ကိုယ်စောင့်နတ်ရှိတယ်ဆိုတာကို လူတိုင်းယုံကြည်လက်ခံကြပါတယ်။ လမ်းဘေးက
ပိုက်ဆံတစ်ကျပ် ကောက်ရတာက အစ ယာဉ်အန္တရာယ်က သီသီလေး လွတ်မြောက်သည်အထိ
ကံကောင်းခြင်းများဟာ ကိုယ်စောင့်နတ်မှ ဖေးမှစောင့်ရှောက် မှုလို့
လူအများလက်ခံယုံကြည်ကြပါတယ်။
ကျွန်ုပ်တို့ တွေ့ကြုံခံစားနေရတဲ့
ကံကောင်းခြင်းများ စီစီရီရီဖြစ်ပေါ်လာတာဟာ ကိုယ်စောင့်နတ်ကြောင့်
ဖြစ်လာတာလား။ ဒါဆိုရင် ကိုယ်စောင့်နတ်က ဘယ်လိုအရာလဲ၊ ဘယ်ကလာတာလဲ၊ ဒီကမ္ဘာမြေ
ကြီးမှာ သူတို့ရှိနေရတဲ့ အကြောင်းရင်းက ဘာလဲ။ ကိုယ်စောင့်နတ်ဟာ
ဘုရားသခင်မှ စေလွှတ်လိုက်တဲ့ သံတော်ဆင့်လို့ အများက ယုံကြည်လက်ခံကြပါတယ်။
ကိုယ်စောင့်နတ်ဟာ ပုံသဏ္ဍာန်အသွင်အပြင် မျိုးစုံဖန်ဆင်းနိုင်ပြီး နေရာအနှံ့
ရှိတယ် လို့ လူအများ ယုံကြည်ကြပါတယ်။ ကိုယ်စောင့်နတ်များဟာ
ကျွန်ုပ်တို့ဘ၀ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်ပြီး အန္တရာယ်အပေါင်းမှ
ကာကွယ်စောင့်ရှောက်ပေးပါတယ်။ အောက်ပါတို့မှာ ကျွန်ုပ်တို့ဘ၀ထဲသို့
ကိုယ်စောင့်နတ် ရောက်လာရခြင်းရဲ့ အကြောင်းတရားအချို့ဖြစ်ပါတယ်။
- ကြောက်မက်ဖွယ်ရာ အန္တရာယ်ထဲမှာ သင်ကျရောက်နေသော်လည်း ထိခိုက်ပွန်းပဲ့ရာမရှိဘဲ လွှတ်မြောက်စေရန်
-
မိုးကြိုးစက်ကွင်း၊ ဟာရီကိန်းမုန်တိုင်းလို သဘာဝဘေးဆိုးအန္တရာယ်အလယ်မှာ
ကျရောက်နေသော်လည်း
မမြင်နိုင်တဲ့နတ်များက သင့်ကိုပွေ့ဖက်ထားခြင်းနှင့်
နှစ်သိမ့်ပေးနေသလို မကြောက်မလန့်ဘဲ တည်ငြိမ်စွာ နေနိုင်ရန်
-
မလုပ်သင့်၊ မသွားသင့်ဘူးလို့ နိမိတ်ပြသသော်လည်း ကား၊ ရထားနှင့်ခရီးသွားရန်
စီစဉ်ပြီးနောက် ထိုအစီအစဉ် အား ဖျက်သိမ်းလိုက်သော်လည်း မလွဲသာမရှောင်သာတဲ့
အန္တရာယ်တွေ သို့မဟုတ် ကြေကွဲ ၀မ်းနည်းမှုတွေက ရှောင်ရှားနိုင်ရန်
-
သူစိမ်း သို့မဟုတ် တိရစ္ဆာန်တစ်ကောင်နှင့် ရင်ဆိုင်နေရတဲ့အခါ အန္တရာယ်ကို
ရှောင်ရှားရန် အခြားလမ်းများမှ သွားလာစေဖို့ အလိုလျောက်သတိပေးရန်
-
အလားတူ သူစိမ်း သို့မဟုတ် တိရစ္ဆာန်တစ်ကောင်မှာ ကြင်နာခြင်းနှင့်
အသိတရားရှိပြီး တစ်နည်းနည်းနှင့် သင့်အား အထောက်အကူပြုနိုင်တယ်လို့
ခံစားသိရှိစေရန်
- မိမိချစ်ခင်ရသူတစ်ဦး သေဆုံးရတဲ့အခါ အံ့သြစရာမွေးရနံ့ တစ်ခုရရှိပြီး သင့်အားနှစ်သိမ့်အားပေးရန်နှင့် ပျော်ရွင်စေရန်
-
သင့်ဘ၀တစ်ကွေ့မှာ စိုးရိမ်ပူပင်မှုတွေ သို့မဟုတ် ၀မ်းနည်းပူဆွေးမှုတွေ
ခံစားရတဲ့အခါ အရာအားလုံး အဆင်ပြေသွားလိမ့်မယ် စတဲ့ ကျေနပ်ရောင့်ရဲမှုတွေ၊
ငြိမ်းချမ်းမှုတွေ ကျရောက်လာစေရန်
- သောကရောက်ချိန် သို့မဟုတ်
ပူဆွေးရချိန်မှာ သင့်ကိုနှစ်သိမ့်မှုပေးတဲ့တိရစ္ဆာန်၊ ငှက်တစ်ကောင် နေ့စဉ်နေ့
တိုင်း ပြတင်းတံခါးမှာလာနားပြီး သောကပင်လယ်ထဲမှ စိတ်သာသာရစေရန်
ဆောင်ကြဉ်းရန်
- အိပ်မက်ထဲမှာ နတ်မိမယ်တစ်ပါးမှ အရေးကြီးတဲ့ အကြောင်းအရာတစ်ခုကို သင့်အားလာပေးရန်
-
သင်မသိတဲ့သူ၊ မည်သည့်အကူအညီမျိုးမှ ရ/ပေးမည်မဟုတ်တဲ့ သူတစ်ဦးမှ အကူအညီ၊
ငွေကြေးထောက်ပံ့မှု၊ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် အခြားအရာအကူအညီများ
ရရှိရန် စွမ်းဆောင်ပေးခြင်း တို့ပဲ ဖြစ်ပါတယ်။
Credit: Trend Myanmar
No comments:
Post a Comment