Pages

Tuesday, September 29, 2015

နောင်တ

ရန်ကုန်မှာ နေထိုင်ကြတဲ့ သားသမီးတွေကို နယ်အိမ်တစ်ခေါက်ပြန်ရောက်တိုင်း မိဘတွေမေးတဲ့ စကားတွေ ရှိတယ်မလား. ဘယ်စကားလုံးက သင့်ကို စိတ်မကောင်း. ဖြစ်စေတာလဲ..

အဖေက .. မင်းသူငယ်ချင်းကတော့ ရာထူးတွေ တက်သွားပြီ၊ မန်နေဂျာကြီး ဖြစ်သွားပြီ.

အမေက.. တိုက်တွေ၊ ကားတွေနဲ့ ကြီးပွားနေတယ်တဲ့.သူအမေက အမေ့ကို ကြွားသွားတယ်။ အမေလည်း ပြန်ကြွားချင်တယ်..

ဒီစကားနဲ့ အလားတူ စကားတွေ ကြားတိုင်း အဖေနဲ့ အမေကို အားနာမိတယ်။ ကိုယ့်ကိုကိုယ်လည်း အားမရနိုင် ဖြစ်မိတယ်။ မိဘဆိုတာ သားသမီး စကားဆို ခေါင်းညှိတ်မြဲဆိုတော့ မျက်လုံးမှိတ်ပြီး သင့်တော်တဲ့ စကားလုံးကို ရှာဖွေမိတယ်။

“ ကားမစီး နိုင်ပေမယ့် သွားချင်တဲ့နေရာကို ရောက်အောင် သွားနိုင်တဲ့ အရည်အချင်း ရှိပါတယ်။ အိမ်ပိုင် ရာပိုင် မရှိသေးပေမယ့် အဆိပ်မပါတဲ့ ထမင်းလုပ်ကို စားနေရလို့ ကျန်းမာပါတယ်။ အမေ့ကို ရွှေဘုံပေါ်မှာ ထားချင်ပေမယ့်  ပူလောင်တဲ့ အရာတွေက အမေတို့ရဲ့ အေးချမ်းတဲ့ ဘဝကို ဖျက်စီးနိုင်တယ်။ ”
ဖြေရှင်းပြောပြပေးရုံကလွဲ ကျွန်တော် ဘာမှ မတတ်နိုင်ခဲ့ဘူး။

ကျွန်တော့် ရင်ထဲမှာတော့…

ဒါပေမယ့် ကျွန်တော် မငိုပါဘူး။ ဖြစ်ချင်တာ အကုန်ဖြစ်နေမယ်ဆို ကမ္ဘာကြီး ပျက်စီးသွားလောက်ပြီပေါ့..
!!! တစ်နေ့မှာ ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေက တစ်ထပ်တည်းမကျလာတဲ့အခါ မျက်ရည်ကို အောက်ထိမကျစေပဲ ဟန်ချက်မပျက်အောင် ထိန်းထားနိုင်ဖို့ အရေးကြီးတယ် !!!
ဆိုတဲ့ ဒီစကားက ကျဆင်းနေတဲ့ စိတ်ဓာတ်ကို ပြန်တက်စေတယ်။

ကျွန်တော် ရွေးပြီးသား လမ်းကို ခရီးဆုံးတဲ့အထိ တစ်လှမ်းချင်း မရပ်မနား ကျွန်တော် ဆက်လျှောက်နေဦးမှာဘဲ။ မှန်တယ်ထင်လို့ ရွေးချယ်ခဲ့တဲ့ လမ်းကရှည်တယ်ဆိုပြီး နောင်တတွေနဲ့ နောက်လှည့် ပြန်မယ့်အစား အဆုံးထိရောက်အောင် သွားလိုက်တာက ပိုမြတ်တယ်။

နောင်တဆိုတာ တစ်ခါတစ်လေမှာ လူတွေရဲ့ စိတ်ဓာတ်နဲ့ ဘဝကို ယိုင်နဲ့ ပြိုလဲစေတဲ့ အဆိပ်ပင် တစ်မျိုးနော်။

Never Never Cry & Please don’t Cry
Credit : ‎Yangonlife‬ ‪

စံပ္ပါယ်ပန်းထဲမှတစ္ဆေ (1+2) စဆုံး

'ကလင် ကလင် ကလင်''(ဖုန်းမည်သံ)
''ဟဲလို''
''မြတ်နိုး ကိုယ် သီဟပါ အခုကိုယ်မင်းအိမ်ရှေ့ကိုရောက်
နေတယ်ခဏလောက်ထွက်လာခဲ့ပါလားပြောစရာရှိလို့''
''ဟင်

သူဌေးဖြစ်တဲ့ အမျိုးသမီးတွေရဲ့ တူညီတဲ့ စည်းကမ်း ၅ ချက်

သူဌေးဖြစ်ချင်တယ်ဆိုပြီး ဘုရားမှာ ဆုတောင်းနေရံနဲ့တော့ ဘာမှဖြစ်မလာပါ။ သဌေးဖြစ်မယ့် အမျိုးသမီးဟာ လိုက်နာရမယ့် အချက် ၅ချက် ရှိပါတယ်။

၁။ ကျန်းမာရေးသာလျှင် အဓိက -နေ့စဉ်နေထိုင်မှု ဘဝမှာ ကျန်းမာရေးက အဓိက ကဏ္ဏမှာ ပါဝင်ပြီး ကျန်းမာမှသာ ကိုယ့်ရဲ့ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မှာပါ။

၂။ အမြဲတမ်း ပြုံးရွှင်တက်ကြွစွာ နေထိုင်နိုင်ခြင်း-

တိတ်တခိုး ကောင်မလေး သွေးအမျိုးအစား လေးများ

A သွေး....မိန်းမချောလေးတွေက သူတို့ရဲ့ Crushလေးနဲ့ မျက်နှာချင်းဆိုင် ဆုံမိရင် ပါးစပ်အဟောင်းသားနဲ့အံသြသွားတတ်ပါတယ်။ သူမရင်ထဲမှာတော့ ဒိန်းတလိန်းနတ် ဝင်ပူးနေသလို ဗလောင်ဆူနေပြီး တဒိတ်ဒိတ်..တဒိတ်ဒိတ်..ဖြစ်နေတဲ့ သူတွေပေါ့…

B သွေး..... ဆွဲဆောင်မှုရှိသလို သူမတို့ချစ်နေတဲ့ ကောင်လေးကိုတွေ့ရင်

လွယ်ကူသော်လည်း လူသိနည်းနေသေးသော အလှအပ လျှို့ဝှက်ချက်များ .............

အမျိုးသမီးတိုင်း လိုက်နာဖို့လိုပြီး လုပ်ဆောင်ရလွယ်တဲ့ နည်းလမ်းတွေပါ။ ဒီအချက်တွေက အလှအပအတွက် အရေးပါတဲ့ လျှို့ဝှက်ချက်တွေ ဖြစ်နေတာကြောင့် ရေးသားလိုက်ပါတယ်။

(၁) နံပါတ်တစ...် အသားအရေ ထိန်းသိမ်းရေး လျှို့ဝှက်ချက်

ဒီနည်းလမ်းက မျက်လုံးကို ပြင်ဆင်ခြယ်သတဲ့ အမျိုးသမီးတိုင်း သုံးသင့်တဲ့ နည်းလမ်းတစ်ခုပါ။

သူ တော် ကောင်း တို. ၏ စိတ် သ ဘော ထား

" ဆရာတော် .. နာရီကြီးဘယ်ရောက်သွားသလ...ဲ ဘုရား .. "
" ညက ဒကာ ( ၂ ) ယောက် လာယူသွားကြတယ်ကွ .. "
" ဆရာတော် သူခိုးလာခိုးသွားတာဖြစ်မှာပါ .. ဆရာတော် မသိလိုက်ဘူးလား ဘုရား .. "
" သိပါတယ်ကွ .. သူတို့က မမှီမကမ်းနဲ့ဖြုတ်နေသံကြားလို့ မတော်လွတ်လို့ မင်းတို့နိုးကုန်ရင် နာရီလဲအကောင်းမရ .. ဒုက္ခလည်းရောက်ကြမှာစိုးလို့ ပလ္လင်နောက်မှာ ခွေးခြေရှိတယ်လို့ တောင် ပြောလိုက်သေးတယ် .. "

Monday, September 28, 2015

အိပ်မက် ဘာကြောင့်မက်ရသလဲအပေါ် လက်ရှိခေတ်စားနေတဲ့ အယူအဆတချို့

အိပ်မက်မက်ခြင်းအကြောင်းနဲ့ ပတ်သက်လို့ သိပ္ပံပညာရပ်မှ ခုချိန်ထိ တိတိကျကျစုံစုံလင်လင် ရှင်းပြပေးထားတာတော့ မရှိသေးပါဘူး။ သို့ပေမယ့် ကျွန်ုပ်တို့ အိပ်ပျော်ပြီး အိမ်မက်ကမ္ဘာထဲ ဘာကြောင့် လွင့်မျောသွားကြရသလဲဆိုတဲ့အပေါ် သီအိုရီများစွာ ရှိပါတယ်။

(၁) အိပ်မက်မက်တယ်ဆိုတာ

ကုန်ဆုံးခဲ့တဲ့နေ့ရက်မှာ တွေ့ဖူးမြင်ဖူးခဲ့သမျှ ပေါင်းစပ်မှုတစ်ခုပဲဖြစ်တယ်။ ဦးနှောက်က

စပ်စုတတ်တဲ့ ကလေးမ

စပ်စုတတ်တဲ့ ကလေးမလေးက သူ့အမေကို မေးတယ်။

 “မေမေ… မေမေ့ခေါင်းမှာ ဘာလို့ ဆံပင်ဖြူတွေ ပေါက်နေရတာလဲ” တဲ့။

အမေဖြစ်သူက ဒီခွင်ကို အမိအရ အသုံးချပြီး “အဲ့ဒါ သမီးကြောင့်ပေါ့ သမီးရယ်၊ သမီးလေး တစ်ခုခု ဆိုးတိုင်း မေမေ့မှာ ဆံပင်ဖြူတွေ ပေါက်ပေါက် လာတာပေါ့ကွယ်”

 ဆိုပြီး သူ့သမီးလေး ပိုပြီး လိမ္မာလာအောင် မုသားသုံးလိုက်တယ်။

အဲ့ဒီအခါ ကလေးမလေး စိတ်ထဲရှိတဲ့ အတိုင်း ပြန်ပြောလိုက်တာက

“သြော်… အဖွား တစ်ခေါင်းလုံး ဘာလို့ ဖြူဖွေးနေတာလဲ ဆိုတာ သိပြီ" တဲ့လေ။

Credit : Gandawin

ချက်ချင်း လက်ငင်း လူချစ် လူခင် ပေါအောင်နေထိုင်နည်း ၁၃ နည်း

လူအကဲခတ်တယ်ဆိုတာ ပထမဆုံးတွေ့ဆုံတဲ့ အချိန် မြင်မြင်ခြင်းမှာ ဖြစ်ပါတယ်။ သုသေသီ များလေ့လာတွေ့ရှိချက်အရ မျက်စိတစ်မှိတ်တောင်မှာ မကြာပါဘူး။ ဒါကြောင့် သင်ဘာတွေဝတ်ထားတယ်၊ဘယ် ကိုယ်အနေအထားရှိတယ် ဆိုတာ ဟာသင့်ပေါ်လူတွေ ဘယ်လိုမြင်လဲဆိုတာကို အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။ လူချစ်လူခင်ပေါရတဲ့ အဓိကအကြောင်းအရင်းက ကိုယ်ကိုယ်တိုင်က ဖော်ရွေနေတဲ့ပုံပေါက်နေမှဖြစ်ပါတယ်။ တခြားလူတစ်ယောက်က ကိုယ့်ကိုချည်းကပ်လို့လွယ်နေတဲ့ပုံပေါက်နေမှ စကားပြောချင်စရာကောင်းတဲ့ပုံပေါက်နေမှ အဆင်ပြေမှာပါ။ ဒီတော့ လူမှုရေး၊ စီးပွားရေး၊ အချစ်ရေးတွေမှာ စတွေ့တွေ့ချင်းမျက်တောင် တစ်ခပ်စာကို အကောင်းဆုံးအသုံးချနိုင်ရန်အတွက် အောက်ပါ နည်း ၁၃ နည်းကိုဖောက်သည်ချလိုက်ပါရစေ။

သင့်ကို အမြင့်သို့ တွန်းတင်ပေးမယ့် စကားလုံး (၁၀) လုံး

အာင်မြင်မှုဆိုတာ အလွယ်တကူရရှိနိုင်တဲ့ အရာမဟုတ်ပါဘူး။ လျှောက်လှမ်းရမယ့်လမ်းကြောင်းကို တွေ့နေပေမယ့် ရောက်အောင်သွားဖို့ မလွယ်ပါဘူး။ ဒါ့ကြောင့် သင်မျှော်မှန်းထားတဲ့ အောင်မြင်မှုပန်းတိုင်ဆီကိုသွားရာမှာ ခွန်အားဖြစ်စေနိုင်မယ့် စကားလုံး ၁၀ ခုကို ဖော်ပြလိုက်ပါတယ်။

 ၁။ Happiness (ပျော်ရွှင်မှု) ပျော်ရွှင်မှုဟာ စိတ်ခံစားချက်သက်သက်မဟုတ်ပါဘူး။ ဘ၀နေထိုင်နည်းတစ်ခုပါ။ သင်လုပ်တဲ့အလုပ်ကို သင်မပျော်ဘူးဆိုရင်

သင့်ဘဝကို အနှောက်အယှက်ပေးမည့် လူ၃မျိုး

လူ့ဘဝမှာ လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးက အရေးကြီးတဲ့အပိုင်းမှာ ပါဝင်ပါတယ်။

လူဆိုတာလည်း အမျိုးမျိုးရှိပါတယ်။ ဆက်ဆံရေးကောင်းမွန်တဲ့သူကိုတွေ့နိုင်သလို၊ စကားနားထောင်ကောင်းသောသူ၊ စကားပြောကောင်းသောသူ စသည်ဖြင့် အမျိုးမျိုးပါပဲ။ တဖက်မှာလည်း ကိုယ့်ကို ဒုက္ခပေးမယ့်သူကလည်းရှိတယ်ဆိုတာကို မမေ့ထားပါနဲ့။

ကိုယ့်ရဲ့ဘဝကို သာသာယာယာ လျှောက်လှမ်းချင်တယ်ဆိုရင်တော့ အောက်မှာရေးထားတဲ့ လူ ၃ မျိုးကို ရှောင်သင့်ပါတယ်။ သူတို့ကို သတိထားပြီးရှောင်ရင် ဖြစ်လာမယ့် ပြသာနာတွေကို ကြိုတင်ပြီး တားဆီးနိုင်မှာပါ။

၀၁. သူတပါးကို အမြဲအသုံးချရန် ကြိုးစားနေသောသူ

လူတွေကို ကောင်းကောင်း လိမ်တတ်သောသူဖြစ်ပါတယ်။ သူတပါးကို လိမ်ညာနေတယ်လို့ မထင်ရပင်မယ့်လည်း အသုံးချရန် ကြိုးစားနေသူပါ။ သူတပါးကို စိတ်ဆင်းရဲအောင်၊ ကောင်းမွန်သော ဆုံးဖြတ်ချက်ကို မချနိုင်အောင် အမြဲကြိုးစာနေသူပါ။

သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သင့်ထံမှ ယုံကြည်မှုကို ရရှိဖို့ရန်သာ ဖြစ်ပါတယ်။ ပိုက်ဆံ၊ အပေါင်းအသင်း ကိုရယူရန် ကြိုးစားနေတာလဲ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သင့်ကို အနိုင်ကျင့်ပြီး ပျော်ရွှင်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုလူမျိုးကို ကိုယ်တိုင်သာ စဉ်းစားဆုံးဖြတ်ပါ။

၀၂. အနိုင်ကျင့်သောသူ

ဒီလိုလူမျိုးကတော့ သူတပါးက စိတ်ဆင်းရဲနေတာကို ကြည့်ပြီး အားရ ဝမ်းသာဖြစ်နေသောသူပါ။ သူတပါးကို နှိပ်စက် အပြစ်တင်နိုင်မှာသာ ကိုယ့်အတွက် ယုံကြည်ချက်တွေ ပြည့်ဝလာတယ်လို့ ခံယူထားပါတယ်။ သူတပါးကို အနိုင်ကျင့်နေချိန်မှာ ဒီသူက ကိုယ့်ထက်ကို ညံ့တယ်၊ ငါကသာလျှင် မင်းထက်တော်တယ်လို့ ခံယူထားသူပါ။ သူတို့နဲ့ ပြိုင်ပြီး ရန်ဖြစ်ရင်လည်း အချိန်ကုန်ပါတယ်။ သူတို့ရဲ့ တကယ်ရန်သူကတော့

အချစ်နဲ့  သွေး အကြောင်း

A သွေးများနဲ့  အချစ် အကြောင်း

A သွေးများဟာ စိတ်လှုပ်ရှားတာ မြန်ပါတယ်
ပြီးနောက်

ဘာမြင်လိုက်သလဲ ???????

အမဲလိုက်ထွက်လာကြတဲ့ သူငယ်ချင်းနှစ်ဦးသား အမဲလိုက်ရင်း စကားပြောလာကြပါတယ်….
ပထမလူငယ်က သူငယ်ချင်းကိုလှမ်းမေးလိုက်ပါတယ်။

“မင်း မြင်လိုက်သလားကွ”

ဒုတိယ လူငယ်က

Sunday, September 27, 2015

မြန်မာပြည်မှာ ရိုက်မယ်. Mission Die Hard ( Satire )

Hollywood မှ Die Hard နှင့် Mission impossible ၂ခုပေါင်း၍ Mission Die Hard ရိုက်ရန်စီစဉ်လိုက်ကြသည်...
ထူးထူးခြားခြား နေရာကို မြန်မာကို ရွေးလိုက်ကြသည်။

Bruce Willis,Tom Cruise နှင့် Michelle Yoeh အပါအဝင် သရုပ်ဆောင်များစွာနှင့် အားဖြည့်ထားကြသည်။

ဇာတ်လမ်းအစတွင်

အကိုကြီး အဖအရာ ဆိုတာ

ကျွန်တော်က ကျွန်တော့် အစ်ကိုဆီက သိပ်ကိုလှပတဲ့ ကားလေးတစ်စီး မွေးနေ့လက်ဆောင်ရ ထားတယ်။ တစ်နေ့ ကျွန်တော် ရုံးကပြန်ခါနီး ကားနားမှာ ကားကို စေ့စေ့စပ်စပ်ကြည့်နေတဲ့အချိန်မှာ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ ဒါနဲ့ ကောင်လေးက ကျွန်တော့်ကိုလည်း မြင်ရော “ ဒါ အကို့ကားလား” လို့ မေးလာတယ်။ ကျွန်တော်လည်း “ အင်း ဟုတ်တယ်။ ဒါ ငါ့အကိုက မွေးနေ့လက်ဆောင် ပေးထားတာ” လို့ ဖြေလိုက်တယ်။
 ကောင်လေးက အရမ်းကို အံ့အားသင့်သွားပြီး ကျွန်တော့ကို ပြန်မေးတယ်။

ဆရာစံဇာဏီဘို ရဲ့ သွေးအကြောင်း

သွေးက ၄ မျိုးပဲရှိတယ်။

A သွေး Bသွေး
Oသွေး
ABသွေး
O သွေး
တစ်ကမ္ဘာလုံးရဲ့  ၄၅%  ရှိတယ်
Aသွေး
ကမ္ဘာ့  ၄၀% ။
Bသွေး   က  ၁၁%  ။
AB သွေး   က  ၄% ။
အိုသွေးက ကမ္ဘာမှာ အရင့်ကျက်ဆုံးသွေး။

Aသွေးအကြောင်း(2)

A သွေးရဲ့ စိတ်နေစိတ်ထားလေးနဲ့ အကျင့်စရိုက်လေးအကြောင်းပေါ့
Aသွေးပိုင်ရှင်များရဲ့စိတ်ဟာ အပြင်ကကြည့်
ရင်မာမလိုနဲ့ တကယ်တမ်းတော့ တွေးတွေးပြီးကိုယ့်ဖာသာ ကြိတ်ပြီးဝမ်းနည်းတတ်သူတွေပါ။
မျက်နှာထားကခပ်တည်တည်နေတတ်ပေမယ့်
ပေါင်းကြည့်မှအကြောင်းသိဆိုသလို အစအနောက်ကလည်းသန်တယ်တဲ့။
A သွေးပိုင်ရှင်တွေက

A သွေး အကြောင်း(1)

Aသွေးအကြောင်း လေ့လာမိသလောက်ပေါ့
မှားရင်လည်းသည်းခံပေးကြပါ။ ။
Aသွေးတွေကဥာဏ်ကောင်းကြတယ်
တခြားလူတွေနှစ်နာရီကျက်ရမယ့်စာကို Aသွေးလေးတွေကျက်မယ်ဆို နာရီဝက်ဆိုတာအလွန်ဆုံးပဲ ပြီးတော့ဖြတ်ထိုးဥာဏ်ကောင်းကြတယ်

သွေးဗေဒင်

ဗေဒင်ကြည့်ရတာ ၊ မမြင်ရသေးတဲ့ ဘ၀ ကံကြမ္မာ တွက်ချက်ရတာ ၀ါသနာ မပါလှပေမယ့်တစ်ခါ တစ်ခါ စိတ်အပန်းဖြေတဲ့ အနေနဲ့ ဗေဒင်ကဟောထားတာလေးတွေကကိုယ့် အဖြစ်အပျက်တွေ နဲ့ များ တိုက်ဆိုင်နေမလားလို့ တွေးကြည့်ရင်း ရင်ခုန်နေမိတတ်ပါတယ်။

အခုရက်ပိုင်းမှာ ဖတ်ရှုမိခဲ့တဲ့ သွေးဗေဒင် အကြောင်းလေးတွေက စိတ်ဝင်စားစရာကောင်းနေသလိုကိုယ်တိုင် ရေးထားတဲ့ Post အသစ်တွေ မတင်အားသေးတာကြောင့်လည်းစာဖတ်ဝါသနာပါသူတွေ အတွက် မျှဝေ ဖတ်ရှုစေချင်တဲ့ ဆန္ဒ တစ်ခုသာဖြစ်ပါတယ်။
သွးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကို ခန့်မှန်းလို့လည်း ရတယ်ဆိုတဲ့အကြောင်း ကလည်း ထူးခြားနေပြန် တာကြောင့် ------
ပထမဦးဆုံးအနေနဲ့ သွေးအုပ်စု လေးမျိုးထဲက မှ ဆုကဗျာနဲ့ သွေးအမျိုးအစားတူတဲ့ A သွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားများ ကို ဖော်ပြပေးလိုက်ပါတယ်ရှင်


" A "သွေးပိုင်ရှင်များ ၏ထူးခြားချက်များ

(၁) အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့


သွေးများရဲ့  စိတ်နေသဘောထားများ A , B , AB , O

သွေးများရဲ့  စိတ်နေသဘောထားများ A , B , AB , O
________________________________________

  A သွေး

  A သွေးများသည်

အရာရာ

ပန်းတွေလည်း မပွင့်စေချင်တော့ဘူး
ပန်းအလှကို မြင်ရင် 
မင်းကို သတိရလွန်းလို့ ။
လေညှင်းလည်း မတိုက်ခတ်စေချင်တော့ဘူုး
လေပြေတွေနဲ့အတူ မင်းကိုယ်သင်းရနံ့တွေက
ငါ့ အာရုံတစ်ခုလုံးကို
စိုးမိုးထားခဲ့လွန်းလို့ ။
ညတွေလည်း မရှိစေချင်တော့ဘူး
ဒီအမှောင် တိတ်ဆိတ်မှုတွေထဲ
မင်းရဲ့အသံလေးက
ငါ့ ညတွေကို ဖမ်းစားထားလွန်းလို့ ။
အချစ်ရေ .....
မင်းနဲ့တွေ့မှ
ခန္ဒာအစဉ် စိတ်အစဉ်က
အရူးတစ်ယောက်ကိုမှ အသားကျွေးမိသလို
အရာရာတိုင်းဟာ မင်းမှမင်းဘဲ
ချုပ်ကိုင်ထားခဲ့ပြီ ။  ။
ကိုဆေး (ငါးမည်ရ)

သွေးဗေဒင် (" AB "သွေးပိုင်ရှင်များ..)

" AB "သွေးပိုင်ရှင်များ..
> အေဘီသွေးပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ဒီလို ဖြစ်ပါတယ်... အေဘီသွေးပိုင်ရှင်များဟာ သိပ်ပြီး မထူးခြားလှတဲ့
စရိုက်သဘာဝကို ပိုင်ဆိုင်ထားပါတယ်တဲ့...>> မိဘကို ဆိုးတာမျိုးလည်း မရှိတဲ့ အေဘီသွေးပိုင်ရှင်များက အရာအားလုံးကို
ကွက်ကျော်မြင်တတ်လို့ အဆူခံရတာမျိုးလည်း လုံးဝ မရှိသလောက်ပါတဲ့... ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ်
ဆိုတာကို လျင်လျင်မြန်မြန် အကဲခတ်နိုင်စွမ်းရှိသူများလည်း ဖြစ်ပါတယ်... ဒါကြောင့်မို့ပတ်ဝန်းကျင်ကလူတွေက

ယခုချက်ချင်း လုပ်သင့်သော ဘဝ အတွက် ၂၇ ချက်

နောင်တ ကိုတာ နောင်မှ တရ တယ်လို့ ဆိုစကား ကို လူကြီးတွေ ဆိုတာ ကြားဖူးပါတယ်။
ဒီစကား အတိုင်း မဖြစ်ချင် ရင်တော့ ယခု ချက်ချင်း လုပ်သင့်သော ၂၇ချက် ကို လုပ်သင့်တယ် လို့ထင် ပါတယ်။
 
၀၁. ထမင်းစားနေချိန် မှာ ဖုန်းကို ခဏမေ့ထားပါ။
သူငယ်ချင်းတွေနဲ့ ပဲဖြစ်ဖြစ် အိမ်မှာ ပဲဖြစ်ဖြစ် အမြဲတမ်း ဖုန်းတစ်လုံး နဲ့ အချိန်ကုန် မနေဘူးလား။
မိသားစု အတွက် တန်ဖိုးရှိတဲ့ အချိန်တွေ အတွက် ဖုန်းကို ဘေးချ ထားလိုက်ပါ။
 
၀၂. ကီး မကိုက်တဲ့ သူငယ်ချင်းတွေ နဲ့ အဆက် အသွယ်ဖြတ်ပါ။
သူတို့ နဲ့ အတူတူ သွားလာချိန်မှာ မပျော် ရင်တော့ သူတို့ကို  အဆက်ဖြတ်ပါ။
သင့်မှာ အချိန် ဆိုတာက အကန့်အသတ် မရှိသလို အားနာနေဖို့ လည်း မလိုပါဘူး။

၁၉ ဇူလိုင်


( ၁ ) ဦးဘဝင်း *
လောက မှာ ကျွန်တော် မနာလိုဆုံး ပုဂ္ဂိုလ် က ခင်ဗျား ပဲ

ဗိုလ်ချုပ် နဲ့ မွေးချင်းတော်စပ်ခွင့် ရတယ်
ဗိုလ်ချုပ် ကို အင်္ဂလိပ်စာ သင်ပေးခွင့်ရတယ်
နောက်ဆုံး ဗိုလ်ချုပ်နဲ့ အတူ သေဆုံးခွင့် ရတယ်
ထူးလိုက်တယ့် ကံ ခင်ဗျားရင်ထဲက ကျည် ၈ချက်

ဘ၀ အတွေ့အကြုံ ဟာ အကောင်းဆုံး ဆရာပါ









လူရယ်လို့ ဖြစ်လာကြပြီ ဆိုရင် ချမ်းသာ၊ ဆင်းရဲ မရွေး ဘဝက ပေးတဲ့ သင်ခန်းစာတွေ ကို ခံစားကြရပါ တယ် ။ လူတွေနေ့စဉ်ဖြတ်သန်း ကြုံတွေ့နေကြရတဲ့ အကောင်း၊ အဆိုးတွေ ဟာ လူတွေ ရဲ့ ဘဝသင်ခန်း စာတွေ ဘဲဖြစ်ပါတယ်။ 

တစ်ချို့က ဒီလိုနေ့စဉ် သင်ခန်းစာတွေ က သင်ယူလေ့လာပြီး မိမိဘဝ အတွက် ဆောင်ရန် ၊ရှောင်ရန်အဖြစ် ကြိုးစားဆောင်ရွက် သွားကြသူတွေ ရှိသလို တစ်ချို့က နောက်ပြန်လှည့် အရှုံးပေးသွားကြသူတွေလည်း ရှိပါ တယ်။
ဘဝမှာ အတွေ့အကြုံ ဆိုတာ အကောင်းဆုံး သင်ပြပေးနေတဲ့ ဆရာတစ်ဆူ လို ပါဘဲလို့

ရွှေအိုရောင်လို မှုန်းတဲ့စာသား

ဒီတစ်ခေါက် Tutorial ကတော့ Crushed Gold Text လို့တင်စားရမယ့် လိမ်တွန့်ကြွေပြုန်း ရွှေစာလုံးပဲဖြစ်ပါတယ်။
၁) ထို့အတွက် Background Color ကို #3c0101 ထားပါ။ နီညိုရောင် ခပ်ရင့်ရင့်ဖြစ်ပါသည်။ လိုအပ်သော Text ကို အဖြူဘက်သန်းသော Grey Color တစ်ခုပေး၍ ရိုက်ပါ။ Width ထူသော Text ဖြစ်က ပိုကောင်းပါသည်။
၂) ထို Text ကို (Filter > Stylize > Diffuse) နှင့် (Filter > Distort > Ripple) စသည့် Effect များထည့်ပါ။ ပုံအတိုင်းတွေ့ရမည်။
၃) ပြီးလျှင်

ဖြစ်ရလေ …









သစ္စာတရား ကြီးမား တဲ့ ဇနီးသည် တစ်ဦး ဟာ သူ့ဘ၀ တစ်လျှောက်လုံး ခင်ပွန်းသည် ကိုပဲ ပြုစုပြီး နေလာခဲ့ပါတယ်။ ခုတော့ သူ့ရဲ့ ခင်ပွန်းသည်ဟာ လပေါင်း များစွာ သတိမေ့မြော သွားလိုက် ၊ သတိရလိုက်ဖြစ်နေပါတယ်။
 
ဒါပေမဲ့ ခင်ပွန်း သည် နားက တစ်ဖ၀ါး မှ မခွာဘဲ နေ့စဉ် ပဲ ပြုစုနေခဲ့ ပါတယ်။
အမျိုးသား သတိရလာတဲ့ အခါ စိတ်လှုပ်ရှားနေ ပြီး ဇနီးသည်ကို သူ့အနားလာ ဖို့ ခေါ်လိုက်ပါ တယ်။
“မင်းဟာ ကိုယ် အဆိုးတွေ နဲ့ ကြုံရချိန် တိုင်း အနားမှာ ရှိနေခဲ့တယ်။ အလုပ်ဖြုတ် ခံရတုန်းက
ကိုယ့်ကို ထောက်ပံ့ပေး ခဲ့တယ်။ စီးပွား ပျက်တုန်း ကလည်း မင်းကိုယ့် အနားမှာပဲ ရှိနေခဲ့တယ်။

ကိုယ်သေနတ် နဲ့ ပစ်ခံ ရတုန်း ကလည်း အနားမှာပဲ။ ကိုယ်တို့ အိမ်ကို ဆုံးရှုံး ရတုန်းကလည်း မင်းပဲ ကိုယ့်ကို အကူအညီတွေ ပေးခဲ့တာ။ ကိုယ့် ကျန်းမာရေး ချွတ်ယွင်း လာတော့ လည်း ကိုယ့် အနားမှာ မင်းရှိနေတုန်းပဲ။ အဲဒါ ဘာလို့လဲ သိလား ..”  လို့ အမျိုးသား က ပြောလိုက် ပါတယ်။

“ဘာများ လဲ.. အချစ် ရယ်”လို့ အမျိုးသမီး က ညင်သာစွာ မေးလိုက်ပါတယ်။
အမျိုးသား ပြန်ဖြေ လိုက်တာ “မင်းဟာ ကိုယ့်ဆီ ကို မကောင်းတဲ့ ကံတွေ ယူဆောင် လာတဲ့
သူမို့ပေါ့ ကွာ”တဲ့။

mmtimes
From...Latest Myanmar News

3D Text

ဒီ tutorial ကတော့ text တစ်ခုကို 3D ပုံစံလေးရအောင်ဖန်တီးကြည့်မှာပါ။ တကယ်တော့ Photoshop ဟာ 2D composition တွေနဲ့သာ အလုပ်လုပ်တဲ့အပြင် Raster Image တွေကိုအခြေခံတဲ့ software  လဲဖြစ်ပါတယ်။ ဒါကြောင့် 3D အစစ်တော့ဖြစ်မှာမဟုတ်ပါဘူး။ ပုံစံတူရုံတင်ပြုလုပ်ကြမှာပါ။
၁) ပထမဦးဆုံးအနေနဲ့ Text တစ်ခုကိုအရင် create လုပ်ပါမယ်။
၂) အဲဒီ Text ကို Layer Palette မှာ Right Click လုပ်ပြီး Rasterize Layer လုပ်ပါ။ ( Layer>Rasterize>Type လုပ်လဲရပါတယ်)
၃) Foreground ကိုအနီ နဲ့ Background ကိုတော့

Mirror Effect 3 (ရေပေါ် အရိပ်ထင်)

အရင် တစ်ခေါက်က Mirror Effect နှစ်ခု ပြောပြပြီးပါပြီ။ အခုတစ်ခါမှာတော့ ရေထဲမှာ အရိပ်ပြန်တာမျိုးနဲ့ ရေထဲမှာ ရောက်နေတာ မျိုးနှစ်ခုကို ပြောပြသွားပါမယ်။

ပထမဦးဆုံး ရေထဲမှာ Reflection ပြန်တဲ့ Effect ကို စမ်းကြည့်ကြပါစို့။
၁) အဲဒီအတွက် လိုအပ်တဲ့ပုံကို ဖွင့်ပါ။ နမူနာပုံက (900 x 1200 Pix) ရှိပါတယ်။
၂) Mirror ရိုက်ရန် နေရာအတွက်

ကာတွန်းရုပ်လေး

Digital Camera မှရိုက်ကူးပြီးပုံများကို Cartoon ပုံများအဖြစ်ပြောင်းလဲထားသော ပုံဆန်းလေးများကိုမြင်တွေ့ဘူးကြမှာပါ။ အခု Tutorial မှာတော့ အဲဒီလို Cartoon ပုံစံပြုလုပ်နည်းတွေထဲက လွယ်တဲ့နည်းတစ်ခုကိုပြောပြချင်ပါတယ်။ အခုလိုအပ်တဲ့ ပုံကိုဖွင့်လိုက်ပါမယ်။
ရုပ်ပြကာတွန်းစာအုပ်များကိုသတိထားကြည့်ပါ

Nature 2 (နှင်းဝေတဲ့ဆောင်း)

HTN: အခုလို ဒီဇင်ဘာ၊ ဇန်န၀ါရီတို့ဆိုတာ စိတ်ကူးယဉ်ကြည့်ရင် နှင်းတွေတဖွဲဖွဲနဲ့ပေါ့။
KZO: ဟေ့လူ... မဟုတ်ကဟုတ်ကတွေပြောနေပြန်ပြီ... ကျုပ်တို့အောက်ပြည်အောက်ရွာမှာ ဘယ်က လာနှင်းကျမလဲ...
HTN: ဟာ... မယုံဘူးလား... ကျုပ်က အခုနှင်းကျဆိုကျလို့ရတယ်နော်... သုံးမိနစ်ပဲကြာမယ်.... ဟီး ဟီး... Photoshop ထဲမှာ ပြောတာ
KZO: အဲဒါဆို အခုလက်တွေ့ပြဗျာ... ကျုပ်က New Year အမှီ ကျုပ်ကောင်မလေးကို နှင်းတွေကျနေတဲ့ e-card ပို့ချင်နေတာ... တကယ့်နှင်းမရလည်း ရတာပို့ရမှာပဲ... ကဲ ကျုပ်အခုဖွင့်ထားတဲ့ဓာတ်ပုံကို နှင်းကျပေးဗျာ...။
HTN: ဟား... ခင်ဗျားက ဆောင်းနဲ့လိုက်ဖက်မယ့် ပုံကို ကွက်တိရှာထားတာပဲဗျ... အဲလိုဆိုသိပ်လွယ်တာ...
၁) ပထမဦးဆုံး

Saturday, September 26, 2015

ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်

ဆရာမ ခင်ခင်ထူးရဲ့ ပရိတ်သတ်ကြီးအတွက် စာအုပ်ကောင်းလေးတစ်အုပ်တင်ပေးလိုက်ပါတယ်။စာအုပ်နာမည်က ၀တ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်။ဒီကိုနှိပ်ပါ
"အပြန်မဲ့ မေတ္တာ" ဦးမျိုးဝေ အိမ်ထဲသို့  လှမ်းကြည့်လိုက်သည်။ သွပ်မိုးထရံကာ အိမ် ဖြစ်ပြီး အလင်းရောင်ကောင်းကောင်း မ၀င်။ ဖိနပ်ချွတ်တွင်လည်း သဲအလိမ်းလိမ်းဖြင့်ညစ်ထေးနေသည်။ ဧည့်ခန်းသည်လည်း အမျိုးမျိုး အထွေ ထွေသော ပစ္စည်းများဖြင့်ရှုပ်ပွနေသည်။ ညက စားထားဟန်တူသောထမင်းပန်းကန် ဟင်းပန်းကန် များမှ အစ အိပ်ယာလိပ်များ အဆုံး။ သူ ဧည့်ခန်းမှမျက်စိလွှဲလိုက်သည်။ အိမ်တံခါးမကြီးမှ နောက်ဖေး မီးဖိုချောင်အထိ တိုးလျှိုပေါက် မြင်နေရသည်။ မီးဖိုခန်းနှင့် ကပ်လျှက်တွင် အခန်းတစ်ခု ရှိသည်။ ထိုအ ခန်းရှေ့ တွင်ညိုညစ်ညစ် ပိတ်ခြင်ထောင်တစ်လုံးထောင်ထားသည်။ ဘေးတွင် ထွေးခံတစ်လုံး သတ္ထုရေနွေး ခရားတစ်လုံးချထားသည်။ မီးဖိုထဲတွင် အမျိုးသမီးတစ်ဦး ချက်ပြုတ်နေသည်။ ကိုတင်ဆောင့် သမီးဖြစ်ဟန် တူသည်။ အိမ်ရှေ့ တွင်ဧည့်သည်ရောက်နေသည်ကို မြင်ဟန်မတူ။ ကိုတင်ဆောင်နှင့်သူမှာ ရင်းနှီးသော မိတ်ဆွေ များဖြစ်သော်လည်း ကိုတင်ဆောင့် အိမ်သို့ သူ တစ်ကြိမ်သာရောက်ခဲ့ဖူးသည်။ ကိုတင်ဆောင့် အမျိုးသမီးဆုံးတုန်းက ဖြစ်သည်။ ကိုတင်ဆောင့်တွင် သမီးတစ်ယောက် သာရှိသည်။ တလောက မိတ်ဆွေ တစ်ဦးပြောမှ ကိုတင်ဆောင်ကျန်းမာရေးမကောင်းကြောင်း လေဖြတ်ထားကြောင်း သိခဲ့ရသည်။ " ကိုတင်ဆောင် နဲ့ တွေ့ ချင်လို့ ပါခင်ဗျာ" မီးဖိုချောင်မှ ကိုတင်ဆောင့်သမီး ကြားလောက်သော အသံဖြင့် သူ အော်လိုက်သည်။ ပိတ်ခြင်ထောင် လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး အတွင်းမှ ခြင်ထောင်ကို လက် တစ်ဖက် ဖြင့်ပင့်ကြည့်သည်။ သူ့ မိတ်ဆွေ ကိုတင်ဆောင်ပဲဖြစ်ရပေမည်။ မီးဖိုထဲမှ ကိုတင်ဆောင့် သမီး အပြင်ထွက်လာသည်။ ၀၀ ဖိုင့်ဖိုင့်နှင့် နှုတ်ခမ်းမှာ ၀က်နှုတ်သီးများကဲ့သို ဆူနေ၏။ တမင်ဆူ လား နဂိုဆူလား သူ မသိ ပါချေ။ နှုတ်မှလည်း တစ်စုံတစ်ရာကို ရေရွတ်လာသည်။ စိုနေသောလက်များကို ထမီ ဖြင့်သုတ် လျှက် က အိမ်ရှေ့ သို့ ရောက် လာသည်။ အိမ့်ကြမ်းပြင် တသိမ့်မသိမ့်လှုပ်ခါသွား၏။ " အော် အဖေ့ မိတ်ဆွေထင်တယ် ထိုင် ဦးလေး" ခြေရင်းတွင် ထောင်ထားသော တံမြက်စည်း ကိုဆွဲ ကာ သူ့ ကို ထိုင်ပါဟုပြောသော နေရာကို ခပ်ကြမ်း ကြမ်းလှဲလိုက်သည်။ ပိတ်ခြင်ထောင်ထဲမှာ တ၀ူးဝူးအသံ ထွက်လာသည်။ " ခဏနေဦးလေ ဒီမှာ ဧည့်သည်ထိုင်ဖို့ တံမြက်စည်းလှဲနေတယ်" သမီးလုပ်သူ၏လေသံက လုံးဝနူးညံ့မှုမရှိ။ တံမြက်စည်း ကို ဂေါက်ခနဲ ပြန်ထောင်ပြီး ပိတ်ခြင်ထောင်ကို ဆွဲတင်လိုက်သည်။ ခြင်ထောင်စွန်းများကို ဖျာအောက်ဖိထား၍ ခြင်ထောင် ပင့်အတင်တွင် ကိုတင်ဆောင့် ခန္ဓာကိုယ်ပင် မြောက်တက်လာ၏။ ဆိုထိုင်း၍ အနံ့ အသက်မကောင်းသော ကြမ်းပြင်ပေါ်တွင် အသာထိုင်ချလိုက်သည်။ ကိုတင်အောင် ဆီးလည်း ထိန်းနိုင်ပုံမရပါချေ။ မတွေ့ ရသည်မှာ တစ်နှစ်ပင်မပြည့်သေးပါ။ ကိုတင်ဆောင် အိုဇာသွားလိုက် သည့်ဖြစ်ချင်း။ သူ နှင့် ကိုတင်ဆောင် အသက်ကွာလှ လွန်ရောကျွံရော သုံးနှစ်သာရှိမည်။ သူ့ အသက် ၅၅ ဆိုလျှင် ကိုတင်ဆောင် မှာ ၅၈-၅၉ သာရှိဦးမည်။ အဖြူရောင် ဆံပင် တို့ က အညီမညာ ပွရောင်းရောင်း ရှိနေသည်။ မျက်တွင်းများက ချိုင့်ဝင်လျှက် မျက်လုံးများမှာ အရောင်မရှိ မှိန်ဖျော့၍ နေလေ သည်။ ပြုံးလိုက်တော့ ပါးတစ်ခြမ်းက ဘယ်ဘက်သို့ စောင်းရွဲ့ သွားသည်။ မေးရိုးများကလည်း ငေါနေ၏။ မနေ့ ညနေစာလား ဒီကနေ့ မနက်စာလား တော့မသိ ကိုတင်ဆောင့် နှုတ်ခမ်းတွင် ပေရေနေသည်။၊သူ စကားလည်း မပြောနိုင်ပါချေ။ သူ့ ရင်ထဲ နင့်ကနဲဖြစ်သွားသည်။ ကိုတင်ဆောင်က သူ၏ဘယ်ဘက်လက်ကို အသာဆန့် ထုတ်လျက် သူ့ ကို နှုတ်ဆက်ရှာသည်။ သူ့ ကိုတော့ မှတ်မိသေးသည်။ သမီးလုပ်သူက တစ်ချက်သာ ပြုံးပြပြီး ရေနွေးဗန်းသယ်ကာ နောက် ပန်ဝင်သွားသည်။ ပရိသန္တာရ စကားပင်မဆို။ ကိုတင်ဆောင်၏ ပိန်လှီသော လက်ကို ဆုပ်ကိုင်လျက် ဆွံအနေသည်။ ကိုတင်ဆောင် ပြုံးသောအပြုံးက အသက်မပါလှပါချေ။ "နေသာရဲ့ လား ကိုတင်ဆောင်" မေးသာမေးလိုက်ရသော်လည်း ဒီစကားသင့်တော်သည် မသင့်တော်သည် သူမသိပါချေ။ ကိုတင်ဆောင် ပါးစပ်ကိုဟပြီးတစ်စုံတစ်ရာပြောဖို့ ကြိုးစားသော်လည်း အိအိအအ အသံမှ လွဲ၍ စကားလုံးရယ်လို့ ထွက်မလာ။ "ကျွန်မလည်း မအားဘူး ဦးလေးရေ အိမ်မှာ လူမမာက တစ်ဖက် ကလေးတွေနဲ့ အိမ်အလုပ်က တစ်ဖက်နဲ့ " ကို တင်ဆောင့်သမီးက အစမရှိ အဆုံးမရှိစကားကိုပြောလျက် သယ်လာသော ရေနွေးဗန်းကို ဘေးတွင်ချပြီး ပြောပြောဆိုဆို အိမ့်နောက်ဖက် ပြန်ဝင်သွားသည်။ ထို အမျိုးသမီးငယ်အား မော့ကြည့်ပြီး တစ်စုံတစ်ခု ပြောမည်ဟန်ပြင် သော်လည်း မပြောဖြစ်လိုက်။ သူမ နှင့် မရင်းနှီးပါ။ အပြင်တစ်နေရာ၌တွေ့  လျှင် ကိုတင်ဆောင့်သမီးဟုပင် သူသိမည်မဟုတ်။ သူ့ မိတ်ဆွေကိုတင်ဆောင် သည် အလွန်နှုတ်ချို၍ အပြောကောင်းသူတစ်ယောက်ဖြစ်လေသည်။ ကိုတင်ဆောင်က သူ၏ အနည်းငယ်ကွေးနေသော ညာဘက်လက်ကို အသာမပြီး ရင်ဘတ်ပေါ်တင်သည်။ သူ့ ညာဘက် တစ်ခြမ်းလုံး လှုပ်ရှား၍ ရဟန်မတူ။ ဘယ်ဘက်လက်ဖြင့် သူ စကားမပြောနိုင်ကြောင်း ခြေဟန်လက်ဟန်ဖြင့်ပြ၏။ " ကို တင်ဆောင် ကျနော်သဘောပေါက်ပါတယ် အားမနာပါနဲ့ ဗျာ။" ကိုတင်ဆောင့် မျက်လုံးထဲတွင် အားငယ်ဟန် ယူကျုံးမရ ဖြစ်ဟန်တွေ အပြည့်။ " ခင်ဗျားနေသာသလို သာ နေပါဗျာ။" သူ့ အသံတွေ တုန်ရီလို့  နေသည်။ ကိုတင်ဆောင်က ရေနွေးထည့်သောက်ရန် လက်ဟန်ပြရှာသည်။ သူ့ ခေါင်းဦးဘေးတွင် ချထားသော အဖုံးမပါ့သည့် ဗလာစာအုပ်အဟောင်းလေးကို ယူပေးဖို့ လက်ဟန်ပြ သဖြင့် ယူပေးလိုက်ရသည်။ ကိုတင်ဆောင်က အိပ်နေလျှက်က ဘယ်ဘက်လက်ကို အသုံးပြုပြီး ဗလာစာ အုပ်တွင် စာတွေရေးနေသည်။ ကိုယ့် ခန္ဓာကိုယ်ကို ကိုယ်မသယ်နိုင်သည့်ဘ၀၊ ကိုယ်ပြောချင်သည်ကို နှုတ်မှ ထုတ်ဖော်မပြောနိုင်သည့် ဘ၀သို့ ကိုတင်ဆောင် တစ်ယောက် ကံဆိုးခြင်းကြီးစွာရောက်နေပြီ။ "အရမ်းဝမ်းသာ ကျေးဇူးတင် မထိုင်နိုင် တင်ပါးအနာ " "ဧည့်ဝတ်မကျေ တောင်းပန်" ကိုတင်ဆောင် ၏ ပြတ်တေင်းပြတ်တောင်းရေးထားသော စာများကို ဖတ်ပြီး သူ မချိပြုံးပြုံးမိသည်။ "ကိုတင်ဆောင် ဒါတွေ ပြောဖို့ မလိုပါဘူးဗျာ ကျုပ်က ဧည့်သည်မှ မဟုတ်ဘဲ။ ကိစ္စမရှိဘူး လောက၀တ်တွေ မလို ပါဘူး ဗျာ" ကိုတင်ဆောင်က "ဆေး ခေါင်းရင်းမှာ" ဟု ရေးပြသဖြင့် ပလတ်စတစ်အိပ်ဖြင့်ထည့် ထားသော ဆေးထုတ် ကို ယူပေးရသည်။ သူ သောက်ရမည့်ဆေးများကို လက်ညှိုးထိုးပြ သည်။ ဆေးသုံးပြားထုတ်ပေးပြီး ကိုတင်ဆောင့် ပါးစပ်ထဲ အသာထည့်ပေးလိုက်သည်။ ပခုံးကို အသာမထူ၍ ရေနွေးပန်းကန်ကို နှုတ်ခမ်း တွင်တေ့ပေးလိုက်သည်။နောက်ဆုံးရေတစ်ငုံတွင် အသက်ရှူမှားလျှက် ကိုတင်အောင်သီးလေသည်။ ကျောကို အသာသတ်ပေးရင်း ချောင်းတဟွတ်ဟွတ်ဆိုး၍ မောဟိုက်နေသော ကိုတင်ဆောင့်ကို ခဏ ပွေ့  ထားလိုက်ရသည်။ကိုတင်ဆောင်က အမောပြေတော့ သူ့ မိသားစု သာကြောင်းမာကြောင်း မေးရှာသည်။ " နေကောင်းကြပါတယ်ဗျာ ခင်ဗျား နေသာရဲ့ လား ကိုတင်ဆောင်" ကိုတင်ဆောင် ခေါင်းအသာဆတ်ပြသည်။ စာတွေး ရေးပြီး သူ့ ကို ပြပြန်သည်။ " ဆေးတိုက်ပေးလို့ ကျေးဇူးတင် မျိုရခက်" ကိုတင်ဆောင် ကြိုးစားပြီး စာတွေ ရေးနေသေး၏၊ နောက်ဆုံးပြသော စာလုံးတွေကို ဖတ်ပြီး သူ့ ရင်ထဲတွင် စူးရှ နာကျင်သွားမိသည်။ ကိုတင်ဆောင့်မျက်လုံးတွေမှာ မျက်ရည်တွေက တွဲခိုလို့  နှုတ်ခမ်းတွေက တဆတ်ဆတ်တုန်လို့ ။ သူ ကိုတင်ဆောင့် လက်ကို တင်တင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်မိလေသည်။ ရင်ထဲတွင်လည်း ဒေါသ၊ စာနာစိတန်နဲ့ ၊ ၀မ်းနည်းမှုတွေ ရောပြွန်းလျှက် သက်ပြင်းသာလေးလေး ချမိ တော့လေသည်။ "ဆေးသောက် သီးရင် သမီးကရိုက် ရင်ထဲ မကောင်းဘူး ......... "

Copy the BEST Traders and Make Money (One Click) : http://ow.ly/KNICZ

Friday, September 25, 2015

စိတ်ဓာတ်ကျနေရင် ဒါလေး ဖတ်ပါ





ခုသူငယ်ချင်း ကိုပြောပြဖြစ်တဲ့ စကားလေးတစ်ချို့ကို စာဖတ်သူတွေကိုမျှဝေချင်တာပါ၊ လူတိုင်းစိတ်ညစ်ကြ ပါတယ်၊ စိတ်ဓာတ်ကျကြပါတယ်၊ လူငယ်တွေမှာ အများဆုံး စိတ်ဓာတ်ကျ ရတဲ့အကြောင်းကတော့ အချစ်ရေး မပြေလည်လို့ဖြစ်တာ များပါတယ်၊ 

လူလတ်ပိုင်းတွေကြပြန်တော့ အိမ်ထောင်ရေး၊ စီးပွားရေး အဆင်မပြေကြ လို့ စိတ်ဓာတ် ကျ ရတာ များ ပါတယ်၊ လူကြီးပိုင်းတွေကြပြန် တော့ သားသမီးကံမကောင်းလို့ ကျန်းမာရေး မ ကောင်းလို့ စတဲ့ အကြောင်းတွေကြောင့် စိတ်ဓာတ် ကျရပါတယ်၊ 

 တရားဝင်သုတေသန လုပ်ထားတာတော့ မဟုတ်ပါဘူး၊ ဖြစ်လေ့ဖြစ်ထ ရှိတတ် တာလေး တွေကို ခန့်  မှန်းခြေ နဲ့ ပြောပြကြည့်တာပါ၊ မှားသွားရင်လည်း ဆောရီးပါလို့ ကြိုတင်တောင်းပန် ထားပါရစေ၊ 


ဘာပဲဖြစ်ဖြစ် လူတိုင်းဟာ တစ်နေ့နေ့ တစ်ချိန်မှာတော့ စိတ်ဓာတ်ကျ၊ စိတ်ညစ်ကြရတာပဲ မဟုတ်လား

အောင်မြင်ရန် လိုက်နာ ကျင့်သုံး သင့်သော ၁၉ ချက်




အောင်မြင်သော သူတွေမှာ ကောင်းတဲ့ အကျင့်လေးတွေ ရှိပါတယ်။ ဒီလို အကျင့်လေးတွေ ရှိတာကြောင့် လည်း သူများ နဲ့မတူပဲ အလုပ်ကိုအောင်မြင်အောင် လုပ်နိုင်ကြပါတယ်။ သူတို့လုပ်နေကျဟာလေးတွေက ဘာတွေဖြစ်မလဲ ဆိုတာကို လွယ်လွယ် ကူကူ ရှင်းပြပါရစေ။

၀၁. အချိန် ဆိုတာ အမြဲတမ်း လက်ထဲမှာ ထားရှိနိုင်မဲ့ ပစ္စည်းမဟုတ်ပါ။
လူငယ်တွေတော်တော် များများ ဟာ အောင်မြင်ရန် အတွက် တဆင့်ချင်း တတ်လှမ်းဖို့အတွက် အချိန်က အကန့်အသတ် ရှိတယ် ဆိုတာကို သိထားဖို့လိုပါတယ်။
 

ကုမ္ပဏီ ဝင်ချိန် ကတော့ အတူတူဖြစ်ပေမဲ့ သူ ကတော့ တဖြည်းဖြည်း ရာထူးတွေ တတ်သွားတယ် လို့မြင်နေရသော သူကတော့ ကြိုးစားဖို့လိုပါလိမ့်မယ်။

၀၂. ဥာဏ်ကောင်းက အကြောင်းမဟုတ်ပါ။

လရောင် အောက်က တောခွေးများ











အိမ်ပေါက်စေ့ မုန့်ညင်းစေ့ ရှာသလို
ပြက္ခဒိန်ထဲ
သေနတ် တချက် မပေါက်ဖူးတဲ့နေ့ရက် တရက်ကို
အိပ်မက်ရင်း နဲ့လိုက်ရှာ...

ကြာလာတော့
ကိုယ့် အနာဖေး ကိုယ် ထိုင်ခွာနေရတာ ကိုပဲ
အရသာ တခုလိုဖြစ်လာ.....

ဒဏ်ရာ ကင်းမဲ့တဲ့ သူရဲကောင်း ဆိုတာ
လိမ်ညာဖြီးဖြန်းသူပဲဖြစ်လိမ့်မယ်...လို့ အဆိုရှိလေရာ

 မနက်တုံး ဆီက ကြော့ဆုံးမှာ
နှင်းဆီဟာ ခွာလိပ်လို့

အချစ်ဆုံးရေ
စစ်ရှုံးတာလည်း
နှစ်သုံးဆယ် မပြည့်သေးပါဘူး
နွားရိုင်းသွင်းချိ န်လည်း ဆုံးပြီ

ညီအကို လုံးလုံး မသိတော့ဘူး..
 လရော င်နဲ့ထောင်ဖမ်းဖို့
သားရဲတွင်းနှုတ်ခမ်းဝမှာ
လမင်း က ဓားရိုးကမ်းလို့.....။ ။
သစ်ကောင်းအိမ်
(၀၉ ၊ ၁၈ ၊၂၀၁၁)

အေးမြတေးသံ

http://myanmarschoolsproject.org/wp-content/uploads/2014/02/cover-2.png


*        မှောင်နှင့် မည်းမည်း၊ တောနက် ထဲဝယ်
          ခက်ခဲ မတ်စောက်၊ ကွေ့လိမ်ကောက်သော
          တစ်ယောက် သွားသာ၊ လမ်းမှ လာ၍ ---- ။
*        ဝက်ဝံ သစ်ကျား၊ သားရဲ များ၏
          ကြီးမား အန္တရာယ်၊ အသွယ်သွယ် ကို
          သွေဖယ်ရှောင်ကွင်း၊ ရဲစိတ် သွင်း၍ ---- ။
*        နှစ်ရက် သုံးရက်၊ ရက်ဆက် ခရီး
          အရှည်ကြီး ကို၊ ငြီးငွေ့မောဟိုက်
          ရင်ထဲ လှိုက်ဖို၊ စိတ်ထဲ ငို၍ ---- ။
*        ပညာဝေငှ၊ စာသင်ပြဖို့
          ဝေးလှသီခေါင်၊ သည်ရပ်ချောင် သို့
          တောတောင်ဖြတ်ကာ၊ ရောက်ခဲ့ ရာဝယ် ---
          ရင်မှာ မချိ၊ ညည်းတွား မိလည်း ---- ။
*        ကျောင်းတော် သာမှ၊ အေးချိုမြသော
          ကြားရ ပီယံ၊ ခေါင်းလောင်း သံနှင့်
          ညံညံ ပဲ့တင်၊ တေးသံရှင် တို့
        
  “မင်္ဂလာပါ၊ တို့ ဆရာ” ဟု
          ညီညာသီကြွေး၊ မေတ္တာတေးကြောင့်
          ချွေးစက်ခြောက်ခမ်း၊ ရင် အနွမ်းတို့
          ငြိမ်းချမ်း လွင့်ပြယ်ခဲ့ပြီတည်း။    ။
Written by ကိုမျိုး (ဇလပ်မြေ)
ပညာတန်ဆောင် မဂ္ဂဇင်း
အတွဲ (၄၈) အမှတ် (၅)၊ မေလ၊ ၁၉၉၉ ခုနှစ်

ဖုန်း ကို တစ်ချိန်လုံး ပလပ် ထိုးထားတာ ဘက်ထရီ ပျက်စီးစေတတ် ပါသလား ?

  ဖုန်းကို မည်မျှ ကြာကြာ အားသွင်းသင့် သလဲ ? ဟူသော မေးခွန်း သည် မိုဘိုင်းဖုန်း များ စပေါ် ကတည်းက လူသားတွေ မေးလာ ကြသော မေးခွန်း ဖြစ်သည်။ ယခု ထိလည်း မေးနေကြဆဲ၊ ရှုပ်ထွေးနေ ကြဆဲ လည်း ဖြစ် သည်။

လူများစုကြီး ကား မနက် ဖုန်းဘက်ထရီ အပြည့် နဲ့ အပြင် ထွက်သွားပြီး ညအိမ်ပြန် ရောက်ရင် အားကုန် နေ သည့် ဖုန်း ကလေးတွေ ပြန်ပါလာ တတ်သည်။ ညအိပ်ရာ ၀င်တော့ ဖုန်း ကို ပလပ်ထိုး အားသွင်းပြီး အိပ် လိုက် တော့သည်။ မနက်နိုး လာလျှင် လူလည်း အားပြည့်၊ ဖုန်းလည်း အားပြည့်နေ လိမ့်မည်။
 
ဖုန်း ကို တစ်ညလုံး ပလပ်ထိုး အားသွင်း ထားတာ အန္တရာယ် မများဘူးလားဟု မေးချင်ကြ လိမ့်မည်။ သုံးလေး နာရီလောက် အားသွင်း လျှင် ဘက်ထရီ ပြည့်ပြီ ဖြစ်ရာ အားပြည့် ပြီးနောက်မှာပင် တစ်ည လုံး ပလပ်ဆက် ထိုး ထားခြင်းဖြင့် ဘက်ထရီတွေ ပူပြီး ပေါက်ကွဲ စေတတ် သလား စိတ်ပူသူ များလည်း ရှိသည်။ ထိုသို့ အားပြည့် သွားပြီးသည့် တိုင် အကြာကြီး ပလပ် ထိုးထားခြင်းကြောင့် ဘက်ထရီ ပျက်စီးစေ နိုင်သလား စိုးရိမ်သူ များလည်း ရှိသည်။

ဖုန်းဘက်ထရီ နဲ့ ပတ်သက်ပြီး အကြံပေးချက်တွေ ကလည်း အမျိုးမျိုး ဖြစ်နေသည်။ မယုံလျှင် အင်တာနက် ခေါက် ကြည့် ပါ။ 

တစ်ခုနှင့် တစ်ခု ဆန့်ကျင်ဖက် ဖြစ်နေသော အကြံပြုချက် အများအပြား ကိုပါ တွေ့ရ လိမ့်မည်။

ရေချိုး ရင်းနဲ့ ကိုယ်ဟာ ဘယ်လို လူမျိုးလဲ ဆိုတာ စစ်ကြည့်ကြရအောင်။


 (၁) ခြေထောက် ကနေစပြီး ရေလောင်း ချိုးတဲ့သူ.....
****************************************
ကိုယ့်ကို ကိုယ် ယုံကြည်ချက် လွန်ကဲသော သူ၊ တကိုယ်ကောင်း ဆန်တဲ့ အတွေးတွေ ရှိတတ် ပါတယ်။ သူတပါး ရဲ့ထင်မြင်ချက် ကိုလည်းလက်ခံ တက်ဖို့လိုပါတယ်။
(၂)လက် ကနေ စပြီး ရေလောင်း ချိုးတဲ့သူ.....
*************************************
သူ ကတော့ အချွဲ သန်တက်ပြီး တယောက် တည်းနေရ မှာကို သိပ်ကြောက် တတ် ပါတယ်။ 
ဒါပေမဲ့ ပျော်ပျော်နေ တတ် တဲ့ အတွက် သူငယ်ချင်းတွေ များများ ရအောင်ကြိုးစားပါ။

(၃)ခေါင်း၊ ဆံပင် ကနေ စပြီး ရေလောင်း ချိုးတဲ့သူ....
*****************************************
သူကတော့

လက်ဖဝါး ပေါ်ရှိ နှလုံး လမ်းကြောင်း ကပြောသော သင့် အကြောင်း

သုတဇုန်'s photo.

 


လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်ကျော်လောက် ကတည်း က လက္ခဏာ ပညာရပ် ဆိုတာ ရှိခဲ့တာပါ။ လက်ဖဝါးပေါ်မှာ ရှိတဲ့ အရေး အကြောင်းလေးတွေ က တစ်ဆင့် ကျွန်ုပ်တို့ ရဲ့ ပင်ကိုယ် စရိုက်
လေးတွေ နဲ့ စိတ်နေ စိတ်ထားလေးတွေ ကို ခန့်မှန်းတဲ့ ပညာရပ်ပေါ့။


ပုံမှာဖော်ပြ ထားတဲ့

သင့် မှာ ဘာလမ်းကြောင်းလေးတွေ ပါလဲ???



 

******  သင့် ရဲ့လက် မှာ ဘာ လမ်းကြောင်းလေးတွေ ပါလဲ ဆိုတာ ကို ရှာကြည့် ရအောင်နော်။

အိမ်ရှင်မ များ အတွက် လက်ဆောင်





(၁) ပုရွက်ဆိတ်တွေကြောင့် စိတ်ညစ်နေပါ သလား?
 ပုရွက်ဆိတ်တွေ က သခွားသီးကို မုန်းတယ်လေ။ ဒါကြောင့် သခွားသီး အခွံ တွေကို ပုရွက်ဆိတ် အိမ် (အသိုက် အအုံ) နားမှာ ချထားပေး လိုက်ပါ။


(၂) ရေခဲရေ သန့် သန့် သောက်ချင် ပါသလား ? 
ဦးစွာ ရေနွေး ပွက်ပွက်ဆူအောင်ကြိုပါ။ ပြီးရင် အအေးခံပြီးတော့ သင့်တော်ရာ ပုလင်းထဲ ထဲ့ပြီး ရေသေတ္တာ ထဲ ထဲ့ လိုက်တော့ ရေခဲရေ သန့် သန့် ရပြီပေါ့။


(၃) မှန်တွေ ကြည်ကြည် လင်လင်ဖြစ်ချင်ပါ သလား ? 

သကြား တစ်ပန်းကန်၊ ဓာတ်ဗူး တစ်လုံး နဲ့ ဖျာတစ်ချပ်


ကျွန်တော်တို့ လူသိုက် ကို ရွှေကွယ် ရွာသူကြီး ကိုယ်တိုင် ရွာပြင်ထွက် ကြိုခဲ့သည်။ 
ကျွန်တော်တို့နှင့် အတူ လိုက်ပါလာ သည့် တလိုင်း ကရင်ရွာသူကြီး ဦးအောင်က လမ်းလျှောက် စကားပြောစက် ကတစ်ဆင့် ရွှေကွယ် ရွာသူကြီး ထံ ကြိုတင် အကြောင်းကြားခဲ့ သဖြင့် အခုလို ရွာပြင်ထွက်ပြီး ကြိုဆိုခဲ့ ခြင်း ဖြစ်သည်။ 
ထို့ပြင် မာနယ် ပလော ဗဟို ဌာနချုပ် အသံလွှင့် ဌာနမှ သတင်းထောက် တစ်ဦးလည်း လိုက်ပါ လာသည်ဆိုသည့် သတင်းကြောင့် အခုလို ရွာသူကြီး ကိုယ်တိုင် လာရောက် ကြိုဆိုခဲ့ခြင်း ဖြစ်တန်ရာသည် ဟု ကျွန်တော် တွေးမိသည်။
 
ကျွန်တော်တို့ လူသိုက် ရိုးတစ်ခု အကျော် သစ်ပင်တောတန်း တစ်ခု အတွင်း ၀င်လိုက်စဉ် လူသုံးယောက် ကို တွေ့ရ၏။ လူတစ်ယောက် က အရပ်ပုပု။ မဲညစ်ဟောင်းနွမ်း လျက်ရှိပြီဖြစ်သော တဘက်ဖြူ တစ်ထည် ကို ခေါင်းတွင် ပတ် ထား၏။ 

ပုဆိုးစ က ဒူးဆစ် အထိ တက်လျက်။ ခါးပုံစ က အပြင် ကို တံတောင် သာသာ ကျ လျက်။ ပါးစပ် က ကွမ်းကို ပလုပ် ပလောင်း ၀ါးလျက်။ စွပ်ကျယ် လက်ပြတ် အသစ်ကျပ်ချွတ် ကို ကိုယ်ကျပ် ၀တ်လျက်။ 

 ရွှေကွယ် ရွာသူကြီး ၏ ရုပ်ပုံလွှာ မှာ

ပရော်ဖက်ရှင်နယ် ဆိုတာ--

 ကျွန်တော်ဟာ ၀ယ်ပြီး ခါစ Levi's ကို ဆွဲပြီး Shopping Mall ထဲက ထွက်လာတယ်..။ အပေါက်ဝ မှာ
သူငယ်ချင်း တစ်ယောက် ကို စောင့်နေတုန်း professional သူတောင်းစား တစ်ယောက်  ကျွန်တော့် ကို တွေ့ သွားတယ်.။ ကျွန်တော့်ရှေ့မှာ လာရပ်တယ်..။


"ညီလေးရယ်.....သနားပါကွယ်..။ နည်းနည်းလောက် သနား ခဲ့ပါ" ကျွန်တော် လည်း ပျင်းပျင်း နဲ့
အိပ်ကပ် ထဲ က အကြွေစေ့ တစ်စေ့ ထုတ်ပေး လိုက်တယ်.။ ပြီးတော့ သူနဲ့  စကားပြောဖြစ်သွား တယ်.။ အဲဒီ သူတောင်းစား က အရမ်း စကားပြောလို့ကောင်းတယ်.။ 


".........ကျွန်တော် က ဒီဘက် တစ်ကြောမှာပဲ တောင်းဖြစ်တယ်.။ သိလား။ ခင်ဗျား ကို ကျွန်တော်  အစော တည်း က တွေ့တယ်။ ဒီ Shopping Mall မှာ Levi's ၀ယ်တည်း က ပိုက်ဆံ မနှမျောဘူးဆိုတာ  ကျွန်တော် သိတယ်..............."

ကျွန်တော် အရမ်း အံ့သြသွားပြီး ပြောမိတယ်..."ခင်ဗျား နားလည် တာ များသားပဲ..""သူတောင်းစား လုပ်တယ် ဆိုတာလဲ၊ သိပ္ပံနည်းကျ လုပ်ရတယ် ဗျ"လို့သူကပြောတယ်..။
ကျွန်တော်ကြောင် သွားတယ်...။

နေ၇ာမှန်





(၁) 
၁၉၉၀ ပြည့်လွန် ကာလမှ နှစ်တစ်နှစ်ဖြစ်သည်။

 "မီးဗျိုး မီး မီး" အလန့်တကြားနှင့် အော်ဟစ်သံ များ သတိပေး သံများ မီးသတ်ကား သံများ စသည့် စသည့် အသံ များသည် ပတ်ဝန်းကျင် တစ်ခုလုံး ဆူညံပွက်လော ရိုက်နေသည်။ 

"မလွယ်ဘူး မလွယ်ဘူး

 အေးချို မီး က တို့ဘက်ကို အတော်ရောက် လာပြီ
 နောက်ဖေးလမ်းက ကိုလှမြင့် တို့အိမ်ကို ကူးနေပြီဟ"
 "ဟင် ဟုတ်လား"

 ပြတင်းပေါက်ကနေ ကြည့်ရင်း ဦးချိုအေး ပြောသော စကားကို ဒေါ်အေးချို တစ်ယောက် အလန့်တကြား တုန့်ပြန် လိုက်သည်။ တကယ်တော့

တံဆိပ်ကပ် မှားတဲ့ ခေါင်းစဉ်



 လောကကြီး မှာ တစ်ခါ တစ်လေ ကိုယ်က လိမ္မာလှ လို့ မဟုတ်ပေမဲ့ မိုက်ဖို့ အခြေအနေပေး မလာတဲ့ အခါ ... ။ ကိုယ့်ရဲ့ လူမိုက် အကြံ ကို ဘယ်သူမှ မသိလိုက် ဘဲ လူလိမ္မာ လို့ အထင်ခံရတဲ့ အခါ...။ အကြောက် လွန်ပြီးတွေဝေနေရာ က စဉ်းစားဥာဏ် ရှိသူလို့ မတော် တဆ အချီးကျူး ခံရပြီးတဲ့ အခါ...။ 

ပတ်ဝန်းကျင် က ကပ်လိုက်တဲ့ တံဆိပ် တစ်ခုအောက် မှာ အလိုက်သင့် အလျားသင့် နေမိတဲ့ သူတစ်ယောက် ကို ဘယ်လို ခေါင်းစဉ် တပ်ရင်ကောင်းမလဲ။

  “ သမီး ကညာ အခါ မလင့်စေနှင့်” တဲ့။ 
ခုပဲ နွယ့် အသက်က သုံးဆယ်နား ကပ်လာပြီ။

လွမ်းညို့သွေးတဲ့ ဆောင်းလေပြေ



မနက် မိုးလင်းလို့ မျက်စိ ဖွင့်လိုက်ပြီ ဆိုတာနဲ့  မျက်စိရှေ့  မှာ မောင့်ကို  အပြေးအလွှား လိုက်ရှာ တတ်တာ အကျင့်ဖြစ်နေခဲ့ ပါပြီ။ မောင်အေးချမ်း စွာ အိပ်စက်နေတယ် ဆိုတာ ကို မြင်ရတော့ မှ ကျွန်မ အိပ်ယာထဲ ကနေ အသံ မထွက်အောင် ဖယ်ခွာ ခဲ့ပြီး လုပ်ရိုး လုပ်စဉ် ကိစ္စတွေ နဲ့ နေ့ သစ်တွေ ကို နှုတ်ဆက်ရ စမြဲပေါ့။ 

တစ်ခါ က ကျွန်မ ညဘက် စာရေးနေ လို့ အိပ်ယာ ၀င်တာ သိပ်နောက်ကျ သွားခဲ့ပြီး

ထူးဆန်းသော ရွာကြီး ရဲ့ နောက်ကွယ် က တစ္ဆေ ကလဲ့စား



ရန်ကုန်မှ ထွက်လာသော ရထား သည် အရှိန် အဟုန်ဖြင့် မော်လမြိုင်မြို့သို့ ဦးတည်နေသည်။ ရထားပေါ်ရှိ ခရီးသည် များမှာ တစ်ယောက် တစ်ပေါက် စကားပြောနေသော သူကပြော၊ အနား ယူနေသူ ကယူ၊ စာ ဖတ်နေသော သူက စာဖတ်ဖြင့် ခပ်ငြိမ့်ငြိမ့် လိုက်ပါ လာကြသည်။ 

ထို ခရီးသည် များထဲတွင် ဆရာဝန် များ ဖြစ်သော ဒေါက်တာ ဦးမင်းထင်ကျော်၊ ဒေါက်တာကေသွယ် ၊ နောက်ပြီး ဆေးကျောင်းသား များ ဖြစ်ကြသော ရွှေအိုရောင်၊ ထက်မြက်၊ ဉာဏ်လင်းအောင်နှင့် အကူ နာ့စ်ဖြစ်သော ရဲရင့်တို့ ပါဝင်လေသည်။ 

၎င်းတို့ လူစုသည် မိမိတို့ မရောက်ဖူးသော ဒေသသို့ ခရီးထွက် လာရခြင်းကြောင့် ရင်ခုန်စွာ တက်ကြွပျော် ရွှင်နေကြသည်။ ရထားပြတင်း မှ တဟုန်ထိုး ဖြတ်ဝင် လာနေသော လေတိုက် သံ၊ ရထား သံလမ်း ပွတ်သံ တို့နှင့် အပြိုင် ၄င်းတို့ ၏ စကားသံ များကလည်း မြိုင်ဆိုင် ကြည်မွေ့နေကြသည်။

ရွှေအိုရောင်။  ။ ဟဲ့.. ခု ငါတို့ သွားရမယ့် ရွာက ဘယ်လိုကြီးတုန်း

အဖေ နဲ့ ပတ်သက် တဲ့ အမှတ်တရတွေ





ယခု တစ်ပတ် ၀တ္ထုတို အသစ် ကဏ္ဍ အတွက် Nyein Thwin ဟု အမည် ရသည့် Facebook Account ပိုင်ရှင်ပေးပို့ လာသည့် အဖေနဲ့ ပတ်သတ်တဲ့ အမှတ်တရတွေ အက်ဆေး ကိုရွေးချယ်ဖော်ပြလိုက်ပါသည်။ 

အဖေနဲ့ ပတ်သတ်ပြီး ပထမဆုံး ကျွန်တော် မှတ်မိတာ အိမ်ခန်းထဲ က စစ်ခြင်ထောင်ကြီး တစ်ခုထဲမှာ ။

ကာ လ အားဖြင့် ၈၈ ၀န်းကျင် လို့ ထင်ပါတယ်။ အဲဒီအချိန်က ကျွန်တော်တို့ မိသားစု တစ်စုလုံး ၀ဲခြောက်တွေပေါက်ကြ တယ်။ အဲဒီ ၀ဲတွေ ကုတ် ရတာလည်း ဇိမ် တစ်မျိုးပဲ ။ ဒါပေမယ့် ရေချိုးတဲ့ အချိန် အင်မတန် စပ်တယ်။

 နောက်ပြီး ပုစွန်တို့ ၊ အမဲသား တို့ ရှောင်ရတော့ ဟင်းကောင်းကောင်း မစား ရဘူး ။ ဒီလို နဲ့ ဇိမ်ရှိရှိ ကုတ် ရပေမယ့် ကြာတော့ အဲဒီရောဂါ ကို ပျောက်ချင် လာတယ် ။ အဖေ က ကျွန်တော် သိသလောက် ငှက်ပျော ရွက် အခြောက် ကို မီးရှို့ပြာချပြီး ပင်နီဆီလင် နဲ့ ရောတယ် ။  နောက်

အိုင်တီ သမားတိုင်း သိမှတ် သင့်သော အရာများ



(၁) GSM ဆိုတာကတော့ Global System for Mobile Communication ဖြစ်ပါတယ်။

(၂) CDMA ဆိုတာကတော့ Code Divison Multiple Access ဖြစ်ပါတယ်။

(၃) MP3 ဆိုတာကတော့ MPEG player 3 ဖြစ်ပါတယ်။

(၄) MP4 ဆိုတာကတော့ MPEG-4 video file ဖြစ်ပါတယ်။

(၅) PDF ဆိုတာကတော့ Portable Document Format ဖြစ်ပါတယ်။



Android ဖုန်း ဘာကြောင့် လေးလံလာရသလဲ...???

Android ဖုန်းတွေကို ၀ယ်ကာစကတော့ သုံးရတာသွက်သွက်လက်လက်ပါပဲ ။ ဒါပေမယ့် ၀ယ်ပြီး တစ်လ (သို့မဟုတ်) ရက်သတ္တပတ်များစွာအကြာမှာတော့ ဖုန်းရဲ့ performance က အနည်းငယ်ကျဆင်းစပြုနေပါပြီ။

ဘာကြောင့် လေးလံလာရသလဲ ?
အဓိကအကြောင်းအရင်းကတော့  ဖုန်းထဲမှာဆော့ဝဲပေါင်းများစွာ
တစ်ပြိုင်နက် run နေကြတဲ့အချက်ဖြစ်ပါတယ်။ ကိုယ်က ဆော့ဝဲကိုဖွင့်မထားပေမယ့်လည်း ဖုန်းထဲကဆော့ဝဲတစ်ခုကိုအသုံးပြုပြီးတိုင်း ဆော့ဝဲထဲကနေ ပြန်ထွက်သော်လည်း Android OS က ယင်းဆော့ဝဲကိုအပြီးတိုင်ပိတ်မပေးပါဘူး ။ နောင်တစ်ချိန် ဒီဆော့ဝဲကိုပြန်သုံးတဲ့အခါ လျင်လျင်မြန်မြန်နဲ့တက်လာစေရန်အတွက်ဖြစ်ပါတယ်။ ဒါပေမယ့် ယင်းကဲ့သို့ ဖုန်းထဲမှာဆော့ဝဲတွေတစ်ပြိုင်နက် run ကုန်တဲ့အခါကျတော့ ဖုန်းက သုံးရတာနှေးလာပါတယ်။ ဖုန်းမှာ ပါဝင်တဲ့အတွင်း hardware ပစ္စည်းတွေရဲ့လုပ်ဆောင်နိုင်စွမ်း ၊ quality ကလည်း ဖုန်း performance ကျဆင်းရခြင်းရဲ့အကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်။

ဒါဆိုရင် အသုံးပြုရတာ ပြန်လည်ကောင်းမွန်လာအောင် ဘာတွေလုပ်ရမလဲ?

New Black List Method (လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ မှားယွင်းနေပါတယ် လုပ်နည်း)

လူကြီးမင်းခေါ်ဆိုသောဖုန်းမှာမအားသေးပါရှင် ဆိုတာက ရိုးလွန်းတယ်ဗျာ ဒီတစ်ခါ အဆန်းလေးလုပ်ကြည့်ရအောင်
လူကြီးမင်းခေါ်ဆိုသောဖုန်းနံပါတ်မှာ မှားယွင်းနေပါတယ်ပေါ့၊ အိုကေ Let Start the Party :P


1 : Phone ထဲကိုဝင်ပါ၊

2 : အောက်ကမျဉ်းသုံးကြောင်းကိုနှိပ်

Thursday, September 24, 2015

သင် ၏ မွေးနေ့ မွေးရက် က ပြောသည့် သင့် အကြောင်း

 Lwin Pyin's photo.


စိတ်ဝင်စားဖို့ ကောင်းပါသည်။ ပထမဦးစွာ သင် ၏ မွေးလနှင့်မွေးရက် အား မည်သည့် အကောင် က ကိုယ် စားပြုသည် ကို ရှာဖွေရန်ဖြစ်ပါသည်။ 
ဆိုလိုသည် မှာ သင် ၏ မွေးနေ့သည် မတ်လ ၂၅ ရက်နေ့ ဆိုပါစို့။ အောက်တွင် ဖော်ပြထားသည့် အချက် 
များ  ထဲတွင် ရှာဖွေသော အခါ မတ်လ ၂၅ ရက် သည် ကြောင် ဟူ၍ တွေ့ရပါလိမ့်မည်။ 

ရှင်းလင်းချက် များမှ ကြောင်နှင့် ပတ်သက်၍ ရှင်းပြထားသည့် အချက်များ ကို ဖတ်ရှုပြီး သင်၏ အမူအကျင့် 
များ၊ အကျင့်စရိုက် များနှင့် တိုက်ဆိုင်မှု ရှိ /မရှိ စစ်ဆေးနိုင်ပါသည် ။ ပျော်ရွှင်ဖွယ် ဖြစ်လိမ့်မည် ဟု မျှော်လင့် 
ပါ သည်။

သူဌေးတွေ နဲ့ သာမန် လူတွေ တွေးခေါ်ပုံ ဘယ်လို ကွာခြားသလဲ


SFJ Strategy First Journal's photo.၁။ သာမန် လူတွေက ပိုက်ဆံ စုဖို့ပဲ စဉ်းစားတယ်၊ သူဌေးတွေ ကတော့ ပိုက်ဆံ ဘယ်လို ၀င်အောင်လုပ်မလဲ ဆိုတာ ကိုပဲ စဉ်းစားကြတယ်။
 

ကျွန်တော်တို့ ကို ငယ်ငယ်လေးကတည်း က ပိုက်ဆံ စုဖို့သင်ပေးကြပါတယ်။ သင်ဟာ တစ်လ ကို ၅ သိန်းရ တယ် ဆိုပါတော့၊ လတိုင်း ၁၀ ရာခိုင်နှုန်း စုရင် တစ်နှစ်ပြည့်ရင် ၆ သိန်း ပဲ စုမိ မှာဖြစ်ပါတယ်။ ဒီလိုဆိုရင် ဘယ်တော့မှ သူဌေးဖြစ်မှာ မဟုတ်ပါဘူး။
 

သူဌေးတွေ ဟာ စုတော့ စုပါတယ်၊ ဒါပေမဲ့

ရာဇ၀င် ထဲက သတို့သမီး သို့မဟုတ် စောမွန်လှ

 New Myanmar News's photo.


 မောဘုရင် စ၀်ဖှလုံဟိုမိန်း နှင့် စယ်လန့် မင်းသမီးလေး အကြောင်း ပါလို့ ပေါင်းဖက်ရာက အမွာပူးမောင်နှစ်မ နှစ်ယောက် ကို မွေးဖွား လာခဲ့ပါသည်။ စောမွန်လှ သည် အကြီးဖြစ်ပြီး မောင်တော် ခွန်ကော်လန်း သည် ငယ်ဖြစ်သည်။

စောမွန်လှ ကို မွေးဖွားချိန်၌ မိန်းမောလုံ နန်းတွင်း မှာ ရှိသည့် စစ်လက်နက် ပစ္စည်းများ အားလုံးတို့သည် အရောင်ဖြိုးဖြိုး ဖြောက်ဖြောက် များ လင်းလက်ပြီး လုပ်ရှား ခါရမ်း နေခြင်းဖြစ်သည်။ (ထိုသို့ဖြစ်ခြင်းကို သျှမ်း ဘာသာ အရ လတ်လှိုင်း တယ် လို့ခေါ်ဆိုပါသည် ။ 

အဓိပ္ဗါယ် ကတော့

Wednesday, September 23, 2015

စေတနာ ပဲ့တင်သံ

ကျွန်တော် တောကျောင်း ကနေ မြို့ကျောင်း ကိုပြောင်းလာပေမယ့် မြို့ပေါ်ကျောင်း မှာ နေရတာ မဟုတ်ဘူး။ မြို့နဲ့ မနီးမဝေး မူလတန်းကျောင်းလေး ကို ရောက်လာတယ်။

 လေးတန်း အတန်းပိုင် တာဝန် ယူရတယ်။ ကျောင်းက ယိုင်တိုင်တိုင် စုတ်ချာချာ။ မိုးရွာ လေတိုက်ရင် မိုး လွတ် တဲ့နေရာ ခိုနေကြရတယ်။

ကျွန်တော့်လေးတန်း မှာ ကျောင်းသား ၂၄ ယောက် ရှိတယ်။ အဲဒီခေတ်

EQ နဲ့ IQ အကြောင်း

ကျနော်တို့ ငယ်ငယ်က I.Q ဆိုတဲ့ ဝေါဟာရ တော်တော် ခေတ်စား တာ မှတ်မိသေးတယ်။
I.Q ဆိုတာ Intelligent Quotient ဥာဏ်ရည် ကို တိုင်းတာတဲ့ အညွှန်းကိန်းပေါ့။
 

I.Q မြင့် ရင် ဥာဏ်ကောင်းတယ်ပေါ့ .. စာတော်တဲ့သူ။ ကျောင်းမှာ ထူးချွန်တဲ့သူ ဆို ရင် I.Q မြင့်တယ်လို့ ပြောကြတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်။ ၁၅ နှစ် လောက်က စပြီး E.Q ဆို တာ ခေတ်စားလာတယ်။

 E.Q ဆိုတာ Emotional Quotient ။ လွယ်လွယ်ပြောရင် မိမိ ရဲ့ စိတ်ခံစားမှု ကို ထိန်း သိမ်းနိုင် တဲ့ စွမ်းရည်။ တနည်း စိတ် ရင့်ကျက်မှု အညွန်းကိန်းပေါ့။ 

ဘာလို့လဲ ဆိုတော့ အောင်မြင်တဲ့ သူတွေ ရဲ့  I.Q ရော၊ E.Q ရော တိုင်းကြည့်တဲ့ အခါ

ရတနာ နတ်မယ်

 ရတနာ နတ်မယ် ဆိုတဲ့ အမျိုးသမီးအကြောင်းကို ငယ်ငယ် က ကြားဖူးတုန်း ကတော့ အရမ်းချော အရမ်းလှတဲ့ အမျိုးသမီးတစ်ယောက်၊ ဦးနေ၀င်း ရဲ့ ဇနီး ပြီးတော့ သူလျှို လိုလို ဘာ လိုလို ဇာတ်လမ်းတစ်ခုပေါ့။ အခု ကြီးလာတော့ ရတနာ နတ်မယ် အကြောင်းကို အခုလို သိခဲ့ရပါတယ်။

ရတနာ နတ်မယ် ဟာ ကနောင် မင်းသား ရဲ့ မြစ်တော်ဖြစ်ပါတယ်။ ကနောင် ရဲ့ သားတော်

ချဉ်ဖတ်

ဘယ်အချိန်ဖတ်ဖတ် ရိုးအီမသွားတဲ့ ဒီစာလေး ကို အရမ်းကောင်းလို့ ပြန် Share ပါရစေ။ စာဖတ်ပျင်းတဲ့ သူတစ်ယောက် ဆိုရင်လည်း အချိန် ခဏလောက်ပေးပြီး ဖတ်စေချင်တယ်။ စိတ်ထဲ တစ်ခုခုတော့ ကျန်ခဲ့စေမှာပါ။တစ်ခုတော့ သတိပေးပါရစေ နှလုံးရောဂါ ရှိသူများမဖတ်ပါနဲ့။

Maung Myat Noe's photo. ချဉ်ဖက်
~~~~~
"ပြေးထားကွ"
"ပြေးကွ"
"မြန်မြန်ပြေးလေကွာ"
"ပြေးပါဟ"
ကျောင်းသားလေးတွေပြေးနေကြ တဲ့ အပြေးပြိုင်ပွဲလေး တစ်ခု။ ဆရာ၊ ဆရာမတွေ၊ အတန်းဖော် ညီအစ်ကို မောင်နှမတွေ ရဲ့ အားပေးမှုတွေ နဲ့ ကလေးတွေ ပြေးနေကြတယ်။ ပန်းဝင် ခါနီးပြီ။
ထိပ်ဆုံးမှာပြေးနေတာ နှစ်ယောက်ထဲ တစ်ယောက် က အတန်းထဲ မှာ နာမည်ကြီး စာ အတော်ဆုံး၊ ဆရာမတွေ အချစ်ဆုံး မောင်ထိန်ဝင်း။ သူ့ဘေးမှာ ကပ်ပြေးနေတာ ကတော့ ကျောင်း ချဉ်ဖတ်၊ ထပ်ရှင်းအောင်ပြောရရင် စာမတော်ဘူး၊ ဆရာမတွေ အမြင်ကပ်ကြတယ်။ 
ခိုင်းရင် လုပ်ချင်မှ လုပ်တတ် လို့လေ။ ဒါပေမယ့် သူငယ်ချင်းတွေ ကတော့ အရမ်းချစ်ကြတယ်။ သူ့နာမည် က မောင်ကြည်လင် ။ နာမည်နဲ့ လူနဲ့ က သိပ်မကိုက် အသား က ခပ်ညိုညို၊ မျက်နှာလေးထောင့် နဲ့ ထူးခြား တာက အမြဲပြုံးနေတတ်သူ။ သို့သော် ပြဿ        နာကောင်လေး။ နာမည်ပင် ပျောက်နေပြီ။ ချဉ်ဖတ်တဲ့ ။
ပရိသတ်ထဲ မှာ အသံ အထွက်ဆုံး က -
"ထိန်ဝင်းကွ ..... ပြေးကွ ..... မင်းနိုင်ရမယ်ကွ"
ကျောင်းသားလေး တစ်သိုက် ကတော့ -
"ချဉ်ဖတ် ပြေးထားကွ ..... ဒီကောင့်ကို အနိုင်ယူပြလိုက် စမ်းကွ"

ထိုစဉ် မှာပင် မောင်ထိန်ဝင်းခြေခေါက်ပြီး တလိမ့်ခေါက်ကွေး ပစ်ကျ သွားကာ ဂျွမ်းတွေ ပင်လေးငါး ပတ်လောက် ထိုးသွားတယ် ထင်ရတယ်။ ပြိုင်ဘက် မရှိ တစ်ဦးတည်း ပန်းဝင်ဖို့ ချဉ်ဖတ် အခွင့်အရေး ရလိုက်ပါတယ်။ ကြိမ်းသေကို ရနေပြီ။



အားပေးနေတဲ့ကျောင်းသား၊ ကျောင်းသူတွေ နဲ့ ဆရာ၊ ဆရာမတွေထံ မှ "ဟာ"ဆို တဲ့ အသံကြီးကို အလွန်ပင် ကျယ်လောင်စွာ ကြားလိုက်ရပါတယ်။ သူတို့တွေ က ထိန်ဝင်း ကိုသာ နိုင်စေချင်စိတ် ကြီးစိုးနေချိန် မထင် မှတ် ပဲ အရှုံးနဲ့တွေ့ရမည် ကို အလွန်ပင်နှမြော ၍ ထွက်လာသော အသံ ဖြစ်လိမ့်မယ်။
"ဟင်"
 
ဒီအသံ က ပိုကျယ် သွားခဲ့ပါတယ်။ ဘယ်သူမှ မထင်မှတ် ထားတဲ့ အပြုအမူ၊ မြင်ကွင်းတစ်ခု ကို တွေ့လိုက် ရ၍ဖြစ် ပါတယ်။

ပျော်ရွှင်မူ အတွက် နည်းလမ်းကောင်းလေးများ

ကျန်းမာရေး ကောင်းအောင် ရေများများ သောက်ပါ။ (၂) မနက်စာ ကို ရှင်ဘုရင် လို စားပါ။ နေ့လယ်စာ ကို သူဌေး လို စားပြီး ညနေစာ ကို သူတောင်းစား လို စားပါ။ (၃) သဘာဝ အစား အစာများကို များများ စားပါ။ ထုတ်လုပ်စာများကို လျော့စားပါ။ (၄) အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် တွေးတော ဆင်ခြင်ပါ။ (၄) တရားထိုင်ပါ။ (၅) အားကစားလုပ်ပါ။

ကမ္ဘာ့ တွေးခေါ်ပညာရှင်များရဲ့ ဒသန တိုလေးများ




I would prefer even to fail with honor than to win by cheating.
Sophocles (496 BC-406 BC)

ကလိမ်ကကျင့်လုပ်ပြီး အနိုင်ယူရတာထက် သိက္ခာရှိရှိ အရှုံးပေးရတာကို ပိုကြိုက်တယ်။
(ဆိုဖကော်လ်စ်)

 




To know what you prefer,

ပျင်းရိခြင်းကို ၀ိင်္ရီယ နဲ့ပယ်သတ်ပါ




It is better is sit down than to stand;it is better to lie down than to sit, but death is the best of all.
                                                                   Indian Proverd
မတ်တပ်ရပ်နေသည်ထက်ထိုင်နေရသည်က ပိုကောင်းသေးသည်။
ထိုင်နေရသည်ထက် လဲလျောင်းနေရသည်က ပိုကောင်း၏
သေရသည်ကား အကောင်းဆုံးပေတည်း
                                                                  အိန္ဒိယစကားပုံ

ထက်မြတ်ထုးချွန်သော ပုဂ္ဂိုလ်ကျော်တို့သည်

ဖြစ်ရပ်များနှင့် သူ၏အမှန်တရား

ဖြစ်ရပ် (၁)

မစိုးရိမ်ကျောင်းဒကာကြီးကို သူ့မိတ်ဆွေတွေက ပြောကြတယ် "ခင်ဗျားကသာ ငွေတွေအများကြီး ကုန်ကျခံပြီး ကျောင်းကြီးတွေ ဆောက်လှူထားတာ၊ ခင်ဗျားကိုယ်တော်တွေက စာမကျက်ပဲ ခြင်းခတ်ပြီး အချိန်ဖြုန်းနေတာပဲ" တဲ့။ ဒါနဲ့ ကျောင်းဒကာကြီးက ဟေ.. ဟုတ်လား၊ ဒါဆို ငါလည်း လိုက်ကြည့်မယ်ဆိုပြီး သူ့မိတ်ဆွေတွေနဲ့ ကျောင်းကိုလိုက်သွားတယ်။ ကျောင်းရောက်လို့ သူ့မိတ်ဆွေတွေလိုက်ပြတဲ့နေရာ သွားကြည့်တော့ ဦးဇင်းတွေ ခြင်းခတ်နေတာ တွေ့ရတယ်။ သူ့မိတ်ဆွေတွေကလည်း လက်တွေ့မြင်ပြီမလားဆိုတဲ့ မျက်နှာထားနဲ့ပေါ့။ ဒါနဲ့ ကျောင်းဒကာကြီးက သူ့မိတ်ဆွေတွေကို ကျောင်းပေါ်ခေါ်သွားတယ်။ ကျောင်းပေါ်ရောက်တော့ သံဃာတွေ ရာနှင့်ချီပြီး စာဝါလိုက်နေကြတာ တွေ့ရတယ်။ ဒီတော့ ကျောင်းဒကာကြီးက မေးလိုက်တယ်...

" ခင်ဗျားတို့ စောစောကမြင်ခဲ့တဲ့ ခြင်းခတ်နေတဲ့ ကိုယ်တော် ဘယ်နှစ်ပါးလောက်ရှိလဲ "


" ဆယ်ပါးလောက်တော့ ရှိမှာပေါ့ "


" ဟုတ်ပြီ

အဆိုအမိန့်များ

စွန်ဆိုတာ လေနဲ့အတူလိုက်သွားတာ မဟုတ်ဖူး။ လေကိုဆန်တက်တာဖြစ်တယ်။


(၀န်စတန်ချာချီ)
===========================
တိတ်တိတ်နေ ထောင်တန်။

(ပိုက်သာဂိုလ်ရပ်)
===========================
မိမိဖိနပ် ညစ်ပတ်နေသည်ကို မကြည့်ဘဲ သူတစ်ပါးအိမ်ခေါင်မိုးပေါ်က ဆီးနှင်းဖတ်ကိုအပြစ်မတင်ပါနှင့်။

(ကွန်ဖြူးရှပ်)
============================
ရာဇ၀င်ကိုဖတ်တာဟာ ရာဇ၀င်အတိုင်းမျှောလိုက်သွားဖို့ မဟုတ်ဖူး။ ရာဇ၀င်ကိုဖန်တီးဖို့သာဖြစ်တယ်။

(ဗိုလ်ချုပ်အောင်ဆန်း)
=============================

စိတ်ခွန်အားပေးသည့်စကားပုံများ



IF you can't accept losing, you can't win.
ရှံးနိမ့်မူကို လက်မခံနိင်လျင် အောင်နိင်မူမရနိင်။

success is a journey , not a destination.
အောင်မြင်မူသည် ခရီးစဉ်ဖြစ်သည်. ခရီးဆုံးမဟုတ်။

Arriving at a goal is the stranger point of another.
ရောက်ရှိသည့် ပန်းတိုင်သည် နောက်ပန်းတိုင်တစ်ခုရဲ့ တာတွက်ဖြစ်တယ်

Cheats never prosper .
လူလိမ်တို့သည် ဘယ်တော့မှ မချမ်းသာ ။

သိမှတ်ဖို့ရာ



1. ယောက်ျား တစ်ယောက်အတွက် သင့်ရဲ့ မျက်ရည်ကျတယ်ဆိုတာ မထိုက်တန်ပါဘူး...သင်နဲ့ ထိုက်တန်တဲ့ ယောက်ျားလေးဟာလဲ သင့်ကို မျက်ရည်ကျအောင် မလုပ်ပါဘူး။

2. မိန်းကလေးတွေဟာ တယ်လီဖုန်းနဲ့ တူပါတယ်။ သင်က သူ့ကို ထိလို့ရတယ် စကားပြောလို့ရတယ်။ ဒါပေမဲ့

မှတ်သားဖွယ် အဆိုအမိန့်များ

တကယ်ကို ကျွန်တော် အတွက် ကျွန်တော် တို့အတွက် မှတ်သားသက့်တဲ့ ခွန်အား ရှိစေမဲ့ ပညာရှိတို့ရဲ့

အဆိုအမိန့်များ ဖြစ်ပါတယ်...


The only job starts at the top is digging the hole.
ထိပ်ဆုံးကစတယ်ဆိုတဲ့ တစ်ခုတည်းသောအလုပ်ကတော့ တွင်းတူးတဲ့ အလုပ်ပဲ။

. When you have made a choice and don't make it, that is in itself a choice.
-William James
မင်းမှာ ရွေးချယ်ခွင့်ရခဲ့ချိန်မှာ ရွေးချယ်မှုကိုမလုပ်ခဲ့ဘူးဆိုရင် အဲဒါဟာ မင်းရဲ့ရွေးချယ်မှုပါပဲ။

Always hold on to something: on the stairs, a railing; in trouble, a prayer.
-Bern Williams
အမြဲတမ်းတစ်ခုခုကိုကိုင်ထားပါ။ လှေခါးပေါ်ရောက်ရင် လက်ရန်းကို။ ဒုက္ခရောက်ရင် ဓမ္မကို။

Nick Vujicic ၏ စိတ်ခွန်အားပေးသည့် စကားစုများ



             ကျွန်တော့်ဟာ ခြေထောက် မပါဘူး လက် မပါဘူး..ဒါပေမဲ့ ခင်ဗျားတို့ စိတ်မပူပါနဲ့ ..

ထို့စကားကို.စိတ်ဓာတ်မြှင့်တင်ရေးစကားပြောကျွမ်းကျင်သူတစ်ဦးဖြစ်သူNick Vujicic ကပြောခဲ့ခြင်း
ဖြစ်ပါတယ်..သူ၏စကားကိုကြည့်ခြင်းဖြင့်မသန်ပေမဲ့စွမ်းတဲ့သူ့စိတ်ဓာတ်ကိုအားကျဖွယ် မြင်တွေ့ရပါတယ်..

သူ့သည်အသက် ၁၇ နှစ်မှာ Life Without Limbs ဆိုတဲ့ အသင်းကို တည်ထောင်ပြီး မိန့်ခွန်းပြောဆိုခြင်းနဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူတွေကို ထောက်ပံ့ကူညီရင်း ဇနီးဖြစ်သူ Patricia Maier နဲ့အတူ ဘ၀၇ဲ့ အဓိပ္ပာယ်ကို ရှာဖွေလျက်ရှိသူဖြစ်ပါတယ်။

အခုဖော်ပြမှာက လူငယ်တွေ၊ ကျောင်းသားတွေ အတွက် သူပြောခဲ့တဲ့ မိန့်ခွန်း (သို့) စိတ်ဓာတ်မြှင့်တင်ရေး
စကားများစွာ ထဲက အခြေခံ အချက်တချို့ပဲဖြစ်ပါတယ်....