၆ နာရီကြာအတွင်း အမျိုးသားတွေဟာ သူတို့ကို အမျိုးသမီးများ
မေ့ဆေ့ခ်ျပေးမပို့ပါက တုံ့ပြန်စကားပြောဖို့ အလားအလာ ၂၅% ပိုနည်းပါးပါတယ်။
ဒါဟာ အမျိုးသားများ အာရုံစူးစိုက်မှု ကာလ တိုတောင်းခြင်းကြောင့်လို့
လေ့လာတွေ့ရှိချက်တွေအရ သိရတယ်။ တချိန်တည်းမှာပဲ အမျိုးသမီးတွေဟာ သူတို့ကို
အမျိုးသားများ မေ့ဆေ့ခ်ျပေးပို့ပါက ပြန်စကားပြန်ပြောနိုင်ခြေ ၅% သာ
ပိုနည်းပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေက
ပိုစိတ်ရှည်ကြတယ်ဆိုတာ သိသာပါတယ်။
စကားစမြည်ပြောဆိုသူတွေဟာ နေရာဒေသ၊ အသက်အရွယ်နဲ့ ယောက်ျားမိန်းမဖြစ်မှုပေါ် မူတည်ကြောင်းလည်း ယင်းလေ့လာမှုက ဖော်ထုတ်ခဲ့ပါတယ်။
ယောက်ျားလေးတွေဟာ
မိမိကိုယ်ကို အထင်ကြီးလွန်းတဲ့ မေ့ဆေ့ခ်ျပေးပို့မှုတွေ
ပြန်လည်တုံ့ပြန်နိုင်ခြေ ၈၉% ပိုများပြီး အမျိုးသမီးများအနေနဲ့
အစားသောက်နဲ့ ပတ်သက်တဲ့မေ့ဆေ့ခ်ျတွေကို ပြန်လည်ဖြေကြားနိုင်ခြေ ၄၀%
ပိုများပါတယ်။
အသက် ၂၀ မှ ၂၈ အရွယ်တွေဟာ ဘဝနေထိုင်မှုပုံစံ (ဝါသနာ
သို့မဟုတ် အပျော်အတွက်သက်သက်လုပ်တဲ့အရာ) နဲ့ ပတ်သက်သောမေးခွန်းတွေ
အကောင်းဆုံးပြန်လည်တုံ့ပြန်ဖြေကြားပြီး အသက် ၂၉ ကနေ ၃၄
နှစ်အရွယ်ရောက်သူတွေအနေနဲ့တော့ ကိုယ်ရေးကိုယ်တာမေးခွန်းများ
ဖြေဆိုဖြစ်ကြပါတယ်။ နောက် ၃၅ နှစ်နဲ့ အထက်ရှိသူတွေဟာ
ပေါ့ပ်ယဉ်ကျေးမှုအကြောင်း ပြန်လည်ဖြေဆိုကြပါတယ်။ အားလုံးခြုံကြည့်လိုက်ရင်
dating app အသုံးပြုသူတွေက စကားအဖွင့်ကို အနည်းငယ် ပညာသားပါအောင်
ကြိုးစားပြောဆိုတတ်ကြပါတယ်။
Credit : Trend Myanmar
No comments:
Post a Comment