Pages

Sunday, January 31, 2016

ကောင်းမွန်သော အမျိုးသမီးဆိုတာ

(၁) အတွေးအခေါ် အယူအဆ ကောင်းမွန်သူ

(၂) သည်းခံခွင့်လွှတ်တတ်တဲ့ စိတ်ရှိသူ

(၃) ငွေကြး ဥစ္စာကို စီမံခံန့်ခွဲတတ်သူ

(၄) အိမ် ထောင်ရေးကို ထိမ်းသိမ်းနိုင်သူ

(၅) အသောက်အစား ကင်းသူ

(၆) အပျော်အပါး ကင်းသူ

(၇) စိတ်ကူးကောင်း အတွေးကောင်းတွေ ရှိသူ

(၈) တစ်ပါးသူအပေါ် မှီခိုတတ်တဲ့ စိတ်ကင်းသူ

တစ်ခါတစ်ရံ အမျိုးသမီးတွေဟာ စိတ်အား ငယ်တတ်ပေမယ့် အခက်အခဲ အတား အဆီးတွေနဲ့ ကြုံတွေ့လာတဲ့ အခါမှာတော့ ရဲဝံ့စွာ ရင်ဆိုင်နိုင် တတ်ကြပါတယ်။ တစ်ခါတစ်လေမှာ အလွယ်တကူ စိတ်ကောက်တတ်ကြ ပေမယ့်လည်း နားလည် ခွင့်လွှတ်နိုင်ပြီး သနားကြင်နာ တတ်တဲ့ သူမျိုးတွေပါပဲ။ ချစ်ခင်တတ်တဲ့ စိတ်ရှိ သော်လည်း နာကျဉ်းတဲ့ အခါ တစ်ဘဝ လုံးစာ မေ့ပစ် တတ်ကြပါတယ်။
Credit :  (ရိုးရာလေး)

လူချစ်လူခင်များစေနိုင်သည့် အမူအကျင့်များ

လူအများက ချစ်ခင်နှစ်သက်ကြတဲ့ စန်းရှိပြီး နှစ်လိုဖွယ်ကောင်းသူတစ်ဦးဖြစ်ချင်ပါသလား။ ဒီလို လူချစ်လူခင်များတဲ့ အရည်အသွေးက မွေးရာပါလို့ အများစုက ထင်မှတ်မှားတတ်ကြပါတယ်။
တကယ်တော့ Emotional Intelligence လို့ခေါ်တဲ့ မိမိကိုယ်တိုင်နဲ့ အခြားလူများရဲ့စိတ်ခံစားချက်ကို သိမှတ်ခံစားပေးနိုင်စွမ်းနဲ့သာ သက်ဆိုင်ပါတယ်။ ဒါ့ကြောင့် စန်းပွင့်ပြီး လူချစ်လူခင်များစေနိုင်တဲ့ အမူအကျင့် (၁၂)ခုကို ဖော်ပြပေးလိုက်ပါတယ်။

 (၁) မေးခွန်းတွေမေးပါ။

လူအများစုဟာ တဖက်သားကစကားပြောလာတဲ့အခါမှာ ဘယ်လိုတုံ့ပြန်ပြောဆိုရမလဲဆိုတာနဲ့ ဘယ်လိုထိခိုက် တဲ့စကားဖြစ်မလဲဆိုတာကိုပဲ အာရုံစိုက်နေတတ်ကြတဲ့အတွက် စကားလုံးတွေကြားနေပေမယ့် အဓိပ္ပါယ်ကို လွဲမှားစွာကောက်ယူတတ်ကြပါတယ်။ ဒီလိုမဖြစ်ဖို့အတွက် မေးခွန်းတွေ ပြန်မေးဖို့လိုပါတယ်။

သင့်ရဲ့ အ၀တ်အစား အရောင်တွေကနေ ပြောပြနေတဲ့ သင့်အကြောင်း

သင်အမြဲတမ်း နှစ်ခြိုက်စွာ ရွေးချယ်ဝတ်ဆင်တတ်တဲ့ အ၀တ်အစားအရောင်က ဘာအရောင်များ ဖြစ်လိမ့်မလဲ။ သင်အများဆုံး ၀တ်ဆင်တတ်တဲ့ အ၀တ်အစား၊အကျီအရောင်က သင့်အကြောင်းကို ပြောပြပေးနေတယ်ဆိုတာ သိပါသလား။

အပြာရောင်

အပြာရောင်သည် အလုပ်အင်တာဗျူး ဖြေဆိုရာတွင် ၀တ်ဆင်သင့်သောအရောင် ဖြစ်သည်။အလုပ်အကိုင် ခန့်ထားခြင်းဆိုင်ရာ စစ်တမ်းတစ်ခုအရ မန်နေဂျာ ရာထူးရွေးချယ်ရာတွင် အပြာရောင် ၀တ်ဆင်ထားသူများကို အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်နိုင်သည်ဟု ယူဆခဲ့ကြောင်း ရွေးချယ်သူများက ဆိုသည်။ အပြာရောင်သည် စိတ်သက်သာရာရခြင်း ၊သစ္စာရှိခြင်း ၊

မိန်းကလေးတွေ ပြောကြတဲ့ ယောက်ျားမပီသစေတဲ့ အရာ ၂၀ ခု

ဘယ်လို လူမျိုးတွေဟာ ယောက်ျား မပီသဘူးလဲ ဆိုတာ မိန်းကလေး အယောက် ၂၀ ကို မေးခဲ့ပါတယ်။ သူတို့ရဲ့ အဖြေတွေကတော့–

 ၁. သူ့ရဲ့ ချစ်သူကို မလေးစားတဲ့ ယောက်ျားတစ်ယောက်ဟာ ယောက်ျားမပီသပါဘူး။ ယောက်ျားပီသတဲ့သူ တစ်ယောက်ဟာ သူ့ရဲ့ ချစ်သူကို အလေးထားပါတယ်။ ဘယ်တော့မှ မထိန်းချုပ်ပါဘူး။

၂. ယောက်ျားတွေက မျက်နှာပြောင်ရင် ယောက်ျားမပီသတော့ပါဘူး။

၃. တခြားသူကို ဆုံးဖြတ်ချက် ချခိုင်းတဲ့၊ ပါတ်ဝန်းကျင်ကလူတွေရဲ့ လွှမ်းမိုးမှု ခံရတဲ့ ယောက်ျားတွေဟာ ဆွဲဆောင်မှု မရှိပါဘူး။

Saturday, January 16, 2016

လူတစ်ယောက် ဘာခံစားချက်ရှိနေသလဲဆိုတာ လျှပ်တပြတ် မျက်နှာအမူအရာကို ကြည့်ပြီး ဆုံးဖြတ်နိုင်

လူတစ်ယောက်ဟာ တမင်သက်သက်ပဲဖြစ်ဖြစ်၊ အမှတ်တမဲ့ပဲဖြစ်ဖြစ် မိမိခံစားချက်ကို ထုတ်ဖော်ပြသတဲ့အခါမှာ micro-expressions လို့ ခေါ်တဲ့ မျက်နှာအမူအရာပြောင်းလဲမှုလေး တွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီ micro-expressions ဟာ လူတစ်ယောက်ရဲ့ မျက်နှာမှာ စက္ကန့် ပိုင်းလောက်လေးသာ ဖြတ်ခနဲဖြစ်ပေါ်တတ်တာမို့ လို့ ဂရုစိုက် ဖတ်တယ်ဆိုရင် လူတစ်ယောက်ဟာ ကိုယ်နဲ့ ဆက်ဆံတဲ့အခါ စိတ်ထဲမှာ ဘယ်လိုဖြစ်ပေါ်နေလဲဆိုတာ သိရှိနိုင်မှာဖြစ်ပါတယ်။


၁။ အံ့သြတဲ့အခါဖြစ်တဲ့ မျက်နှာအမူအရာ-

မျက်ခုံးက မြင့်တက်ပြီး ကွေးသွားတယ်။ မျက်ခုံးအောက်က အရေပြားက ဆန့် သွားတယ်။ နဖူးတစ်လျှောက်လုံးမှာ အလျားလိုက် အရေးအကြောင်းတွေ ပေါ်လာတယ်။ မျက်ခွံက ပွင့်ဟသွားပြီး မျက်ဆံအတွင်းသားအဖြူကို အပေါ်၊အောက် မြင်နေရတယ်။ မေးရိုးအောက်ကို ဟသွားပြီး သွားတွေကလည်း မထိတော့ဘဲ ဟသွားတတ်တယ်။

၂။ ကြောက်ရွံ့ တဲ့ micro-expression

မျက်ခုံးမွှေးနှစ်ခုက တစ်ပြိုင်တည်း အပေါ်ကို ဆွဲတက်သွားတယ်။




တစ်ခါတုန်းက ဘုရင်တစ်ပါးဟာ အိပ်မက်ဆန်းတစ်ခုမက်တယ်...

သူ့ရဲ့သွားတွေ အကုန် ကျွတ်ထွက်ကုန်တယ်လို့ အိပ်မက်မက်တယ်...
အိပ်မက် အတိတ်နိမိတ်ကောက်တတ်တဲ့ အမတ် ၂ယောက်ကို ခေါ်လာပြီး သူ့ အိပ်မက်အကြောင်းကို အတိတ်နိမိတ်ဖတ်ခိုင်းတယ်...

ပထမ အမတ်က

"အရှင်ဘုရင်ဟာ အရှင်ရဲ့ ဆွေမျိုး မိတ်ဆွေတွေ အားလုံး သေဆုံးပြီး မှ အရှင်နတ်ရွာစံပါလိမ့်မယ်... အဲဒီအချိန်မှာ ဆွေမျိုးတစ်ယောက်မှ ကျန်မှာ မဟုတ်ပါဘူး..."

ဘုရင်ဟာ ဒီစကားကို ကြားပြီး ဒေါသ ထွက်တော်မူသတဲ့... အဲဒီအမတ်ကို ကြိမ်ဒဏ် တစ်ရာ ရိုက်စေ ဆိုပြီး အပြစ်ပေးလိုက်တယ်...

ဒုတိယအမတ်ကတော့

"အရှင်ဘုရင် ဟာ အရှင်တို့ အမျိုးတော်တွေ ကြားမှာ သက်တော် အရှည်ဆုံး ဖြစ်ပါလိမ့်မယ်..."

ဘုရင်ဟာ ဒီစကားကြားပြီး ပျော်ရွှင်ကာ ဆုတော်ငွေများ ချီးမြှင့်လိုက်လေ သတဲ့...

တူညီတဲ့ စကား... တူညီတဲ့ အဓိပ္ပာယ်... ပြောပုံဆိုပုံ တင်ပြပုံ မတူညီတာနဲ့ အကျိုး အာနိသင်ဟာ မတူညီတော့ပါဘူး...