ဆေးလိပ်နဲ့ ခပ်ကင်းကင်းနေရတာ ကျန်းမာသောဘဝ ရရှိပိုင်ဆိုင်ဖို့
လုံလောက်ပြီလို့ ဆေးလိပ်မသောက်သူတွေ ယူဆကြပါတယ်။ ဒါပေမယ့်လို့ တခြား
ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေ့စဉ်အကျင့်တွေ သူတို့ လျစ်လျုရှူကြတယ်။
ခန္ဓကိုယ်နဲ့ ဇီဝရုပ်ပေါ် ရေရှည်မှာ ထိခိုက်စေမှုက ခြားနားပါတယ်။
ဆေးလိပ်သောက်သလောက် ဒုက္ခရောက်စေတဲ့ အလေ့အကျင့်တွေကတော့
တစ်နေကုန်ထိုင်ခြင်း
အလုပ်ကြောင့်
ကျွန်ုပ်တို့အများစု တစ်နေကုန်ထိုင်ကြရပြီး အားလပ်ချိန်မှာ တီဗီသို့မဟုတ်
ကွန်ပျူတာရှေ့ အချိန်ဖြုန်းသူများလည်း ရှိပါတယ်။ ထိုင်ရတဲ့ နေ့စဉ်ဘဝက
နှလုံးရောဂါ၊ ဆီးချို၊ ကင်ဆာနဲ့ စိတ်ကျရောဂါတောင် တိုးပွားစေပါတယ်။
ကြာရှည်ထိုင်ခြင်းက အရွယ်မတိုင်မီ သေဆုံးမှု အန္တရာယ် ဖြစ်ပွားစေကြောင်း
လေ့လာမှုတွေက ဖော်ပြထားပါတယ်။ တစ်နေ့တစ်နေ့ ထိုင်ရတာ ပိုများနေပြီဆိုတာ
သိရင် ရံဖန်ရံခါ ထထပေးပါ။ နေလည် ထမင်းစားချိန်အတွင်း ခြေလက်များ
ဆန့်တန်းပေးပါ။
အချိုရည်သောက်သုံးခြင်း
သကြားဓာတ်များတဲ့
အဖျော်ယမကာ ပုံမှန်သောက်သုံးခြင်းက ကိုယ်အလေးချိန် မတက်ရင်တောင်
နှလုံးသွေးကြောရောဂါအန္တရာယ် ပိုဖြစ်စေတယ်။ လိုအပ်တာထက်ပိုတဲ့ သကြားပမာဏက
ဆီးချို၊ စိတ်မူမမှန်မှု၊ ကိုလက်ထရောများပြားခြင်းနဲ့ သွေးပေါင်တက်ခြင်းတို့
ဖြစ်စေနိုင်တယ်။ အချိုရည်သောက်ချင်ရင် လတ်လတ်ဆတ်ဆတ် ညှစ်ယူတဲ့
သစ်သီးရည်နဲ့ ဆေးသကြားစတာတွေ ရွေးချယ်ပါ။
အိပ်ရေးမဝခြင်း
လူတွေ
အရမ်း မအားမလပ်ဖြစ်လာကြပြီး အလုပ်နဲ့ လူမှုရေးလုပ်ငန်းဆောင်ရွက်ရင်း
အိပ်စက်ဖို့ မေ့နေကြတယ်။ အိပ်ရေးမဝခြင်းက အဝလွန်ဖြစ်စေပြီး သွေးပေါင်ချိန်
တက်စေပါတယ်။ ကြာရှည်အိပ်ရေးမဝမှုဖြစ်ခြင်းကြောင့် ခန္ဓာကိုယ်မှ cortisol ကို
ပုံမှန်ထက် ပိုထုတ်ပေးပြီး ဒီဟော်မုန်း ပမာဏများပြားလာမှုက နှလုံးရောဂါနဲ့
ဦးနှောက်သွေးကြောပိတ်ရောဂါ ဖြစ်စေတယ်။
နေပူလှုံ ပက်လက်ကုလားထိုင် အသုံးပြုခြင်း
နေပူလှုံပက်လက်
ကုလားထိုင်က အရေပြားကင်ဆာရောဂါ အန္တရာယ် ပိုဖြစ်စေတာ ကျွန်ုပ်တို့
သိပြီးဖြစ်ပါတယ်။ အသက် ၃၀ အောက်ရှိ ယင်းပက်လက်ကုလားထိုင် အသုံးပြုသူတွေဟာ
ကင်ဆာရောဂါဖြစ်နိုင်တဲ့ အရေပြား အမည်းပြောက်ဖြစ်နိုင်ခြေ ၇၅
ရာခိုင်နှုန်းပိုများပြီး အရေပြားကင်ဆာဖြစ်ပွားမှု ၄၀၀,၀၀၀ မကဟာ
နေပူဆာလှုံပက်လက်ကုလားထိုင် အသုံးပြုခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။
အစားအစာအလွန်အကျွံစားသုံးခြင်း
တိရိစ္တာန်မှ
ရတဲ့ပရိုတိန်း အစားများသူတွေဟာ အပင်မှ အဓိကရတဲ့ အစားအစာများ
စားသုံးသူတွေထက် ကင်ဆာရောဂါဖြင့် သေဆုံးနိုင်ခြေ ၄ ဆ ပိုများကြောင်း
အာဟာရဗေဒပညာရှင်များက တွေ့ရှိခဲ့တယ်။ အသားစားချိန်ကို တစ်ပတ်တစ်ရက်
ရွေးချယ်စားသုံးနိုင်တယ်။
Credit : Trend Myanmar
No comments:
Post a Comment