနဲ့နော်လို့ ခဏ ခဏပြောခဲ့ဖူးတဲ့ ချစ်သူက တစ်နေ့နေ့ ငါ့ကို ချန်ထားခဲ့လိမ့်မယ်လို့ တစ်ခါမှ ငါထင်မထားခဲ့မိဘူး
ငါ
မျက်ရည် ကျမှာကို မလိုလားဘူးလို့ ခဏ ခဏပြောခဲ့ဖူးတဲ့ချစ်သူက
ငါငိုနေတာကို
သိရက်နဲ့ ဥပေက္ခာပြုထား လိမ့်မယ်လို့လဲ တစ်ခါမှ ငါထင်မထားခဲ့မိဘူး
အသဲကွဲရမှာ ကြောက်တယ်လို့ခဏ
ခဏပြော ခဲ့ဖူးတဲ့ ချစ်သူက တစ်နေ့နေ့ ငါ့အသဲကို ခွဲသွားလိမ့်မယ် လို့လဲ တစ်ခါမှ ငါထင်မထားခဲ့မိဘူး
ငါနဲ့
ဖုန်းစကား တစ်နေ့မပြောရရင် မနေနိုင်ပါဘူးလို့ ပြောခဲ့ဘူးတဲ့ ချစ်သူက
တစ်နေ့နေ့ ငါ့ဖုန်းနံပတ်ကို block ထားလိုက်မယ်လို့ တစ်ခါမှ
ငါထင်မထားခဲ့မိဘူး
ငါမရှိတဲ့ အရပ်မှာ တစ်စက္ကန့်လေးမှတောင်
နေမပျော်ပါဘူးလို့ ပြောခဲ့ဘူးတဲ့ ချစ်သူက တစ်နေ့နေ့ကျရင် ငါ့ကို
ရှောင်ခွာသွားလိမ့်မယ်လို့လဲ တစ်ခါမှ ငါထင်မထားခဲ့မိဘူး
online
ပေါ် တတ်တိုင်း ငါကလွဲပြီး ဘယ်သူနဲ့မှ မchat ပါဘူးလို့ ပြောခဲ့ဘူးတဲ့ချစ်သူက
တစ်နေ့နေ့ကျရင် online ပေါ်မှာ ငါရှိနေတာကို သိနေရက်နဲ့ မသိချင်ယောင်ဆောင်
နေနေလိမ့်မယ်လို့ တစ်ခါမှ ငါထင်မထားခဲ့မိဘူး
ငါရှိရာအရပ်ကို
မိုင်တွေဘယ်လောက်ဘဲခြားခြား ဘယ်လို အခက်ခဲတွေဘဲရှိရှိ ရောက်အောင်
လာခဲ့ပါ့မယ်လို့ ပြောခဲ့ဘူးတဲ့ ချစ်သူက တစ်နေ့နေ့ကျရင် ငါနဲ့
မျက်နာချင်းဆိုင် လမ်းမှာတွေတာတောင် မတွေ့ချင်ဟန်ဆောင်သွားလိမ့်မယ်လို့
တစ်ခါမှငါ ထင်မထားခဲ့မိဘူး။
Credit : နှလုံးသားနှင့်ရင်း၍
No comments:
Post a Comment