လရောင် အောက်က တောခွေးများ

အိမ်ပေါက်စေ့ မုန့်ညင်းစေ့ ရှာသလို
ပြက္ခဒိန်ထဲ
သေနတ် တချက် မပေါက်ဖူးတဲ့နေ့ရက် တရက်ကို
အိပ်မက်ရင်း နဲ့လိုက်ရှာ...
ကြာလာတော့
ကိုယ့် အနာဖေး ကိုယ် ထိုင်ခွာနေရတာ ကိုပဲ
အရသာ တခုလိုဖြစ်လာ.....
ဒဏ်ရာ ကင်းမဲ့တဲ့ သူရဲကောင်း ဆိုတာ
လိမ်ညာဖြီးဖြန်းသူပဲဖြစ်လိမ့်မယ်...လို့ အဆိုရှိလေရာ
မနက်တုံး ဆီက ကြော့ဆုံးမှာ
နှင်းဆီဟာ ခွာလိပ်လို့
အချစ်ဆုံးရေ
စစ်ရှုံးတာလည်း
နှစ်သုံးဆယ် မပြည့်သေးပါဘူး
နွားရိုင်းသွင်းချိ န်လည်း ဆုံးပြီ
ညီအကို လုံးလုံး မသိတော့ဘူး..
လရော င်နဲ့ထောင်ဖမ်းဖို့
သားရဲတွင်းနှုတ်ခမ်းဝမှာ
လမင်း က ဓားရိုးကမ်းလို့.....။ ။
သစ်ကောင်းအိမ်
(၀၉ ၊ ၁၈ ၊၂၀၁၁)


Myanmar Kyat Converter
Leave a Comment