ဘ၀မှာ အပူအပင်နည်းပြီး စိတ်လွတ်ကိုယ်လွတ် လှုပ်ရှားနိုင်သော အသက် (၂၀)
အရွယ်ပိုင်းသည် ပျော်စရာ အကောင်းဆုံး အချိန်ဟု လေ့လာမှု စစ်တမ်းတစ်ရပ်က
ဆိုလိုက်သည်။
သဘောထားများကို စစ်တမ်း ကောက်ကြည့်ရာ အသက် ၂၀ ၀န်းကျင်
အရွယ်သည် ဘ၀မှာ ပျော်စရာ အကောင်းဆုံး၊ လွတ်လပ်မှု ဖန်တီးမှု အရှိဆုံးဟု
ဆိုကြသည်။ ၃၀၊ ၄၀၊ ၅၀ အရွယ်ပိုင်းများကား အလုပ်ခွင်ဖိအား၊ လူမှုဖိအား၊
အိမ်ထောင် သားမွေး ဖိအားများကြောင့် လူသည် စိတ်အပင်ပန်းဆုံး၊
မပျော်ရွှင်ဆုံး ကာလများ ဖြစ်ကြောင်းလည်း စစ်တမ်းက ဖော်ပြသည်။ သို့သော် (၄၀)
ကျော်များ ဘ၀တစ်သက်တာ အတွက် စိတ်ပျက်ရန်တော့ မရှိသေး။ စစ်တမ်းတွေ့ရှိချက်
အရကား (၆၅) နှစ်ကျော်လျှင် ဘ၀သည် ဖိအား ပြန်နည်းသွားကာ စိတ်လွတ်လပ်
ပျော်ရွှင်နှုန်း ပြန်တက်လာကြောင်း သိရသည်။
သြစတြေးလျနိုင်ငံ
နယူးဆောက်ဖ်ဝေး ပြည်နယ် တက္ကသိုလ်မှ ဒေါက်တာ အိုင်ယိုနာ ရာမီယာနှင့်အဖွဲ့က
လေ့လာစစ်တမ်း ကောက်ထားခြင်း ဖြစ်သည်။ ဘ၀ သက်တမ်းအလိုက် လူသားများ ဘ၀အပေါ်
စိတ်ပျော်ရွှင် ကျေနပ်နှုန်း အတက်အကျကို သိနိုင်အောင် စစ်တမ်း
ကောက်ယူထားခြင်း ဖြစ်ကြောင်း ဒေါက်တာ ရာမီယာက ပြောသည်။
သြစတြေးလျနိုင်ငံ
မိသားစု၊ ၀င်ငွေ နှင့် အလုပ်အကိုင် အခြေအနေ စာရင်းအင်းများကို ကိုးကားပြီး
စစ်တမ်းပြုစုထားခြင်း ဖြစ်သည်။ စစ်တမ်းကို ခြုံငုံကောက်ချက်
ဆွဲကြည့်သည့်အခါ အသက် (၁၅) မှ (၂၄) ကြားအရွယ်နှင့် အသက် (၇၅) နောက်ပိုင်း
များသည် ဘ၀တွင် ပျမ်းမျှအားဖြင့် စိတ်အလွတ်လပ်ဆုံး၊ အပျော်ရွှင်ဆုံး၊
အကျေနပ်ဆုံး ကာလများ ဖြစ်လေ့ရှိသည်ဟု သိရသည်။
Credit : messenger
No comments:
Post a Comment