The Magazine

ဦးနှောက်ကို အသုံးချ ဖန်တီးမှု စွမ်းရည်(အို သွေးပိုင်ရှင်လေးများ)

အို သွေးပိုင်ရှင်လေးများဟာ ဦးနှောက်ကို အမြဲတမ်း အလုပ်ပေးထားတတ်ကြတယ်။

အို သွေးပိုင်ရှင်လေးများသည် ကိစ္စတစ်ခုကို ဖြေရှင်းလျှင် ဦးနှောက်ကို ကောင်းကောင်း အသုံးချတယ်။
စိတ်ညစ်စရာတွေရှိနေရင်လည်း ကောင်းကောင်း အနားယူလိုက်ပြီး ဝါသနာပါတာတွေ လုပ်တယ်။

``လိုလျှင်ကြံဆ နည်းလမ်းရ´´ ဆိုတဲ့ စကားပုံက အိုသွေးသမားတွေ အတွက် ပိုပြီး သင့်တော်တဲ့ စကားပုံ ဖြစ်တယ်။

အရေးကြုံ၍ လိုအပ်လာတဲ့ အခါမှာ အိုသွေးလေးတို့ရဲ့ ဦးနှောက်ဟာ တိကျ အသုံးဝင်တဲ့ Idea လေးတွေ ထွက်ကျလာတဲ့ computer brain လေးပဲပေါ့

အိုသွေး သမားလေးတွေဟာ သူကိုယ်တိုင်နဲ့ သူဘေးပတ်ဝန်းကျင်က မိတ်ဆွေတွေ အတွက် သူ့ရဲ့ တန်ဖိုးရှိလှတဲ့ idea လေးတွေနဲ့ အနစ်နာခံပြီး ကူညီပေးတယ်။
အို လေးတွေက မိတ်ဆွေတွေအတွက်တော့ ရတနာလေးတွေပဲပေါ့။

အရမ်းချစ်ဖို့ကောင်းတယ်နော် အိုသွေးပိုင်ရှင်လေးတွေက.....
အေးတိအေးစက် မျက်နှာထားနဲ့ နွေးထွေးတဲ့ နှလုံးသားပိုင်ရှင် လို့ admin က တင်စားလိုက်ပါပြီ။

Credit: Myawaddy

No comments

Followers

တမာသားလေး(မတ္တရာ)

လေ့လာသင်ယူဆဲဖြစ်သောကြောင့် အမှားတွေ့ခဲ့ရင် ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါသည်
Powered by Blogger.