ဆေးရုံတစ်ရုံရဲ့ မှုန်ပြပြမီးရောင်အောက်တွင် နန်းသီတာ တစ်ယောက်
အိမ်သာသွားရန် အိပ်နေရာမှ ထလိုက်သည် လူနာခုတင်ထက်တွင် အိပ်ပျော်နေသော
နန်းသီတာ ယောင်းမဖြစ်သူကို တစ်ချက်ကြည့်
လိုက်သည်ယောင်းမကတော့နှစ်ခြိုက်အိပ်ပြောနေလေသည်။
ဘေးခုတင်ကလူနာစောင့်ကို အဖော်ခေါ်ရန် ကြည့်လိုက်တော့လဲ ဘေးခုတင်ကလူနာဖြစ်သည့် မကေခိုင်ကလဲ အိပ်မောညနေလေပီ.......
အိမ်သာသွားချင်လွန်းလို့ ထလာရသော်လည်း.. လူသူကင်းမဲ့နေသော မှိန်ပြပြ
မီးရောင်အောက်တွင် တစ်ယောက်တည်း လာခဲ့ရသဖြင့် တိတ်ဆိတ်မှုရဲ့
လှည့်ဖျားမှုအောက်တွင် အလွန်ခြောက်ခြားစရာကောင်းလှပေသည်........
ကော်ရစ်တာတစ်လျှောက်တွင်လည်း သူမခြေသံမှ အပ အရာအားလုံးတိတ်ဆိတ်လျက်..
ဆိုးရွားလှသော အနံ့အသက်များရှိရာ အိမ်သာတံခါးကိုဖွင့်ရင်း
ကိစ္စအမြန်ပြီးစီးအောင် ဖြေရှင်းနေခိုက်တွင် အိမ်သာတံခါးကိုလာခေါက်သံတစ်ခု
ကြားလိုက်ရလေသည်...
အိမ်သာအခန်းလွတ်တွေရှိနေတာကိုသူမအခန်းကိုမှာ လာခေါက်သောကြောင့် နန်းသီတာ
တစ်ယောက်စိတ်တိုခါ "အထဲမှာလူရှိတယ်"ဟု ပြန်အော်လိုက်သည်နှင့် တံခါးခေါက်သံ
ရပ်သွားခါ တခါးကိုလက်သည်းနဲ့ခြစ်သံ ထွက်လာပြန်သည် နန်းသီတာ တစ်ယောက်
ဒေါသကိုမထိန်းနိုင်တော့ဘဲ ကိစ္စကိုအမြန်ရှင်း၍တံခါး အဖွင့်တွင် " ဟင်
ဘယ်သူမှမရှိပါလား ငါသေချာကြားလိုက်တာပါ " ဘယ်ရောက်သွားတာပါလဲ လို့တွေးရင်
လက်ဆေးဘေစင်သို့ သွား၍လက်ဆေးနေစဉ် အကြည့်ကမှန်ထဲသို့ရောက်သွားသည်
မှန်နောက်တည့်တည့်က အိမ်သာအခန်းတွင် မိန်းမတစ်ယောက် အိမ်သာခွက်ပေါ်ခွထိုင်၍
တစ်စုံတစ်ရာကို ကောက်နေပုံတွေ့လိုက်ရသည်နန်းသီတာ မင်သေပီးကြည့်နေမိသည်
သတိဝင်လာတော့ အနောက်သို့ လှည့်ကြည့်လိုက်ရာ ဘယ်သူမှမရှိ " ဟင်
ငါသေချာမြင်လိုက်တာပါ ဘုရားဘုရား " နန်းသီတာကြက်သိမ်းတွေ ထလာက
ဘုရားသ၍အိမ်သာဘက်သို့ အမြန်ပြေးထွက်ခဲ့လေသည်
အိမ်သာအပြင်ဘက်ရောက်တော့ အိမ်သာထဲမှာ ညီးသံကြီးတစ်ခုကို ကြားလိုက်ရလေသည်
နန်းသီတာ တစ်ယောက် ကြောက်ကြောက်လန့်လန့်နဲ့ယောင်းမဖြစ်သူခုတင်သို့
အပြေးလေးပြေးသွားတော့ပါသည် ယောင်းမခုတင်ရောက်တော့ ယောင်းမကတစ်ရေးနိုးသည်
ထင်တယ် ခုတင်ပေါ်တွင် ထိုင်လိုက် နန်းသီတာကို ဘာဖြစ်လို့လဲ မေးလေသည်
ယောင်းမဖြစ်သူက ဗိုက်ကြီးနဲ့မွေးခံနီးပီဖြစ်သောကြောင့်
ဆေးရုံကြိုတတ်နေခြင်းပင် ယောင်းမဖြစ်သူကြောက်မှာဆိုးတာကြောင့်
"ဘာမှမဖြစ်ပါဘူး ဒီလို့ဘဲ ပြေးလာပါ မမူ ညအိမ်သာသွားချင်ရင် နန်းကိုနိုးနော်
တစ်ယောက်ထဲမသွားနဲ့"ဟု မှာလိုက်သည် ယောင်းမကတော့ "အေးအေး
ငါတစ်ရေးနိုးလာတာနန်းရဲ့ ငါအိပ်နေတဲ့အချိန်မှာလေ ငါကိုကိုတစ်ယောက်ယောက်
ဘေးမှာကြည့်နေသလိုခံစားရတယ် ပီးတော့
ငါလိုဗိုက်ကြီးသည်တစ်ယောက်ကိုခဏခဏတွေ့နေရတယ်
"
"မမူစိတ်ထင်လို့နေမှာ ပြန်အိပ်တော့လေ နန်းဘေးကနေဘုရားစာရွတ်ပေးမယ်
"ယောင်းမကြောက်မှဆိုး၍ပြောလိုက်ရသောလဲ ကိုယ်ကိုတိုင်ကလဲ စောကအိမ်သာထဲတွင်
တွေ့ခဲ့ရသော ပုံရိပ်ကို မျက်စိထဲကမထွက်ဒီညတော့ နန်းသီတာအိပ်ရတော့မယ်မထင်
အရင်ထဲကအရမ်းကြောက်တတ်သောနန်းသီတာ ခုလို့တွေ့လိုက်ရတော့ မျက်စိထဲကမထွက်
ဆေးရုံကိုလူနာစောင့်သွားရမယ်လို့ပြောထဲကလူကသေချင်စော်နံနေမိသည်
မသွားလို့ကလဲ မရ နန်းသီတာ အစ်ကိုကစစ်သားတစ်ယောက် မိန်းမရတာ ၁နှစ်ခန့်မှာ
ကိုကိုမိန်းမ ဗိုက်ကြီး၍ခုမွေးခံနီးစစ်ဆေးရုံတွင်ကြိုတက်ထားတာဖြစ်သည်
အဲတော့ အိမ်မှာလုပိုဖြစ်နေသည့် နန်းသီတာကအလိုလိုနေရင်း
လူနာစောင့်ဖြစ်နေရလေသည် "ဟူးကြောက်ပါတယ်ဆိုမှာ ငါကိုမှဆေးရုံလူနာစောင့်
ရွေးလွှတ်တယ် ခုကြုံခဲ့ရတာကိုေ့ပြာပြရင်လဲ ဘယ်သူမှာယုံမှမဟုတ် ညီးကြောက်လို့
ညီးစိတ်ကဖြစ်နေတာပါလို့ဘဲ အပြောခံရမည်သာ" ဟိုတွေးဒီတွေးတွေးရင်းနန်းသီတာ
တစ်ယောက် အိပ်ပျော်သွားလေသည်...
အိပ်ရာကနိုးတော့ ယောင်းမဖြစ်သူကနိုးနေပီ နန်းသီတာ မျက်နှာသစ်ရန်ပင်
အိမ်သာဖက်ကိုမသွားရဲတော့ အဲတော့ ဘေးက လူနာစောင့်မကေခိုင်ကို အဖော်ဆက်သည်
"မကေ မျက်နှာသွားသစ်ရအောင်လေ"ဆိုတော့ မကေက တစ်ခုခု ရိပ်ပင်ပုံရပီ
ဘာမှမပြောဘဲ ထလိုက်လာသည် လမ်းရောက်မှ"နန်း နင်ညက အိမ်သာသွားတယ်မှတ်လား
ဘာထူးခြားတာ တွေ့ခဲ့လဲ "ဆိုတော့ နန်းသီတာကလဲ
သူတွေ့တာကိုပြောပြချင်နေတာအတော်ဖြစ်နေတာနဲ့ ညကသူတွေ့ခဲ့တာတွေပြောပြလေသည်
အဲတော့ မကေခိုင်က "အေး အဲအိမ်သာကအရမ်းခြောက်တာနန်းရဲ့" ဟင် ဟုတ်လားအစ်မ
အဲထဲမှာသရဲရှိတာပေါ့နော် "အေး နန်း နောက်နေ့ညတွေဆို နင်အိမ်သာသွားချင်ရင်
အဖော်နဲ့သွား အဖော်မရှိရင် ငါကိုနိုး အားမနာနဲ့ ငါလိုက်ခဲ့ပေးမယ် အဲအိမ်သာက
ညဘက်ဘယ်သူသွားသွား နင်ကိုေ့ခြာက်သလို အကုန်အခြောက်ခံရတယ် အဲအိမ်သာထဲမှာ
ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ယောက်ဆုံးဖူးတယ်
" ဘုရား ရေ ဟုတ်လား အစ်မ ဘယ်လိုဆုံးတာလဲဟင် သိရင်ပြောပြပါလား ဆိုတော့
မကေခိုင်က " ဒီဆေးရုံမှာဘဲ နန်းအစ်မလို့မွေးခံနီး ဆေးရုံလာတက်တဲ့
အမျိုးသမီးတစ်ယောက်ရှိတယ်ဟ တစ်ရက် အဲအမျိုးသမီးကမွေးခံနီးလို့ ဗိုက်နာကို
မသိဘဲ ရိုးရိုး ဗိုက်နာတယ်ထင်ပီတော့ ခု အိမ်သာကိုသွားတယ်လေ
တစ်ယောက်ထဲအဖော်ကလဲ မပါဘူး ဟိုရောက်တော့ သူကဘဲ သေဖို့ကံပါလာလို့လား မသိဘူး
သူမွေးတော့မယ်သိတဲ့အချိန်မှာအဖော်ကလဲ မပါတာကတစ်ကြောင်း
သူဗိုက်အရမ်းနာနေတော့ အပြင်ဘဲ ပြန်မထွက်လာနိုင်လို့လားတော့မသိဘူး ကလေးက
အိမ်သာခွက်ထဲကိုထွက်ညသွားတယ်လေ သူလဲ အဲတာကိုမြင်ပီး သွေးလန့်ပီးသေသွားတာဘဲ
သူကိုဆေးရုံကလူတွေတွေ့တဲ့အချိန်မှာ ကလေးကလဲ သေနေပီ သူကလဲ သေနေပီ အဲနောက်မှာ
အဲအိမ်သာအခန်းထဲမှာမိန်းမတစ်ယောက် အိမ်သာခွက်ကို ခွထိုင်ပီ တစ်ခုခု
ကောက်နေတဲ့ ပုံစံညဘက်အိမ်သာသွားသူတိုင်းတွေ့ရတာဘဲ ငါလဲ အခြောက်ခံပီသွားပီဟ
ငါလဲ
ဒီဆေးရုံကလူနာအဝတ်တွေကိုအခကြေးငွေယူပီးလျော်ပေးနေတဲ့ အန်တီကြီးပြောပြတာ "
ဟုပြောပြလေသည် "အံမယ်လေး မကေရယ် ကြားရတာနဲ့တင် ကြက်သိမ်းထမိတယ် တစ်ကယ်
"နန်းသီတာ စကားလဲဆုံးရော အိမ်သာအပေါက်ဝသို့ ရောက်လာတာနဲ့
ပြောနေတဲ့အကြောင်းကို ဆက်မပြောတော့ဘဲ မျက်နှာကိုအမြန်သစ်ခါ နှစ်ယောက်သား
ပြန်ထွက်လာခဲ့သည် နန်းသီတာတစ်ယောက်ကတော့ အဲအိမ်သာအခန်းကို ယောင်လိုပင်
လှည့်မကြည့်ခဲ့ နောက်များအိမ်ကဆေးရုံလူနာစောင့်ခိုင်းရင်
ရိုက်ချင်ရိုက်ပါ့စေ လုံးဝမစောင့်ဘူးဟု ဆုံးဖြတ်လိုက်လေသည်....
ဒီဇာတ်လမ်းလေးကတော့ ပြည်ခုတင်၁၀၀
ဆေးရုံသားဖွားမီးယပ်အဆောင်အိမ်သာတွင်ခြောက်ခံခဲ့ရသောလမင်းမေမေကိုယ်တိုင်ပြောပြတဲ့
ဇာတ်လေးပါရှင် မန်ဘာတွေ ကြိုက်နှစ်သက်လိမ့်မယ်လို့မျှော်လင့်ရင်း
မန်ဘာတွေရဲ ဝေဖန်အကြံပေးမူ အားပေးမူကို စောင့်မျှော်နေပါတယ်
ဒီဇာတ်လမ်းလေးကိုပြောပြပေးသော ချစ်မေမေကို ဒီနေရာက အထူးကျေးဇူးတင်ပါတယ်
ရှင်
No comments:
Post a Comment